Sunday, September 27, 2009

ကိုယ့်နည်းကိုယ်ဟန်နဲ့ အိုမာခယမ်

လူတွေကို ဆရာလုပ်ဖို့ 
အမြုတေ ကဗျာတပုဒ်လည်းရှိမယ်။

အဖော်လို ကြင်နာမဆုံးတဲ့
ဟော်လိုဂစ်တာ တလုံးလည်းရှိမယ်။

လှမ်းကာ အပြင်ကမ္ဘာနဲ့ ဆက်ဖို့ 
အခန်းမှာ အင်တာနက်လည်းရှိမယ်။

ညတာကို ကျော်လွန်ကာဖြတ်သန်းဖို့ 
ငါ့မှာ…အဖော်မွန်စာဖတ်ခန်း လည်းရှိမယ်။

ခွက်ဘေးမှာနေတဲ့ အမြည်းနဲ့ 
လက်ဆေးကာနေတဲ့ ဇနီးကတော့
ကိုယ်စိတ်နှစ်ပါးအတွက် အာဟာရပေါ့။

အချစ်တွေဆာလောင်လာတဲ့အခါ
မြန်နှုန်းမြင့်ရင်ခုန်သံကို နောက်ခံဂီတအဖြစ်ဖွင့်ပြီး
ကာယကံ၊ ဝစီကံ မနောကံနဲ့ ယုယကြမယ်။

လူတွေမရှိခိုက်မို့ ဟန်ဆောင်နေဖို့ လည်းမလို
အပူတွေမရှိခိုက်မို့  ရန်ထောင်နေဖို့ လည်းမလို
ပေလေးဆယ် ခြောက်ဆယ်နဲ့ 
ကျားတယောက်နဲ့  မတယောက်ပဲရှိတဲ့
ငါ့ စံပြကမ္ဘာငယ်လေးမှာ
ဓမ္မသယံဇာတလည်း ကြွယ်ချင်သေးတယ်။
ကောင်းကင်ကို

26 comments:

  1. အိုမာခယမ်း) အဲဒါအမှန်ပဲ အကိုရေ. . ဖတ်သွားပါသည် ။ မှတ်ချက် - ဂွတ်တယ်ဗျာ

    ReplyDelete
  2. ကိုယ့်နည်းကိုယ့်ဟန်နဲ့ အိုမာခယမ်ဆိုပါလား
    မိုက်တယ်ညီလေးရေ
    ဘာလဲ ပြက္ခဒိန်အသစ်တခု တီထွင်စီရင်တော့မလို့လား

    တဂ်ထားတယ်ညီလေးရေ..အားမယ်ဆိုရင်တော့ ရေးစေချင်တယ်...အဆင်ပြေသလိုပေါ့

    ReplyDelete
  3. လန်ထွက်နေတာဘဲ ...

    ReplyDelete
  4. အစဉ်အလာမပျက် ကောင်းနေတာပါပဲနော်။

    ReplyDelete
  5. အရမ်းမိုက်တယ်..... မိုက်တယ်ဗျာ..ကိုကောင်းကင်ကြီး ....

    ReplyDelete
  6. ကိုယ်နည်းကိုယ့်ဟန်နဲ့ဖတ်သွားတယ် ဂွတ် ဘရာဗို သူငယ်ချင်း

    ReplyDelete
  7. မြန်မာ့ နည်းမြန်မာ့ ဟန် ...

    အိုမာခယမ်...ပေါ့ ...

    ReplyDelete
  8. ဘာမှ မရခဲ့ဖူးလို့ ဘာမှ တောင့်တနေဖို့လဲ မလို
    ဘာမှ မပိုင်ဆိုင်ခဲ့ဖူးလို့ ဘာနဲ့မှလဲ မသက်ဆိုင်သလို
    ဒါပေမဲ့ ငါ့ကမ္ဘာမှာ .. နင့်ကဗျာတွေတော့ အမြဲလို
    ဒါကြောင့်မို့ အပြေးလာခဲ့တယ် နင့်ရဲ့ ရင်ခွင်အိမ်ယာကို ။။။

    thks for your mail which made my day brighten early in the morning.

    bests
    Mel-Cin

    ReplyDelete
  9. အိုမာခယမ်ဆိုတာ ဘာကို ပြောတာလည်း ကောင်းကင်ကို

    ဒီကဗျာထဲက ဘ၀လေးသာ ပိုင်ဆိုင်မယ်ဆိုရင်တော့ လောက နိဗ္ဗာန်ပဲပေါ့။


    မအယ်ကတော့ တချို့ တ၀က် မရှိလည်း ကျေနပ်တယ်။
    ကောင်းကင်ကိုလောက် လောဘ မကြီးပါ။ :)

    ဥပမာ အရက် အမြည်း :))


    မအယ်

    ReplyDelete
  10. ခုတလော ကောင်းကင်ကို အချစ်ဆာလောင်မှုတွေ မြင့်တက်နေတယ် ထင်တယ်။ နှုန်းမြင့်ရင်ခုန်သံကို ဂီတနောက်ခံအဖြစ်ဖွင့်ပြီး ကံသုံးပါးနဲ့ ကို ယုယကြမယ်ဆိုတော့။

    ReplyDelete
  11. ကောင်းကင်ကြီးရေ...
    ကဗျာလေး ကောင်းတယ်လို့ပဲ လာလာရေးနေရတယ်.. တခါတလေ မကောင်းအောင်ရေးဗျာ...း)

    ဘာရေးရေး ဘယ်လို ပုံစံ ရေးရေး ထိထိမိမိကို ကောင်းလွန်းနေတာ တကယ့် ဆရာပါပဲ..း)

    ခင်မင်လေးစားချစ်ခြင်းအားဖြင့်

    ကိုရင်နော်

    ReplyDelete
  12. မေးတာလည်း မဖြေဘူး

    မအယ်

    ReplyDelete
  13. ကိုယ့်နည်းကိုယ့်ဟန်နဲ့ အဆင်ပြေမဲ့ ဘ၀လေးပဲ လိုချင်ပါဘိ။ ဟိဟိ

    ReplyDelete
  14. ဟုတ်တယ် အကို မကောင်းတဲ့ကဗျာလေး တစ်ပုဒ်လောက်
    ရေးပါဗျာ။ မကောင်းဘူးလို့ပြောချင်လို့ပါ ဟားဟား။

    ReplyDelete
  15. ကောင်းလိုက်တာဗျာ.....။
    “ ညအမှောင်ကမ္ဘာထဲ..
    လရောင်မသာလဲဖြစ်တယ်...။
    အဓမ္မ မြူဆွယ်စရာမလို
    အလှအပ ယဉ်တစ်ကိုယ်မယ်
    ချစ်ဇနီးချော တစ်ယောက်ပဲလိုတယ်။
    ညအသံတိတ်ဆိတ်
    ငှက်ကလေးတွေ အအိပ်ပျက်လိမ့်မယ်
    အနားနားတိုး
    ရင်ခုန်သံလေး နှစ်ကိုယ်ကြား ...ကြားရရင်လုံလောက်တယ်...။ ”

    ReplyDelete
  16. ရန်အောင်October 1, 2009 at 5:14 AM

    မြန်မာ့အကောင်းဆုံး ကြည့်ရှုသူအများဆုံး မိုးကျရွှေကိုယ်ဘလော့ ပိတ်တော့မယ် သွားကြည့်ကြပါ

    ReplyDelete
  17. ရန်အောင်October 1, 2009 at 5:14 AM

    မြန်မာ့အကောင်းဆုံး ကြည့်ရှုသူအများဆုံး မိုးကျရွှေကိုယ်ဘလော့ ပိတ်တော့မယ် သွားကြည့်ကြပါ

    ReplyDelete
  18. ခွက်ဘေးမှာနေတဲ့ အမြည်းနဲ့ 
    လက်ဆေးကာနေတဲ့ ဇနီးကတော့
    ကိုယ်စိတ်နှစ်ပါးအတွက် အာဟာရပေါ့။
    နပိုလီယံနဲ့တူဖို့အတွက်အာဟာရဖြည့်ပြီးရင်တိုက်ပွဲလေး
    တစ်ပွဲလောက်ပါနွှဲလိုက်ပေါ့အကို....အဟေးဟေး
    မေတ္တာဖြင့်
    ကိုတေ

    ReplyDelete
  19. လာလည်သွားပါသည်။

    ReplyDelete
  20. ပြတိုက်မှာ ပြထားသင့်တဲ့ စံပြဘ၀မျိုးပေါ့...
    ပြည့်စုံမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပါပဲ...
    ကဗျာဆရာရဲ့ အတွေးကတော့ မလေးစားပဲကိုမနေနိုင်ဘူး... :)

    ReplyDelete
  21. Clearly understand.
    I got all your message.
    Thanks a lot.
    BINO

    ReplyDelete
  22. တော်တော်လေးကိုလန်းပါတယ်

    ReplyDelete
  23. အကိုရေ ကောင်းတယ်ဗျာ တော်တော်လေးမိုက်တယ်
    ကြိုက်၏ လက်ပစ်ဗုံးတလုံးထက်ခွဲပြန်ပြီနော်..:P

    ReplyDelete
  24. အကိုရေ မိုက်တယ်ဗျာ ဒီအပိုဒ်လေးကိုအကြိုက်ဆုံး
    “အချစ်တွေဆာလောင်လာတဲ့အခါ
    မြန်နှုန်းမြင့်ရင်ခုန်သံကို နောက်ခံဂီတအဖြစ်ဖွင့်ပြီး
    ကာယကံ၊ ဝစီကံ မနောကံနဲ့ ယုယကြမယ်။”
    လက်ပစ်ဗုံးတလုံးထက် ပစ်ပြန်ပြီဗျာ :P

    ReplyDelete
  25. To မအယ်.
    http://en.wikipedia.org/wiki/Omar_Khayy%C3%A1m

    ReplyDelete