Wednesday, September 23, 2009

အမေတခြား သားတခြား

အမေ တခြား သားတခြားနဲ့ 
ရှင်ကွဲနဲ့ ရင်ကွဲနေရတဲ့ခေတ်မှာ
ပါးပေါ်မှာ ဖြစ်တဲ့မြစ်နှစ်စင်းနဲ့ 
မျက်နှာသစ်နေတုန်းပဲလား အမေ။

အမေရေ…
ဒီနှစ်လည်း ကရုဏာခေါင်တဲ့ ကန္တာရမှာ
မျက်ရည်ချိန် ဘယ်နှစ်လက်မ ရှိပါသလဲ။

အမေ သားကိုပြုစုစောင့်ရှောက်ခဲ့သမျှ ရလဒ်ကတော့
သားအသက်တနှစ်ကြီးလာတိုင်း
အမေပုတီးတပတ် ပိုစိပ်လာရတာပဲ ရှိတယ်။

အမေရေ…
ပြန်ဆုံစည်းရေးကို သားက သောကနဲ့ စဉ်းစား
အခန်းကျဉ်းလေးထဲမှာတင် မျက်စေ့လည်သွားတုန်းမှာ
လောကဓံတရားက အသာစီးနဲ့ 
အကွက်ပေါင်းများစွာ ရွှေ့ထားပြီးပြီအမေ။

အမေရေ…
စာအုပ်တွေ ဖတ်ခဲ့ရတုန်းကတော့
ဒီလိုဇာတ်လမ်းမျိုး အသက်ဝင်လာလိမ့်မယ်လို့ 
ကိုယ်တိုင်လည်း ရင်ခွဲ သရုပ်ဆောင်ရလိမ့်မယ်လို့ 
မထင်မိခဲ့ဘူးအမေ။

အမေရယ်..
သောက ဖျောက်နည်း တခုကတော့ ဆိုတယ်။
အနာဂတ်ကို တွေးမပူပဲ တနေ့ တခါ နေပါတဲ့။
ဒါပေမယ့် အမေရယ်
အိပ်မက်တွေသီးပွင့်လာမယ့် ရက်စွဲက မသေချာသလို
အတိတ်နဲ့ ပစ္စုပ္ပန်မှာလည်း စက္ကန့် တိုင်းက ခက်ခဲနေမှတော့
စိတ်ကို ဘယ်ကာလမှာများ သွားထားရပါ့မလဲ။

ဒါနဲ့ အမေရေ..
မုသားတွေနဲ့ သီးသန့် ကာထားတဲ့
အပူများနေတဲ့ ကျီးလန့် စာစားကမ္ဘာမှာရော
အဆိုးတွေ ရေချိန်မြင့်
အမျိုးတွေ ငွေတိမ်နစ် နေတုန်းပဲလားအမေ။

အမေရေ
လက်ဗလာ ကြယ်တွေ
မျက်နှာငယ်နေရတဲ့ ညထဲမှာ
သားဘဝလေး ကျကွဲသွားလို့ 
ခွန်အားသစ်တို့ ပို့ ပေးပါ။
ကောင်းကင်ကို

22 comments:

  1. အမေတခြားသားတခြား
    ခံစားသွားတယ်အကိုရေ
    ရင်နင့်အောင်ပါပဲ

    ReplyDelete
  2. အကင်ရေ ...
    ငိုချင်တယ်ဟာ
    ဒီတခါ ငါ ပထမဆုံး
    မန့်ခွင့်ရသူမဟုတ်လို့ ။

    အကင်ရေ ...
    ဘ၀မှာ ဘာမှမလိုချင်ခဲ့ဖူးလို့
    ကိုယ့်ကိုကိုယ်ထင်ခဲ့တာ ။

    ဘယ်ဟုတ်မှာလဲဟာ
    နင်ရဲ့ကလောင်လက်တွေသာ
    ငါပိုင်ဆိုင်ခွင့်ရမယ်ဆိုရင်
    ငါ့မှာ ရှိသမျှ အကုန် စွန့်လွှတ်မယ် ။

    တကယ်ပါ အကင်ရယ်
    အဲ့ဒီလောက်ထိ စွဲလန်းတယ် ။

    နင့်ရဲ့

    ReplyDelete
  3. “လက်ဗလာ ကြယ်တွေ
    မျက်နှာငယ်နေရတဲ့ ညထဲမှာ
    သားဘဝလေး ကျကွဲသွားလို့ 
    ခွန်အားသစ်တို့ ပို့ ပေးပါ။”

    အစ်ကို့ကဗျာလေးတွေ ဖတ်လိုက်တိုင်း တစ်ပုဒ်ဆို တစ်ပုဒ် မိုက်တယ်ဗျာ...။

    ReplyDelete
  4. မောင်ရိုးSeptember 23, 2009 at 6:19 PM

    ကိုကြီးကောင်း....
    ကဗျာလေးက အရမ်းကောင်းတယ်ဗျာ...
    စကားလေးတွေက အဓီပ္ပါယ် ထိမိသလို
    ကာရံကာလည်းညီအောင်ရေးထားတော့
    ကောင်းတဲ့ အဆင့်ထက်ပိုတယ်နော်...
    နောက်ထပ်ကဗျာလေးတွေ့ စောင့်ပြီးဖတ်မယ်နော်
    ကဗျာတွေ အများကြီးဖန်းတီးနိုင်ပါစေ...

    ReplyDelete
  5. ကောင်းလွန်းပါတယ် ကောင်းကင်ကြီးရယ်..

    ဒို့တွေလည်း ခွန်အားသစ်တွေ တောင်းရဦးမယ်...

    ခင်မင်လေးစားချစ်ခြင်းအားဖြင့်..

    ReplyDelete
  6. အမေရှိသေးတဲ့ သားတွေအတွက်ဘဲလား ကောင်းကင်ကို

    အမေတွေရဲ့ နောက်ဆုံးရက်များကို မမြင်လိုက်ရတဲ့ သားတွေ အတွက်ကော ဘယ်လိုသီကုံးမှာလဲ

    ReplyDelete
  7. ကျနော်လည်း ကျနော့်အမေ ရှစ်ဆယ်ကျော်ကို သတိရမိပါရဲ့။ မတွေ့ရတာ ကိုးနှစ်လောက်ရှိပြီ။

    ReplyDelete
  8. "အမေရေ
    လက်ဗလာ ကြယ်တွေ
    မျက်နှာငယ်နေရတဲ့ ညထဲမှာ
    သားဘဝလေး ကျကွဲသွားလို့ 
    ခွန်အားသစ်တို့ ပို့ ပေးပါ။"
    ဒီစာသားလေးက အကြိုက်ဆုံးထဲ အနှစ်သက်ဆုံးပါ။
    လေးစားစွာဖြင့်
    ကန

    ReplyDelete
  9. အမျိုးတွေ ငွေတိမ်နစ်တဲ့လား… အဲဒီလို ထိထိမိမိဝေါဟာရလေးတွေကလဲ ကောင်းကင်ကိုရဲ့ ပါဝါတမျိုးပေါ့…

    ReplyDelete
  10. အမျိုးတွေ ငွေတိမ်နစ်တဲ့လား… အဲဒီလို ထိထိမိမိဝေါဟာရလေးတွေကလဲ ကောင်းကင်ကိုရဲ့ ပါဝါတမျိုးပေါ့…

    ReplyDelete
  11. အမေ သားကိုပြုစုစောင့်ရှောက်ခဲ့သမျှ ရလဒ်ကတော့
    သားအသက်တနှစ်ကြီးလာတိုင်း
    အမေပုတီးတပတ် ပိုစိပ်လာရတာပဲ ရှိတယ်။
    အမေရေ…
    စာအုပ်တွေ ဖတ်ခဲ့ရတုန်းကတော့
    ဒီလိုဇာတ်လမ်းမျိုး အသက်ဝင်လာလိမ့်မယ်လို့ 
    ကိုယ်တိုင်လည်း ရင်ခွဲ သရုပ်ဆောင်ရလိမ့်မယ်လို့ 
    မထင်မိခဲ့ဘူးအမေ။

    နင့်ကနဲပါပဲ...

    ReplyDelete
  12. အမေနဲ.ဝေးနေတဲ. သမီးပါ။ ဒါပေမယ့် အဲဒီကဗျာ ကို ကျွန်မအတွက် ရေးထားသလိုပဲ။ခံစားတတ်တော့ တဘက်သတ် အဲလိုထင်ပစ်လိုက်တယ်။ ကောင်းလွန်းတယ် ကောင်းကင်ကို ရယ်။

    ReplyDelete
  13. ကိုကောင်းကင်ရေ.. အစ်ကို့ရဲ့ ကလောင်မှင်တစ်ချက် နဲ့ လူတွေရဲ့ရင်ကို ဘောင်ဘင်ခတ်သွားအောင် စွမ်းနိုင်ပါပေ့ .. နောင်အစဉ်မပျက် အားပေးနေပါ့မယ်.. ငါ့အစ်ကိုတစ်ယောက် အောင်မြင်လျက် ရှိနေပါစေ.... (ညီမ စိတ်လျှော်စက်)

    ReplyDelete
  14. ဟီဟီး ငိုချင်တယ် အမေ့ကိုသတိရလို့
    ကိုကောင်းကင် ရဲ့ကလောင်စွမ်းကထက်သလားမမေးပါနဲ့
    အမေ့ကိုပိုပိုလွမ်း သွားတယ်

    ReplyDelete
  15. to...De...Cin....
    ဟဲ့...အကင် ကို စွဲလမ်းနေပြီလား...
    ဆိုးဆေးပါမပါ စစ်ဆေးနေပြီနော်
    အကင်တွေသိပ်မစားနဲ့...ရောဂါရတတ်တယ်။

    ReplyDelete
  16. အမေကိုချစ်တဲ့ သား...
    သားကိုချစ်တဲ့ အမေ....

    ကဗျာ့ က၀ိရဲ့ စကားလုံးကာရန်

    ကဝေမှော်အောင်ချက်ကတော့ 

    ဒေါက်တာဘွဲ့ တောင်ပေးလိုက်ချင်ပါရဲ့ ..

    ReplyDelete
  17. This comment has been removed by the author.

    ReplyDelete
  18. ကိုကင်းကောင်ကြီးရေ
    ပိုင်နိုင်လှတဲ့ စကားလုံးတွေနဲ့ အမေတခြား သားတခြားကို နင့်နင့်နဲနဲ ဖတ်သွားပါတယ်။
    ခုတော့ အမေတခြား သမီးတခြားမို့  ရင်ထဲမှာ ကဗျာလေး စွန်းကျန်ခဲ့တယ်။

    ReplyDelete
  19. ရောက်လာတယ် အကို....

    ReplyDelete
  20. အမေရေ
    လက်ဗလာ ကြယ်တွေ
    မျက်နှာငယ်နေရတဲ့ ညထဲမှာ
    သားဘဝလေး ကျကွဲသွားလို့ 
    ခွန်အားသစ်တို့ ပို့ ပေးပါ။
    ကဗျာလေးက ကောင်းလိုက်တာ ညီလေးရာ..
    တဂ်ထားတယ်ညီလေးရေ.အားရင်ရေးပေးပါဦး

    http://saungyunela.blogspot.com

    ReplyDelete
  21. ကိုကောင်းကင်ကိုရေ.....
    ကျွန်တော်က reader အသစ်တော့မဟုတ်ပါဘူး။ ၀င်ဖတ်နေတာတော့ကြာပါပြီ။ အစ်ကို့အတွက် commet ကိုတော့ အခုမှရေးဖြစ်တယ်။ အမေတခြားသားတခြား ကဗျာနဲ့ ကျွန်တော့်မျက်ရည်တွေကိုလည်းငွေ့ရည်ဖွဲ့စေခဲ့တဲ့
    အစ်ကို့ကိုကျေးဇူးတင်ပါတယ်....

    ReplyDelete
  22. အ ကို... လေး စား ပါ တယ်..။။ တော် လွန်း လို့...
    အ ကို့ ဦး နှောက် ကို ရွှေ ချ ထား ချင် တယ်...

    ReplyDelete