Monday, January 4, 2010

လူညီမျှခြင်းလူ

မြန်မာအလုပ်ရှင်က
မြန်မာစားပွဲထိုးလေးတွေကို ဆူနေချိန်မှာ
ဂျပန် အဖိုးအိုက
မြန်မာ ကလေးငယ်တွေအတွက် လှူနေတယ်။

ခွဲခြားဖို့ ခက်သူ အချင်းချင်း
'ပြည်တွင်းစစ်’ ခင်းနေချိန်မှာ
ဂျာမန် ဆရာဝန်က
အာဖရိကန် လူနာတွေကို ကူနေတယ်။

သြော်
မေတ္တာသာကူ
လူမျိုးတူဖို့ မလိုဘူး
ငါတို့ အားလုံး မိသားစုပဲ။

မိဘတယောက်က ကိုယ့်ရင်သွေးအရင်းကို စွန့် ပစ်လိုက်ချိန်မှာ
ဂျိုလီက နိုင်ငံစုံက ကလေးငယ်တွေကိုမွေးစားတယ်။
ဒုက္ခရောက်နေတဲ့ ကလေးငယ်တယောက်ကို
ဘုန်းကြီးကျောင်း တကျောင်းက ကျွေးထားတယ်။

သြော်
ကရုဏာဆိုတာ…မှော်၊
အမျိုးတော်ဖို့ မလိုဘူး
ငါတို့ အားလုံး မိသားစုပဲ။

မျိုးချစ်စိတ် အရေခြုံပြီး နာဇီစကားတွေ လာမပြောနဲ့ ။
လူမျိုးကွဲတွေကြားမှာ ဘာကြောင့် အချစ်ကားတွေနည်းပြီး စစ်ကားတွေများနေရတာလဲ။
သမိုင်းသင်ခန်းစာ တချို့က ရတနာတွေထက် အမှိုက်တွေကို ရွေးပြီးစုတယ်။
လူတွေမှာ ဘာအကြောင်းကြောင့် မျက်လုံးတဘက်တည်း ရှိနေရတာလဲ။

တစုကို တစုက လွှမ်းမိုးချင်ရင် ကမ္ဘာမှာ အနာတွေချည်းပဲ ကျန်လိမ့်မယ်။
မုန်းတီးလာကြတဲ့အခါ ဟမ္မူရာဘီက ဘုရားတွေထက်တောင် ပိုသြဇာညောင်းမယ်။
လူသားထုကြီးဟာ လက်နက်တပ်ဆင်ခြင်းအားဖြင့် ကိုယ့်အင်အား ကိုယ်လျှော့နေကြတယ်။
စစ်ပွဲတွေဆိုတာ အမုန်းလက်နက်နဲ့ တယောက်ယောက်ရဲ့  စိတ်ထဲမှာပဲ စတင်တယ်။

ခွဲခြားချင်သူ လူတွေ အတွက်တော့ သွေးအမျိုးပေါင်း ထောင်ချီရှိမယ်။
သွေးလိုနေသူ လူနာအတွက်တော့ သွေးအမျိုးအစား လေးမျိုးတည်းရှိတယ်။
သြော်
မိခင်တွေကိုကြည့်
အချစ်မှာ မျက်စိရှိတယ်။
အမုန်းဆိုတာကတော့
ကြောင်တောင်ကန်းမျက်လုံး
ပူပြီးတော့ မြူတွေဖုံးနေတယ်။
ကောင်းကင်ကို

20 comments:

  1. မြန်မာဆရာဝန်တွေ အပြင်ထွက်နေချိန်မှာ ဂျပန်ဆရာဝန်လေးတွေ နယ်စည်းမခြားအတွက်ပြင်ဆင်နေကြတယ်
    မြန်မာပြည်မှာဆရာဝန်ပေါများစေခြင်လို့  ပံပိုးပေးနေတဲ့ သူတွေကို ကျောင်းပီးရင်အပြင်ကို ခေါ်ထုတ်ဖို့  တောင်းဆိုတဲ့ သူတွေ များတယ်

    ဆရာကောင်း

    ကျေးဇူးတင်ပါသည်
    လေးစားလျှက်ပါ

    ReplyDelete
  2. ကောင်းလိုက်တာဗျာ။

    ReplyDelete
  3. ကဗျာတွေ ကောင်းလွန်းလို့ ကောင်းတယ်ပြောရမှာတောင် အားနာတယ်။ အကိုရေ

    ReplyDelete
  4. ကဗျာလေးကတကယ်ကောင်းတယ်ဗျာ။ မရှိတာထက် မသိတာခက်တယ် ဆိုသလိုပဲ။ တန်ဖိုးရှိတဲ့ ကဗျာလေးတစ်ပုဒ်ပါပဲ။

    ReplyDelete
  5. ကဗျာလေးက တကယ့်ကို ကောင်းတယ်ဗျာ။ လူတွေကိုက ခက်တာပါဗျာ။ မရှိတာထက် မသိတာခက်တယ် ဆိုတဲ့ စကားလေးလိုပါပဲ။ တကယ်တန်ဖိုးရှိတဲ့ ကဗျာလေးပါ။ လေးစားတယ်ဗျာ။ အတွေးအခေါ်ကိုရော အရေးအသားကိုရော။

    ReplyDelete
  6. ရင်ကို ထိတဲ့ ကဗျာ တပုဒ်ပါ။

    ReplyDelete
  7. ပြောချင်တာကတော့ အများကြီးပဲ အကို...
    ပြောင်းပြန်တွေက အတည့်တွေဖြစ်နေတယ်...
    အတည့်မဟုတ်တာတွေကိုလဲ ထည့်ထည့်ပြောနေတာခက်တယ်...။
    ဝါဝါမြင်တိုင်း ရွှေမထင်နဲ့
    ရွှေ....ရွှေညံ့ ဆိုတာရှိတယ်နော်...အကို...။
    ရွှေညံ့ တွေရှိတယ်....။

    ReplyDelete
  8. ကြိုက်တယ်ဗျို့.... ဒီကဗျာကို နှုတ်ငုံဆောင်ချင်တယ်..တကယ်ပါ
    လေးစားစွာဖြင့်
    ကျော်နိုင်

    ReplyDelete
  9. ကြိုက်တယ်ဗျို့..ဒီကဗျာကို နှုတ်ငုံတောင် ဆောင်ချင်တယ်..တကယ်ပါ..

    လေးစားစွာဖြင့်
    ကျော်နိုင်

    ReplyDelete
  10. Code of Hammurabi
    ဟာမူရာဘီ သူ ဆိုသည်
    “မျက်စိကိုမျက်စိချင်း၊ သွားကိုသွားချင်း
    ရန်ဘက်ခွင်းမည်”

    Statement of Mohandas Karamchand Gandhi
    မဟတ္တမ ဂန္ဒီ သူ ဆိုသည်
    “မျက်စိကို မျက်စိချင်း၊ ဟင်း ခက်ရချည့်သေး ဒါဆို လူသားတို့များ မျက်စိဆုံး
    မျက်ကန်းအာလုံးဖြစ်မပေါ့ ကွယ်”

    Message of Kaung Kin Ko
    ကောင်းကင်ကို သူ ဆို တယ်
    “ခွဲခြားချင်သူ လူတွေ အတွက်တော့ သွေးအမျိုးပေါင်း ထောင်ချီရှိမယ်။
    သွေးလိုနေသူ လူနာအတွက်တော့ သွေးအမျိုးအစား လေးမျိုးတည်းရှိတယ်။ ”

    ဟာမူရာဘီ ခေတ် လူမဖြစ်ရတဲ့ ကျွန်မ ရဲ့ မျက်လုံးတွေ ကောင်းကင်ကိုရဲ့ ကဗျာ စာလုံးတွေကြောင့် မျက်ရည်ဖုံးတယ်။
    “သြော်
    မေတ္တာသာကူ
    လူမျိုးတူဖို့ မလိုဘူး
    ငါတို့ အားလုံး မိသားစုပဲ။”

    ဂန္ဒီ ရဲ့ ကျေးဇူးနဲ့ မျက်စိတွေကိုဆက်လက် ပိုင်ဆိုင်ခဲ့ကြလို့ ကောင်းကင်ကိုကဗျာကပေးတဲ့ သတင်းကို ဖတ်လိုက်ရတယ်။
    “သြော်
    ကရုဏာဆိုတာ…မှော်၊
    အမျိုးတော်ဖို့ မလိုဘူး
    ငါတို့ အားလုံး မိသားစုပဲ။”

    ReplyDelete
  11. ကဗျာလာဖတ်သွားပါတယ်။ အစ်ကို့ဆီကို လာလို့ရလိုက် မရလိုက်နဲ့ဗျ။

    ReplyDelete
  12. ကိုကောင်းကင်လို ကဗျာရေးတတ်ချင်တယ်
    အရေးအသားကော အတွေးကော
    ဘာမှကို ပြောစရာမလိုဘူး

    ReplyDelete
  13. မင်းးးးးးးးးးးတော်လိုက်တာ

    မင်းးးးးးးးးးကောင်းလိုက်တာ

    မင်းးးးးးးးးးးးရေးထားတာ

    မင်းးးးးးးးးးးးရေးတတ်တယ်

    မင်းးးးးးးးးးးးးးးးးး?????????

    ReplyDelete
  14. ကောင်းလှချည်လား ဆရာရယ် :)

    ReplyDelete
  15. တကယ်ကို ရင်ထဲအသဲထဲ ထိတဲ့ကဗျာပဲပါပဲ။ ကျွန်တော်ရဲ မျက်လုံးထဲမှာကို တဖြည်းဖြည်းနဲ ပြန်ပြီး မြင်ယောင်လာစေတယ်။ မြင်ယောင်စေတယ်။

    ReplyDelete
  16. အရမ်းကောင်းတဲ့ကဗျာပဲဗျာ...........

    ReplyDelete
  17. Human= Human

    while myanmar boss is scolding
    to the burmese employers
    japanese oldie is donating
    to the burmese youngsters

    during genocidal civil war
    between similar races
    German doctor is helping
    african patiences

    Aww
    with passionate love
    we don't need to be the same race officially
    we all are family

    while parents threw out their own offspring
    Jolie is adopting children of different nations
    Monastery is feeding refugees with full of passion

    Aww
    passion is magic
    no need to be relatives
    we all are family

    Don't talk me nazism
    pretending to be nationalism
    instead of drama, why war movies are plenty
    among the different ethnics
    historical lessons are collecting rubbish
    rather than jewels
    with which reason, human beings have only eye

    If one group desires to influence others
    the whole world will have scars
    If hatreds filled to all,
    Hammurabi will influence rather than gods

    humanity is reducing their own power
    by installing weapons of war
    that start with hatred in the mind of one and another

    there can be thousand kinds of blood for racism
    there only be four kinds of blood for the needing patients
    Aww
    Loot at the mothers
    there are eyes on love
    But
    being hot, with mist covered
    blind eye is hatred.

    ReplyDelete
  18. ပထမဆုံး အပိုဒ်ကို နည်းနည်း ပြန်ပြင်ချင်လို့

    while myanmar boss is scolding
    to the burmese child-labors
    japanese oldie is donating
    to the burmese youngsters

    ကဗျာကောင်းလေး တပုဒ်ကို စာဖတ်သူတွေဆီ မျှဝေလို့ ကျေးဇူးပါ ကိုကောင်းကင်ရေ

    ReplyDelete
  19. ကိုကောင်းကင်ကဗျာကလည်း ကောင်း။ version ပြောင်းပေးတဲ့ ပုဂ္ဂိုလ်တွေကလည်း ကောင်း။ မူရင်းကောင်းတော့ မိတ္တူတွေလည်း ဂွတ်တာပေါ့ဗျာ။

    ReplyDelete
  20. မျက်လုံတစ်လုံးကန်းရင် တစ်လုံးပေးရမဲ ၀ါဒကဘုရားတွေထက်သြဇာကောင်းမယ်ဆိုတော့ အကိုအရမ်းကောင်းတဲ့ကဗျာပေါ့

    ReplyDelete