Saturday, January 30, 2010

ရန်ကုန်နွေ

မီးပျက်အမှောင်မှာ
ဇီးကွက်တကောင်...
သြော်... ဒါလာဘ်ကောင်တဲ့။

ကပ်ထားတဲ့စာရွက်ပေါ်ကလို
နေအထွက်မှာ ရွှေခွက်နဲ့ ...ငွေအပြည့်မခပ်နိုင်ရင်နေပါ
နွေရက်မှာ ရေခွက်နဲ့ ...ရေအပြည့်ခပ်နိုင်ရင်တော်ပြီ။
ကောင်းကင်ကို

9 comments:

  1. လက်တွေ့
    ကြုံတွေ့နေရတဲ့
    ဘ၀တွေ....
    မရေရာ မသေချာတဲ့
    လောကကြီးမှာလေ...။

    ReplyDelete
  2. ဇီးကွက်တကောင်..က လာဘ်ကောင်တဲ့လား ထိုင်းမှာတော့ ငှက်ဆိုးနော်

    ReplyDelete
  3. ကျွန်မ နှစ်သက်ခဲ့ တဲ့ ကဗျာတပုဒ်ရဲ့ စာသားပါ

    လယ်စောင့် တဲ လေးခြေတံရှည်မိုးကုပ်အောက်မှာနေ
    ကြာနီတပွင့် ဇြူတပွင့် တဲနှင့် ပနံသင့် 
    နှစ်ပေါင်းမြောက်များစွာကြာခဲ့ ပါပီ
    လက်ရှိလယ်စောင့် တဲ လေးမှာနေနေရတဲ့ 
    ဘ၀တွေ ဘ၀တွေ ဘ၀တွေ
    မုန်တိုင်းလွန်နောက်ပိုင်းမှာလယ်စောင့် တဲ မှာနေရတဲ့ သူတွေအတွက်ကျွန်မ နှစ်သက်တဲ့ စာသားတွေကို မဆိုပြရက်ဘူး
    မီးပျက်လို့  ပလက်ဖောင်းတွေ မှာထွက်ထိုင်ကြနေတဲ့ သူတွေ မီးစက်သံဆူညံတဲ့  ည ရက်ရှည်တွေ

    ReplyDelete
  4. ရန်ကုန်တွေ ရန်ကုန်တွေ ခင်ဗျားလက်ထဲမှာမှ လှလှပပ ကဗျာလေးတွေ ဖြစ်သွားပေါ့။

    ReplyDelete
  5. အစ်ကိုရေ ဖွဲ့တတ်လိုက်တာ ...
    တိုတိုနဲ့ ထိတယ်...

    ReplyDelete
  6. ညထွက်တဲ့ လာဘ်ကောင်
    ပတ်တရောင်နဲ့ တွေ့ရင်
    ပေါ်တာဆွဲခံရမယ်ဟေ့..။
    ရွှေရှာတာမဟုတ်ဘူး
    ငွေရှာတာမဟုတ်ဘူး
    ရေရှာတာပါ ကိုကိုရယ်
    H2O ဆိုတာဒါလား
    တစ်မနက် အသက် ပိုရှည်သွားပြီ။

    ReplyDelete
  7. ရန်ကုန်နွေ

    ဇီးကွက်တကောင်...
    သြော်... ဒါလာဘ်ကောင်တဲ့။

    ကပ်ထားတဲ့စာရွက်ပေါ်ကလို
    နေအထွက်မှာ ရွှေခွက်နဲ့ ...ငွေအပြည့်ခပ်နေတယ်

    နွေရက်မှာ ရေခွက်နဲ ရေအပြည့်ခပ်နေတယ်ဇီးကွက်တကောင်...

    သြော်... ဒါလာဘ်ကောင်တဲ့။

    ဟုတ်ပါ့မလားကောင်းကင်ရယ်..
    သူခပ်တဲ့ငွေသူပြည့်နေတယ်

    သူခပ်တဲ့ရေသူပြည့်နေတယ်

    ReplyDelete
  8. win latt said...

    ညထွက်တဲ့ လာဘ်ကောင်
    ပတ်တရောင်နဲ့ တွေ့ရင်
    ပေါ်တာဆွဲခံရမယ်ဟေ့..။
    ရွှေရှာတာမဟုတ်ဘူး
    ငွေရှာတာမဟုတ်ဘူး
    ရေရှာတာပါ ကိုကိုရယ်
    H2O ဆိုတာဒါလား
    တစ်မနက် အသက် ပိုရှည်သွားပြီ။
    ခင်ဗျားတို့ ကဗျာသမားတွေကတော့ ကဗျာတွေနဲ့ တုံ ပြန်ကြတာပေါ့လေ ထပ်ဖြေ့ချင်တာကတော့
    ညထွက်တဲ့ လာဘ်ကောင်
    ပတ်တရောင်နဲ့ တွေ့ရင်
    ခလေးစစ်သားဖြစ်သွားမယ်ဟေ့လို့ 
    ကဗျာလေးနဲ့  ဆီလျှော်အောင် ရေးပေးပါလားဗျာ

    ReplyDelete
  9. ကဗျာတွေ တော်တော်ထိပါတယ်။

    ကြိုက်ပါတယ်။

    ReplyDelete