Wednesday, November 18, 2009

ကိုယ့်မင်း ကိုယ့်ချင်း ဆိုပေမယ့်

သနားဖို့ ကောင်းတဲ့ ပုံပြင်တွေထဲမှာ
အမှန်နဲ့ မုသား
အချိုးဘယ်လောက်နဲ့ ပဲ ရောထားရောထား
ရက်စက်ခြင်းကတော့ ထင်ရှားခဲ့တယ်။

ပန်းပဲမောင်တင့်တယ်၊တောင်မကြီး ရှင်ညို၊ မြောက်မင်း ရှင်ဖြူ၊ ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းငယ်၊ မန္တလေးဘိုးတော်၊ ရှင်ကွ
ဘုရင်တွေ မတရားသတ်လို့ 
သေပြီးဖြစ်သွားကြတယ်ဆိုတဲ့ နတ်တွေ
ခေတ်ဆိုးတို့ ရဲ့ သက်သေတွေအဖြစ်
နတ်ကွန်းထဲမှာ နေနေကြတယ်။

8 comments:

  1. ရှင်ကွဆိုတာဘာလည်းဟင် မသိလို့မေးတာ မန္တလေးကဆိုပေမဲ့ကျန်တာအကုန်သိတယ် အဲဒီရှင်ကွတော့သိဘူး.....

    ReplyDelete
  2. လုပ်လိုက်ပြန်ပြီကွာ သူများတွေ ၈ုရုာကြိးတွေက စာမျက်နှာတွေအများကြီးရေးပြိး ပြောလိုတာတွေကို အဆဲခံပြိး ရေးလိုက်၇တာ ကောင်းကင်ကိုတို့ ကတော့ ယဉ်ကျေးတဲ့ စကားလုံးလေးနဲ နဲ နဲ့  ပြောလိုက်တာဘဲနော်
    ကွက်ကွက်ကွင်းကွင်းမြင်ပါတယ်

    သနားဖို့ ကောင်းတဲ့ ပုံပြင်တွေထဲမှာ
    အမှန်နဲ့ မုသားအချိုးဘယ်လောက်နဲ့ ပဲ ရောထားရောထား ရက်စက်ခြင်းကတော့ ထင်ရှားခဲ့တယ်ဆိုတော့ ပဒေသ၇ာဇ်ခေတ်ကနေ ဒီနေ့  အထိ သမိုင်းတွေပုံပြင်တွေထဲမှာ
    အမှန်နဲ့ မုသားအချိုးတခု ရောထားတယ်လို့ ပြောလို့ တာပေါ့နော်

    ပဒေသ၇ာဇ်ဘုရင်တွေ မတရားသတ်လို့ 
    သေပြီးဖြစ်သွားကြတယ်ဆိုတဲ့ နတ်တွေ
    ခေတ်ဆိုးတို့ ရဲ့ သက်သေတွေအဖြစ်
    နတ်ကွန်းထဲမှာ နေနေကြတယ်လို့ ထောက်ပြတာလဲ ရိုင်းစိုင်းတဲ့ စကားမပါဘဲ ပေါ်လွင်တာဘဲနော်

    အံသြလို့ ပါ အဲလိုလေး ရေးလိုက်တာလဲ ဒို့ လူတွေ သဘောပေါက်ခံစားလို့ ရကြတာပါဘဲ။

    ReplyDelete
  3. ရှင်ကွဆိုတာလဲ နတ်ပဲလား။

    ReplyDelete
  4. ခေတ်ဆိုး စနစ်ဆိုးအောက်မှာ
    လူဖြစ်ကျိုးမနပ်တဲ့ဘဝ
    နတ်ကွန်းတွေမှာတောင် သက်သေပြ
    အာဏာအမိုက်ရူးတွေကြောင့်
    သေမထူး နေမထူး တို့ဘဝ
    သမိုင်းက သက်သေပြ။

    ReplyDelete
  5. ကောင်းကင်ကို မောင်လေးရေ အမတော့ နတ်မကိုးကွယ်ဘူး ဒါပေမဲ့ ရာဇ၀င်တွေ အကုန်လေ့လာထားတယ်။သိရအောင်ပေါ့
    မောင်လေး စိတ်ကူးတွေ က သိတ်ထက်တာ အမမစဉ်းစားမိဘူး ဖတ်လိုက်တော့ တယ်ဟုတ်တာပဲ --
    န အ ဖ ကြီး လန့် ပြီး အိမ်တွင်းအုန်း(ပန်းဘဲမောင်တင့်တယ် နန်း) မဆွဲရဆိုပြီး အမိန့် ထုတ်နေဦးမယ်။ ဟာ ဟ
    မှတ်ချက် ။။။။ ရှင်ကုန်း ၇ှင်ကွ ဆိုတဲ့ နတ်ရှိပါတယ် ။

    ReplyDelete
  6. မျှဝေရန် ယူသွားပါ၍ ခွင့်ပြုပါ။

    ReplyDelete
  7. ဒီတစ်ခါကဗျာ
    ရာဇ၀င်မီး
    နတ်ကြီးတယ်ရှင်
    မှတ်သွားရင်ဘယ်လိုလုပ်မလဲ။

    မထူးပါဘူး၊
    ရင်မှာစူးထင်
    ကော်မန့်တင်ချင်ပါတယ်။

    ကောင်းကင်ကိုရယ်
    ဘာဖြစ်လို့ဒီလောက်တောင်
    ဥာဏ်ကလောင်ထက်ရတာလဲ။

    ReplyDelete
  8. သနားဖို့ ကောင်းတဲ့ ပုံပြင်တွေထဲမှာ
    အမှန်နဲ့ မုသား
    အချိုးဘယ်လောက်နဲ့ ပဲ ရောထားရောထား
    ရက်စက်ခြင်းကတော့ ထင်ရှားခဲ့တယ်။

    ရက်စက်ခြင်းကထင်ရှားပါတယ်ညီလေး...

    ReplyDelete