Sunday, November 1, 2009

ကမ္ဘာပျက် ကမ္မဌာန်း

လူတွေအားလုံး
ပုခုံးပေါ်က အိမ်စာ တွေကိုချ
နေ့ရွှေ့ညရွှေ့ ဆန္ဒတချို့ကို
ခဏလေးဖြစ်ဖြစ် အကောင်အထည်ဖော်ခွင့်ရဖို့ 
ကမ္ဘာပျက်ဖို့ ကိုပဲ ဆုတောင်းပေးရတော့မလိုလို…

သြော်…လူဆိုတာ
မလွန်ဆန်နိုင်တဲ့ အခြေအနေတွေအောက်မှာ
ကိုယ့်စိတ်ကိုယ် ခဏခဏ
သစ္စာဖောက်ဖောက်နေကြရတဲ့ သတ္တဝါတွေပါလား။

စိတ်ကို ထိန်းချုပ်သင့်တယ် ဆိုပေမယ့်လည်း
ချွန်းအုပ်လိုက်ရသမျှ စိတ်တိုင်းဟာ
ဆင်ရိုင်းတော့ မဟုတ်ခဲ့ပါဘူး။
တခါတခါဆို
အခြေအနေတွေကို ငဲ့ပြီး
ချိုးလိုက်ရတဲ့ အညွန့် လေးတွေထဲမှာ
အပြစ်ကင်းတဲ့ စိတ်ကူးလေးတွေနဲ့ 
ချစ်ခြင်းရဲ့  ‘အရိပ်ဦး’လေးတွေတောင် ပါသွားတတ်တယ်။

ပညာရှိတယောက်ကတော့ ဆိုတယ်။
သင်ဟာ သင်ပီသဖို့ နဲ့ 
ရလာသမျှ စက္ကန့် တိုင်းကို တန်ဖိုးထားတတ်ဖို့ 
နေနေရတဲ့ နေ့ တိုင်းကို
နောက်ဆုံးနေ့ လို့ သဘောထားဖို့ လိုသတဲ့။

အဲဒီ့ အဆိုကို
အပြည့်အဝ မထောက်ခံလို ပေမယ့်
တခါတခါ…ကိုယ့်သတိ ကိုယ်ပြန်နှိုးဖို့ 
အဲလို ကမ္မဌာန်းမျိုးတော့ လိုမယ်ထင်တယ်။

တကမ္ဘာတည်းစီး တခရီးတည်းသွားတို့ ရေ…
တန်ဖိုးဆိုတာ ဆုံးရှုံးသွားမှ သိတတ်တာမို့ 
စိတ်ကူးလေးနဲ့ ခဏလောက် ရင်ဆိုင်ကြည့်ကြရအောင်။

စိတ်တံခါးကိုသာဖွင့်ထားလိုက်…
အခက်ဆုံးအခြေအနေမှ
မျက်လုံးတွေက
ပိုပြီးမြင်တတ်တာ။

ယုံပါတယ်
ငါတို့ အရည်အသွေးတွေဟာ
အခက်အခဲတွေနဲ့ သွေးပေးမှ
ပိုတောက်ပြောင်လာလိမ့်မယ် ဆိုတာ။
ကောင်းကင်ကို

ကိုကြီးအောင်သာငယ် tag တဲ့ ပို့ စ်လေးကို ကဗျာအဖြစ် ရေးလိုက်တာပါ။

16 comments:

  1. ပထမဆုံးလာပြီး ဖတ်သွားပါတယ်။

    ကျွန်တော့်အဖြစ်ကတော့ အခက်အခဲတွေကိုပဲ ကျေးဇူးတင်ရမလိုလို

    ReplyDelete
  2. အစ်ကို့ ကဗျာလေးဖတ်ပြီး အားတွေရှိသွားတယ်

    “ငါတို့ အရည်အသွေးတွေဟာ
    အခက်အခဲတွေနဲ့ သွေးပေးမှ
    ပိုတောက်ပြောင်လာလိမ့်မယ် ဆိုတာ”

    ကျေးဇူး အစ်ကို

    ReplyDelete
  3. လူတွေအားလုံး
    ပုခုံးပေါ်က အိမ်စာ တွေကိုချ
    နေ့ရွှေ့ညရွှေ့ ဆန္ဒတချို့ကို
    ခဏလေးဖြစ်ဖြစ် အကောင်အထည်ဖော်ခွင့်ရဖို့ 
    ကမ္ဘာပျက်ဖို့ ကိုပဲ ဆုတောင်းပေးရတော့မလိုလို…

    ကောင်းကွာ...ညီလေးရေ

    ReplyDelete
  4. အဲဒီ့ အဆိုကို
    အပြည့်အဝ မထောက်ခံလို ပေမယ့်
    တခါတခါ…ကိုယ့်သတိ ကိုယ်ပြန်နှိုးဖို့ 
    အဲလို ကမ္မဌာန်းမျိုးတော့ လိုမယ်ထင်တယ်။

    အကြိုက်ဆုံးတစ်ပိုဒ်ပါ ကောင်းကင်ရေ

    ReplyDelete
  5. အခြေအနေတွေကို ငဲ့ပြီး
    ချိုးလိုက်ရတဲ့ အညွန့် လေးတွေထဲမှာ
    အပြစ်ကင်းတဲ့ စိတ်ကူးလေးတွေနဲ့ 
    ချစ်ခြင်းရဲ့  ‘အရိပ်ဦး’လေးတွေတောင် ပါသွားတတ်တယ်။


    အခြေအနေတွေ တိုက်ဆိုင်သွားလို့လားမသိ ဒီအပိုဒ်လေးက ရင်ထဲမှာ စူးနှစ်သွားစေတယ်... ကျမလည်း ကမ္ဘာပျက်ဖို့ ခဏခဏ ဆုတောင်းဘူးတယ်...

    ReplyDelete
  6. "ကိုယ့်စိတ်ကိုယ် ခဏခဏ
    သစ္စာဖောက်ဖောက်နေကြရတဲ့ သတ္တဝါတွေပါလား"

    စိတ်ထားဖြောင့်မတ်ခဲ့ကြရင်တော့ ဘယ်သူမှ သေရမှာကြောက်လိမ့်မယ် မထင်ပါဘူး...

    ReplyDelete
  7. တခါတခါဆို
    အခြေအနေတွေကို ငဲ့ပြီး
    ချိုးလိုက်ရတဲ့ အညွန့် လေးတွေထဲမှာ
    အပြစ်ကင်းတဲ့ စိတ်ကူးလေးတွေနဲ့ 
    ချစ်ခြင်းရဲ့  ‘အရိပ်ဦး’လေးတွေတောင် ပါသွားတတ်တယ်။
    ....
    မတတ်သာလို့
    မလွဲသာလို့
    အခြေအနေအရ လုပ်လိုက်ရတယ်လို့ သဘောထားပါတယ်ဗျာ....။

    ReplyDelete
  8. ကောင်းကင်ကိုရဲ့ ကဗျာ
    နှလုံးသားအတွက် အစာ
    ဦးနှောက်အတွက် ကာလာ
    ဒီကမ္ဘာပျက်လည်း.................(ကမ္ဘာပျက်ကမ္မဌာန်း)
    ဆယ်ခါထက်မနည်းဖတ်သွားတယ်နော်။

    ReplyDelete
  9. စိတ်တံခါးကိုသာဖွင့်ထားလိုက်…
    အခက်ဆုံးအခြေအနေမှ
    မျက်လုံးတွေက
    ပိုပြီးမြင်တတ်တာ။

    ဟုတ်တယ် ဦးလေး ရယ် လူတစ်ယောက် နောက်ဆုံးအခြေနေကိုရောက်ရင် အရိုးထဲက ဖြစ်ညစ်ကပ်ပြီး ထွက်လာတဲ့ အကြံတွေ အင်အားတွေက တကယ်တောက်ပြောင်နေတတ်တယ် ။ အဲဒါမှ လူ အရည်ချင်းအစစ်ဖြစ်မယ်ထင်တယ်

    မယ်မဒီ

    ReplyDelete
  10. ကောင်းကင်ကြီးရေ..
    ကမ္ဘာပျက်ပုံက လွင်လွင်လေးပါလား..

    ပညာရှိတယောက်ကတော့ ဆိုတယ်။
    သင်ဟာ သင်ပီသဖို့ နဲ့ 
    ရလာသမျှ စက္ကန့် တိုင်းကို တန်ဖိုးထားတတ်ဖို့ 
    နေနေရတဲ့ နေ့ တိုင်းကို
    နောက်ဆုံးနေ့ လို့ သဘောထားဖို့ လိုသတဲ့။


    သေတတ်ဖို့ နေတတ်ဖို့ လိုပြီ..

    ခင်မင်လေးစားချစ်ခြင်းအားဖြင့်..

    ReplyDelete
  11. အရမ်းကောင်းပြီး အဓိပ္ပာယ်တွေ ပြည့်နေတဲ့ ကဗျာကောင်းတစ်ပုဒ်ပါပဲ...
    ဒီနေရာလေးကိုတော့ အကြိုက်ဆုံးပဲ...:P
    "ငါတို့ အရည်အသွေးတွေဟာ
    အခက်အခဲတွေနဲ့ သွေးပေးမှ
    ပိုတောက်ပြောင်လာလိမ့်မယ် ဆိုတာ
    "
    လေးစားလျှက်...

    ReplyDelete
  12. ကောင်းကင်ကို စတိုင်နဲ့ ကဗျာတပုဒ် ကြိုးစားပမ်းစား ရေးထားပါတယ်...

းဝ)

    ReplyDelete
  13. ကိုကောင်းကင်ကို
    နိုင်ငံတော် အစိုးရမှတဆင့် မိဘများဆီကို ငွေလွဲရမည်ဆိုတာလေးကို နိုင်ငံခြားရောက် လူအားလုံးရဲ့ ကိုယ်စား ကဗျာလေး ရေးပေးစေလိုပါတယ်။ တခြား ဘလော့ဂါတွေကိုလဲ သူတို့ရဲ့ ထင်မြင်ချက်ကို ခံစားရေးနိုင်အောင် ပြောပေးပါနော်။
    ကျေးဇူးတင်စွာဖြင့်
    Singapore

    ReplyDelete
  14. ရောက်တယ်မောင်လေးရေ ကဗျာလေးတွေ အမြဲလန်းနေပါတယ် ။။။

    ReplyDelete
  15. လူဆိုတာ
    မလွန်ဆန်နိုင်တဲ့ အခြေအနေတွေအောက်မှာ
    ကိုယ့်စိတ်ကိုယ် ခဏခဏ
    သစ္စာဖောက်ဖောက်နေကြရတဲ့ သတ္တဝါတွေပါလား။

    ဟုတ်တယ်နော်။ ကိုယ့်ကိုယ်ကို လိမ်ညာနေကြတာ လူတွေပေါ့။

    ReplyDelete
  16. သြော်…လူဆိုတာ
    မလွန်ဆန်နိုင်တဲ့ အခြေအနေတွေအောက်မှာ
    ကိုယ့်စိတ်ကိုယ် ခဏခဏ
    သစ္စာဖောက်ဖောက်နေကြရတဲ့ သတ္တဝါတွေပါလား။


    သိပ်ကိုမှန်ကန်တာပဲ..အကိုရေ...ကဗျာလေးခိုက်တယ်ဗျာ...။

    ReplyDelete