ခေတ်ကြီးကိုက…..သိက္ခာတွေ ဇီးရိုးနဲ့
မိစ္ဆာတွေကြီးစိုးတဲ့ခေတ်။
မိစ္ဆာတွေကြီးစိုးတဲ့ခေတ်။
ကမ္ဘာမှာ ဘိတ်ဆုံးနဲ့
အရာရာ ဆိတ်သုဉ်းတဲ့ခေတ်။
အရာရာ ဆိတ်သုဉ်းတဲ့ခေတ်။
ပြက်လုံးတွေကို
အရှက်မဲ့ဆိုပြပြီး
သေနတ်နဲ့ ဗိုလ်ကျတဲ့ခေတ်။
အရှက်မဲ့ဆိုပြပြီး
သေနတ်နဲ့ ဗိုလ်ကျတဲ့ခေတ်။
ခွပ်ဒေါင်းတွေပြေးတဲ့လမ်းမှာ
သွေးတွေ စေးထန်းနေတဲ့ခေတ်။
သွေးတွေ စေးထန်းနေတဲ့ခေတ်။
သမင်မွေးရင်း ကျားစားရင်းနဲ့
ကြယ်တွေ မျိုးတုံးတဲ့ခေတ်။
ကြယ်တွေ မျိုးတုံးတဲ့ခေတ်။
ကိုယ့်တအိမ်လုံးမီးလောင်နေတာတောင်
မမြင်ချင်ယောင်ဆောင်ထားရတဲ့ခေတ်။
မမြင်ချင်ယောင်ဆောင်ထားရတဲ့ခေတ်။
အသည်းငယ်တဲ့ လိပ်ကလေးလို
ကိုယ့် အတ္တအခွံလေးထဲမှာ
ခေါင်းလေးတဲ့ အသာဝှက်ထားရတဲ့ခေတ်။
ငါတို့အားလုံးကိုယ့် အတ္တအခွံလေးထဲမှာ
ခေါင်းလေးတဲ့ အသာဝှက်ထားရတဲ့ခေတ်။
စားဝတ်နေရေးဆိုတဲ့ မြစ်ထဲမှာ
ရေနစ်နေရတဲ့ခေတ်။
ကောင်းကင်ကို
ဆရာရေ ဒီခေတ်မှာ လူဖြစ်လာတဲ့ သဲတို့ကတော့ ကံဆိုးတယ် ပြောရမယ်ထင်တယ်။ ဒီလိုဆိုးသွမ်းတဲ့ ခေတ်ကြီးမှာ မွေးဖွားလာတာကိုး။ ဒါပေမယ့် ကံကောင်းတာက မိစ္ဆာတွေရဲ့ အနွယ်ဝင် ဖြစ်မလာတာပါပဲ။ နဘေတွေနဲ့ စပ်ထားတဲ့ ဆရာ့ကဗျာကတော့ အစွမ်းထက်ပါဘိဗျာ
ReplyDeleteစ၊လယ်၊ဆုံး အကုန်လုံး ပြီးပြည့်စုံတဲ့ ကဗျာတစ်ပုဒ်ပါ
ReplyDeleteA good poem.
ReplyDeleteခေတ်ကြီးကိုက…..
ReplyDeleteသိက္ခာတွေ ဇီးရိုးနဲ့
မိစ္ဆာတွေကြီးစိုးတဲ့ခေတ်။
ကဗျာလေးကိုကြိုက်တယ်ဆုံဆည်းရာမှာဖတ်ပြီးက
တည်းက
ခေတ်ကိုဖွဲ့ထားတဲ့
ReplyDeleteကိုကောင်းကင်ရဲ့
အရေးအသားနဲ့
အတွေးက ခုလက်ရှိခေတ်ကို ကွင်းကွင်းကွက်ကွက်
ဖော်ပြနေသလိုပဲနော်
i like it very much...i wanna ask you..How do you get like this good idea?....hey!!!i can't show...how i like it...
ReplyDelete