Monday, December 31, 2007
နေထွက်မယ့်နှစ် ဖြစ်ပါ့မလား
တမ်းတ တတ်တဲ့ဝိညာဉ်နဲ့ 
ပြက္ခဒိန် အဟောင်းကို ပြန်ကြည့်မိတော့
၂၀၀၇ ရဲ့ မြင်ကွင်းမှာ
သွေးကွက်တွေ စွန်းထင်းနေတယ်။
ကမ္ဘာကြီးပေါ်မှာ
မျက်ကန်း မိစ္ဆာတွေဟာ
အနှစ်အဆံမပါတဲ့ စစ်ဒဏ်ရာတွေနဲ့ 
ကမ္ဘာမြေအနှံ့ အနာတွေ ဖြန့် ခဲ့တယ်။
အာရှတိုက်ရဲ့ အရှေ့ တောင်ဘက်တနေရာမှာ
မိစ္ဆာတွေလက်ချက်နဲ့ 
ဘုရားပန်းတွေ ကြွေကျတယ်။
စက်တင်ဘာ ငလျင်ဟာ
သာသနာတော်နဲ့ တကွ
ကောင်းမြတ်ခြင်းမှန်သမျှကို ဖြိုတယ်။
မနှစ်ကတော့ ဒီလိုအချိန်မှာ
အစွန်းရောက်တွေက
နှစ်သစ်ကို
ဘန်ကောက်မှာ ဗုံးဖောက်ပြီးကြိုတယ်။
ဒီနှစ်တော့ ပါကစ္စတန်မှာ
အစွန်းရောက်တွေက
“ဘူတို” ကိုသတ်ပြီးကြိုတယ်။
ါတို့ တစ်တွေ
ကြီးနိုင်ငယ်ညှင်း ဝါဒကို
အပြီးအပိုင်လည်စင်း ခံကြမှာလား။
ကမ္ဘာကြီးရေ။
၀၀၈ ခုနှစ် ကကော
နေထွက်မယ့်နှစ် ဖြစ်ပါ့မလား။
ကောင်းကင်ကို
6 comments:
  1. ငါတို့ တစ်တွေ
    ကြီးနိုင်ငယ်ညှင်း ဝါဒကို
    အပြီးအပိုင်လည်စင်း ခံကြမှာလား။
    ကမ္ဘာကြီးရေ။
    ၂၀၀၈ ခုနှစ် ကကော
    နေထွက်မယ့်နှစ် ဖြစ်ပါ့မလား။
    ကဗျာကောင်းတယ် ကောင်းကင်ရေ..။ ဘယ်လိုပဲ ဖြစ်ဖြစ် ပျော်ရွှင် နိုင်ပါစေ။
    ReplyDelete
  2. ကမ္ဘာကြီးရေ။
    ၂၀၀၈ ခုနှစ် ကကော
    နေထွက်မယ့်နှစ် ဖြစ်ပါ့မလား။
    အဲဒီလိုဖြစ်ရင်တော့အကောင်းဆုံးပေါ့ညီလေးရေ
    ကဗျာကောင်းတယ်ညီလေးရေ
    ReplyDelete
  3. ငါတို့ တစ်တွေ
    ကြီးနိုင်ငယ်ညှင်း ဝါဒကို
    အပြီးအပိုင်လည်စင်း ခံကြမှာလား။
    ကမ္ဘာကြီးရေ။
    ၂၀၀၈ ခုနှစ် ကကော
    နေထွက်မယ့်နှစ် ဖြစ်ပါ့မလား။
    ကဗျာလေးက ကောင်းတယ်ဆရာရေ။ ဒီနှစ်ပိုဒ်ကို အကြိုက်ဆုံးပဲ။ ၂၀၀၈က နေထွက်မယ့်နေ့ဖြစ်အောင်တော့ ကြိုးစားရမှာပေါ့လေ။
    ReplyDelete
  4. ကိုကောင်းကင်ရေ..ဒီကဗျာလေးကို အရမ်းနှစ်သက်မိတယ်..ပွင့်၂လင်း၂ပြောရယင် ဒို့ရဲ့ နေရစ်ခဲ့တော့ တူးအိုခွန် ကိုဒါဖတ်ပြီး အိုင်ဒီယာ ရခဲ့တာ ဒို့ဘလော့ ဖောင့်ကောင်းမပေါ်တာ တော်တော်စိတ်ညစ်မိ တယ်.ကောင်းကင်က လာလာသာပါရဲ့. ကိုယ်ကိုတိုင်က အလင်းကို မခံစားတတ်တော့ ဒို့ဘလော့က ဒုံးရင်း၂ ပဲ ဖြစ်နေတော့တာပေါ့..
    ReplyDelete
  5. နေထွက်မဲ့နှစ်ဖြစ်ပါစေ ကိုကောင်းကင်ရေ ...။
    ReplyDelete
  6. အမှန်တရားများ
    သစ္စာတရာများ
    ဘာသာတရားများ
    သွေးလိမ်းလိမ်း စွန်းထင်ရာ
    ဇမ္မူဒီပါ လက်ယာတောင်ကျွန်း...မှာ
    ခွေးမိစ္ဆာ အစွယ်ငေါ့လို့...
    တစ်သက်မကြေ မျက်မပြေဘူးဟေ့။
    ငါ တို့ အမှန်တရား၊ နဲ့ သွေးစွန်းနေတဲ့
    ယုံကြည်မှု
    တစ်နေ့.နေ့မှာ....
    နေထွက်ခွင့် ရကို ရစေရမယ်။
    ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
    ကဗျာကို ဖတ်ပြီး ခံစားရလွန်းလို့
    ဒီကဗျာ ကတော့ စ လည် ဆုံး
    ဘာမှ ပြော စရာ မရှိအောင် ပြောင် မြောက်
    လှပါတယ်။ ကာရံ နဘေ လေးတွေနဲ့ ချိတ်
    ဆက်ပြီး အသုံးပြု ထားတာကိုလည်း ကြိုက် မိပါတယ်။
    ReplyDelete