Monday, November 23, 2009

တခါတခါ ကောင်းရင်မကြိုက်တဲ့ လောက

တယောက်တည်း ငိုနေပြီဆိုရင်
အများက နားလည်ပေးလိမ့်မယ်။
တယောက်တည်း ပြုံးနေပြီဆိုရင်တော့
ထူးဆန်းနေသလိုမျိုး ကြည့်ကြတော့မယ်။

သြော်...
လူများစွာကို တပြိုင်တည်းမုန်းသူတွေတောင်
လက်ခုပ်သံတချို့  ရကြသေးတယ်။
လူနှစ်ယောက်ကို တပြိုင်တည်းအချစ်
အဲဒီ့မှာ အပြစ် ဖြစ်တော့တာပဲ။
ကောင်းကင်ကို

17 comments:

  1. လူနှစ်ယောက်ကို တစ်ပြိုင်တည်းချစ်တာတော့
    နည်းနည်း လွန်သလားလို့...။
    ခဏဖြစ်ဖြစ် အချိန်နောက်ကျလို့မရဘူးလားဗျ...
    မှတ်တိုင်တစ်ခုတည်းမှာ ကားနှစ်စီးတစ်ပြိုင်တည်း ရပ်လို့မရဘူးလေ...
    အချိန်နည်းနည်းတော့နောက်ကျပြီး ရှေ့စဥ့်နောက်စဥ့်တော့ လုပ်ပါ ကိုယ့်ဆရာရယ်...။

    ReplyDelete
  2. သနားတတ်တာကလူတိုင်းကိုလေ
    သူတို့ကချစ်တယ်ထင်နေတာက
    သနားဘို့ဇြစ်လာတာနေမှာ
    လာတိုက်ဆိုင်နေတယ်သနားတတ်တာကို
    ချစ်တယ်ထင်နေတာ
    နေမှာပါ

    ReplyDelete
  3. အားပေးတယ် လုပ်သာလုပ်..

    ReplyDelete
  4. အင်း...ငါ့အစ်ကိုကြီးတော့ တခုခုတော့ တခုခုပဲနော်...
    သိနေတယ်..း)

    ReplyDelete
  5. တယောက်တည်း ငိုနေပြီဆိုရင်
    အများစုက နားလည်ပေးကြလိမ့်မယ်။
    တယောက်တည်း ပြုံးနေပြီဆိုရင်တော့
    ထူးဆန်းနေသလိုမျိုး ကြည့်ကြလိမ့်မယ်။

    ဟုတ်တယ်နော်

    ReplyDelete
  6. အတွေးအခေါ်က ဆန်းသစ်တယ်
    နှစ်ယောက်ကို တပြိုင်နက်ထဲ ချစ်မိတာ အပြစ်ဖြစ်ရင်

    လေးငါးယောက်ကို တခါထဲ တွဲလိုက်
    ပြီးတော့ အချစ်သည် အသစ်အသစ်ဖြစ်ပေါ်တတ်သည်
    ဆိုတဲ့  ကဗျာအသစ်ကလေး ထပ်တင်ပေးလိုက်ပေါ့။

    (နောက်သွားတာပါ )

    ReplyDelete
  7. သူများတွေတော့ မသိ
    ကိုကောင်းကင်ရဲ့  ကောင်မလေးကတော့
    ဒီကဗျာဖတ်ပြီး စိတ်ကောက်မှာ အမှန်ပဲ

    ReplyDelete
  8. Good poem! But, be careful. :-P

    ReplyDelete
  9. ပုစ္ဆာ က ခက်ခဲ၊
    အတွေး က နက်နဲ၊
    အဖြေသိရင်တော့ “ချက်” က နဲ။
    ကောင်းကင်ကိုရယ် (တခါတခါ ကောင်းရင်မကြိုက်တဲ့ လောက…မှာ)၊
    နှစ်ယောက် တပြိုင်တည်း၊
    ချစ်နိုင်ရဲတယ်
    တော်တော် အဖြစ်သည်း။ ။

    ReplyDelete
  10. ပုစ္ဆာ က ခက်ခဲ၊
    အတွေး က နက်နဲ၊
    အဖြေသိရင်တော့ “ချက်” က နဲ။
    ကောင်းကင်ကိုရယ် (တခါတခါ ကောင်းရင်မကြိုက်တဲ့ လောက…မှာ)
    နှစ်ယောက် တပြိုင်တည်း
    ချစ်နိုင်ရဲတယ်
    တော်တော် အဖြစ်သည်း။ ။

    ReplyDelete
  11. အင်း ဒီတခါတော့ အမ ကန့် ကွက်တယ် ကဗျာ ထဲ မှာ
    ခံစားချက် ပါတယ် ဆိုရင်ပေါ့ ။ တစ်ထောင့်ငါးရာက တစ်
    ပြိုင်ထဲ ချစ်ရခက်မယ်ထင်တယ် ။ အားသာချက် နှစ်ခု မတူ တဲ့အခါ နှစ်ခု လုံးကို မက်မောနေတယ် စွန့် ရခဲ နေ
    တယ်ဆိုရင် တစ်ဦးကတော့ အချစ်စစ်မဟုတ်ဘူးဆိုတာ
    သေခခာမှာပါ ။ ရင်ခုန် တိုင်းလည်း အချစ် မဟုတ်ဘူးမောင်လေးရေ -- သတိထား အနုပညာသမား ကဗျာသမားစာပေသမား နှလုံးသားနူးညံ့တယ် သာယာမှု နဲ့  အချစ်နဲ့ မရောထွေးနဲ့  တစ်ပြိုင်နက် ချစ်တာ မှားတယ်ကွဲ့  ဟုတ်ပြီလားမောင်လေး

    ReplyDelete
  12. ကဗျာကတော့ တော်တော်ထိမိတယ်...

    ကောင်းကင်ကိုက အပြစ်လုပ်မိနေလို့လား...

းဝ)

    ReplyDelete
  13. အတွေးကို သဘောကျတယ်။

    ReplyDelete
  14. ဆရာသမား....အချစ်တွေသိပ်ပေါနေတယ် ထင်ပါ့...တော်ပြီလား နှစ်ယောက်ဆိုရင်..

    ReplyDelete
  15. လာဖတ်သွားပါတယ်ဗျာ..။

    ReplyDelete
  16. တော်တော်နောက်တတ်တယ်နော်

    ReplyDelete