Friday, November 6, 2009

စန္ဒာမရှိတော့တဲ့ ကောင်းကင်

အကြောင်းမမြင်ရတဲ့ ကံကြမ္မာက ကွက်ကျားမွှေတယ်။
ကောင်းကင်အပါးမှ စန္ဒာက ထွက်သွားလေတယ်။
မောင်းဝင်လာတဲ့ ဒဏ်ရာရထား ဆက်သွားနေဆဲ။
ပြောင်းချင်လှလည်း အဖန်တရာမက ဆက်မှားနေဆဲ။

စိတ်ဓာတ်ကျခြင်းဆိုတဲ့ သတ္တဝါက အသက်တအားရှည်တယ်။
ပြဿနာ မျိုးဆက်သစ်တွေကိုလည်း ဆက်ပွါးနေတယ်။
ငါနဲ့ ငါ ထပ်တူမကျတော့တဲ့ ရက်အမှားတွေထဲ
မသိစိတ်နဲ့ ပဲ စက်ရုပ်ဆန်ဆန် ဆက်သွားနေခဲ့။

ငါ့ရင်ထဲမှာ စိတ္တဇတစ္ဆေတွေ ကျက်စားနေတယ်။
မြင်မြင်သမျှမှာ တခြားအရောင်တွေထက် အနက်များနေတယ်။
ကြောင်နေတဲ့နားကလည်း အပြစ်တင်သံတွေပဲ ဆက်ကြားနေခဲ့
အိပ်မက်ထဲအထိ နှိပ်စက်နေတာလည်း သူတို့ မျက်နှာနဲ့ ပါးကွက်သားတွေပဲ။

ရှင်သန်လိုစိတ်ဆိုတဲ့ ကိုယ်စောင့်နတ်ကတောင် ငါ့ကိုစွန့် ခွာ ထွက်သွားလေတယ်။
နှလုံးသားနဲ့ ငါရွှေ့ မိသမျှ ကောင်းရှုံးဖြစ်မယ့် အကွက်မှားတွေပဲ
ငါမထိန်းချုပ်နိုင်တဲ့ ငါတွေဟာ ငါ့ရန်သူရဲ့ ဘက်သားတွေပဲ
ရှုံးနိမ့်ခြင်းဟာ အောင်နိုင်သူအဖြစ် ငါ့အပြုအမူတွေကိုဝင်ပူးပြီး ထွက်ကြွားနေဆဲ။
ကောင်းကင်ကို

11 comments:

  1. “စိတ်ဓာတ်ကျခြင်းဆိုတဲ့ သတ္တဝါက အသက်တအားရှည်တယ်။
    ပြဿနာ မျိုးဆက်သစ်တွေကိုလည်း ဆက်ပွါးနေတယ်။
    ငါနဲ့ ငါ ထပ်တူမကျတော့တဲ့ ရက်အမှားတွေထဲ
    မသိစိတ်နဲ့ ပဲ စက်ရုပ်ဆန်ဆန် ဆက်သွားနေခဲ့။”

    ကဗျာနဲ့ လူ ထပ်တူကျနေတယ် ကောင်းကင်ကိုရေ…

    ReplyDelete
  2. ကဗျာလေးလာဖတ်တယ်အစ်ကို...
    မိုက်တယ်... ကဗျာက..

    လေးစားလျက်

    ReplyDelete
  3. စိတ်ထင်သလို မဖြစ်ရင်၊
    ကျွန်မရှင့်ကို အပြစ်မတင်၊
    စန္ဒာမရှိတော့တဲ့ ကောင်းကင် ……(ကောင်းကင်ကိုရဲ့ စန္ဒာမရှိတော့တဲ့ ကောင်းကင်)
    ဖတ်ခဲ့ရလို့ သဘောသိမြင်။

    ReplyDelete
  4. စန္ဒာ မသာတဲ့ည
    ကြယ်တွေ ကင်းတဲ့ည
    အမှောင်ကမ္ဘာ ထဲကည
    မော့ကြည့်ပြီး အားမရ
    ကျုပ်တို့ ကောင်းကင်ကြီး.....
    အလင်းမဲ့ ကောင်းကင်ကြီး...
    အဲဒီ ကောင်းကင်ကြီး.....
    ကောင်းကင်ကြီး ပျက်စီးပြီဗျ...။
    (မိုးကောင်းကင်ကြီးကို ပြောတာနော်..)

    ReplyDelete
  5. ကောင်းကင်အပါးက ထွက်သွားတဲ့ စန္ဒာကို ပြန်လိုက်ခေါ်စေချင်ပါတယ်...

    စန္ဒာနဲ့ မိုးသားဆိုတာ တကယ်တော့
    လျှာနဲ့သွားလိုပဲ မဟုတ်လား...

းဝ)

    ReplyDelete
  6. မပျက်ဆီးတဲ့ ကောင်းကင်ကြီးလဲ ကဗျာ အကြွေးတွေ လာဖတ်ပါတယ်၊

    ReplyDelete
  7. အမလဲ လင့်လေး ချိန်းထားတာ စီဘောက်ရှာမတွေ့လို့ ဒီထဲ ပြောခဲ့တယ်နော်.

    ReplyDelete
  8. လှလိုက်တာဦးလေးရယ် ဒီကဗျာလေး က သိပ်ကို လှတယ် ။ ကျမ သဘောအကျဆုံးက တော့ ခေါင်းစဉ်လေးပဲ။ အင် စန္ဒာမရှိဘူးလိုသာ ထင်မိတာ ဖြစ်မှာပါ ရှင်။ တိမ်ဖုန်းနေတုံးအခိုက် အချိန်လေးပါ မရှီဘူးဆိုတာ ယုတိဗေဒသဘောအရ ကို ယုတိမရှီဘူးဦးလေးရယ်...မယ်မဒီ

    ReplyDelete
  9. ဘယ်လိုပြောရမယ်မှန်းတောင်မသိဘူး။
    ဒီကဗျာလေးလဲ အရမ်းကြိုက်တယ်။

    ReplyDelete
  10. စန္ဒာက ကောင်းကင်ကို ပစ်သွားတာ
    ကောင်ကင်ကြီးက ဘီယာမူးပြီးဖုန်းဆက်ဖို့မေ့သွားလို့ဖြစ်မယ် အမှန်က ဖုန်းဆက်ဖို့သတိရပါတယ် ဖုန်းကဒ်ဝယ်မယ့်ပိုက်ဆံက ဘီယာဖိုးရှင်းတဲ့ထဲပါသွားလို့ လို့ ကူ၇ှင်းပြပေးရမလား
    :P

    ReplyDelete
  11. ကဗျာလေးက လှလိုက်တာ လာဖတ်သွားပါတယ်နော်။ တစ်ပါတ်မှာ တစ်ပုဒ်ပဲ များများဆက်တိုက်ဖတ်လိုက်ရင် အကုန်ရောပြီး အရသာပျက်သွားမှာစိုးလို့။

    ReplyDelete