Friday, January 15, 2010

မှော်စက္ကူ

လူမျိုးတိုင်း ကိုးကွယ်နေကြတဲ့ ဘုံဘုရား
သူရဲကောင်းမျက်နှာနဲ့  အစေခံ
ဘုရားပွဲကအစ စစ်မြေပြင်အဆုံး နေရာအနှံ့ မှာ ရှိတဲ့ သားကောင်
နှုတ်ခမ်းတွေကို စောင်းလိုသာယာသွားစေနိုင်တဲ့ မျက်လှည့်ဆရာ
ချစ်သူ့ မျက်နှာကို လင်းစေနိုင်တဲ့မီးခလုတ်
လူတွေကို သူ့ အိတ်ထဲထည့်ထည့်သွားတတ်တဲ့ကောင်။
ကောင်းကင်ကို

9 comments:

  1. အကြီးဆုံး မှော်စက္ကူ တစ်ရွက်လောက်ချေးပါ။
    ကောက်ရရင် ဆက်ဆက်ပြန်ဆပ်ပါ့မယ်။

    ရှိမှပေးနိုင်မှာပေါ့။ မရှိတာဘယ်လိုပေးမလဲ
    အံမယ် လူဝါးဝလို့ ယူတုန်းက ဒီမျက်နှာလား ကောင်မ။

    ....ဆံကျတော့ ကောင်းကောင်းမရှာဘူး...
    အဲ့လိုမရှာနိုင်ရင် ဘာလို့ကျုပ်ကိုယူထားလဲ?



    Money ကို ကျုပ်တို့ ခင်တွယ်မိသောအခါ
    Monkey မှာ ကျုပ်န်ုပ်တို့ဖြစ်သွားကြလေတော့သည်။

    ReplyDelete
  2. စီးပွားကျနေပါတယ်ဆိုမှ ဘယ်မှာရှာရမယ်တုန်း
    ကန

    ReplyDelete
  3. တင်စားထားပုံလေး လှတယ်။ ဟုတ်တယ် မှော်စက္ကူ ခုမြင် ခုပျောက် .....

    ReplyDelete
  4. အဲဒီစက္ကူတွေကြောင့်ပေါ့
    လူသားတွေအားလုံး ဒုက္ခရောက်နေကြရတာ...
    မရှိမကောင်း ရှိမကောင်း
    မှော်စက္ကူရွက်တွေအကြောင်း

    ReplyDelete
  5. ကောင်းကင်ကိုရေ။
    တကယ်ဆိုရင် အဲလိုပဲ အမည်ပေးသင့်တယ်နော်။

    မှော်စက္ကူတွေ အကြောင်း
    ကျွန်မအမြဲစဉ်းစားတယ်။

    ဒါပေမယ့် ကျွန်မက မှော်စက္ကူအကြောင်းအမြဲစဉ်းစားတဲ့ စုန်းမကြီးပါ။

    ဒီစုန်းမကြီးက မှော်စက္ကူတစ်ရွက်မှ စီရင်ဖန်တီးနိုင်စွမ်းမရှိတဲ့ စုန်းမကြီး ပေါ့။

    ဥုံ မှော်စက္ကူတွေ
    ထွက်ပြီး ချက်ချင်းပြန်ဝင်စေ။

    ဥုံ မှော်စက္ကူများ
    ရှိနေတာတွေ
    ထပ်ပွါးစေ။

    ဥုံ မှော်စက္ကူများ
    တစ်ဆုပ်ကြဲ လို့ တစ်လှည်းပွါး။

    မှော်စက္ကူ က ထူးစွမ်း
    စုန်းမကြီး က ရူးနှမ်း။

    ReplyDelete
  6. အဲမှော်စက္ကူလေးတွေအတွက်နဲ့
    ပြေးထွက်ခဲ့ရ
    အဝေး အဝေး
    ချစ်သူခင်သူတွေ ရဲ့ အဝေးကို...
    ကျင်လည်အိုမင်းချင်တဲ့ မြေရဲ့ အဝေးကို...

    ReplyDelete
  7. မှော်စက္ကူလား......

    တော်တော်စွမ်းတယ်..လူတွေသူ့ကြောင့်..

    သေကြေပျက်စီး...သွေးချောင်းစီးလို့နေတော့တယ်..

    မှော်စက္ကူလား...သူ့အစွမ်းကြောင့်...

    လိုအပ်တာတွေပြည့်စုံတယ်...

    မှော်စက္ကူလား...လူတို့နေရာ...

    လူတို့ရွာမှာ...သူကိုလိုချင်တပ်မက်နေလို့....

    လှုပ်ရှားးရုန်းကန်..ရှာဖွေစုစောင်း

    ပင်ပမ်းနေတာ..သေချာကြည့်ပေါ့..

    မှော်စက္ကူအစွမ်းထက်လှတယ်....

    ကောင်းကင်..

    မှားရင်..ဖျက်လိုက်နော်..

    မှန်အောင်ပြင်ပေးပါ..မ.မ

    ReplyDelete
  8. မှော်စက္ကူလား......

    တော်တော်စွမ်းတယ်..လူတွေသူ့ကြောင့်..

    သေကြေပျက်စီး...သွေးချောင်းစီးလို့နေတော့တယ်..

    မှော်စက္ကူလား...သူ့အစွမ်းကြောင့်...

    လိုအပ်တာတွေပြည့်စုံတယ်...

    မှော်စက္ကူလား...လူတို့နေရာ...

    လူတို့ရွာမှာ...သူကိုလိုချင်တပ်မက်နေလို့....

    လှုပ်ရှားးရုန်းကန်..ရှာဖွေစုစောင်း

    ပင်ပမ်းနေတာ..သေချာကြည့်ပေါ့..

    မှော်စက္ကူအစွမ်းထက်လှတယ်....

    ကောင်းကင်..

    မှားရင်..ဖျက်လိုက်နော်..

    မှန်အောင်ပြင်ပေးပါ..မ.မ

    ReplyDelete
  9. ကောင်းသောနှစ်သစ်ဖြစ်ပါစေ ကိုကောင်းကင်ကို ..မင်္ဂလာပါ

    ReplyDelete