အကြံတူသူအချင်းချင်း
ဝေစားမျှစားနေကြတဲ့
အတ္တရပ်ဝန်းတစ်ခုမှာ
အဆိပ်ပင်တပင်ကို
ဝိုင်းပြီးရေလောင်းနေကြတယ်။
တကယ်တော့
အာဆီယံစကားဝိုင်းက စကားလုံးတွေဟာ
အရက်ဝိုင်းက စကားလုံးတွေလောက်တောင်
အနှစ်အသားမပါဘူး။
အခုလောလောဆယ်တော့
မြန်မာနိုင်ငံဆိုတာ
နိုင်ငံလို့ အမည်ခံထားတဲ့
အကျဉ်းထောင်တစ်ခုသာဖြစ်တယ်။
ဒီကြားထဲ ငါတို့ ကို
ရောမခောတ်က ကျွန်တွေလို သဘောထားပြီး
ပြည်သူကို နှစ်ခြမ်းခွဲ
အချင်းချင်းပြန်သတ်ခိုင်းခဲ့တယ်။
တဘက်ကို
မျက်လုံးတွေထဲ အဆိပ်တွေခတ်
စိတ်ကြွဆေးတွေတိုက်ပြီး
သတ်ကွင်းထဲကို လွှတ်ခဲ့တယ်။
တဘက်ကို
အစာရေစာတွေဖြတ်၊ နှောင်ကြိုးတွေခတ်ပြီး
ဒုက္ခတွေတန်းလန်းနဲ့ 
သတ်ကွင်းထဲကို လွှတ်ခဲ့တယ်။
ညီအစ်ကိုတို့ 
ရန်သူအစစ်ကိုမြင်အောင်ကြည့်ကြ။
၂၁ရာစုဦးမှာ
မျှော်လင့်ချက်ဆိုတဲ့ နီနီရဲရဲ နေတစ်စင်းကို
ငါတို့ သွေးတွေနဲ့ 
ကောင်းကင်မှာ အပြည့်ရေးမယ်။
ကောင်းကင်ကို
ကဗျာက အရမ်းကောင်းတယ်ဗျို့။ ဘယ်အပိုဒ်က အကောင်းဆုံးလဲဆိုတာတောင် မရွေးတတ်တော့ဘူး။ အပိုဒ်တိုင်းက အဓိပ္ပာယ်ပြည့်ဝလွန်းလို့လေ။ ဆက်လုပ် ဦးရေ ဆက်လုပ် :P
ReplyDelete၁ရာစုဦးမှာ
ReplyDeleteမျှော်လင့်ချက်ဆိုတဲ့ နီနီရဲရဲ နေတစ်စင်းကို
ငါတို့ သွေးတွေနဲ့ 
ကောင်းကင်မှာ အပြည့်ရေးမယ်။
ရေးရမှာပေါ့အစ်ကိုရေ
တစ်ခုပဲရှိတယ်
သတ္တိလေ
၂၁ရာစုဦးမှာ
ReplyDeleteမျှော်လင့်ချက်ဆိုတဲ့ နီနီရဲရဲ နေတစ်စင်းကို
ငါတို့ သွေးတွေနဲ့ 
ကောင်းကင်မှာ အပြည့်ရေးမယ်။
အင်အားအပြည့်ပါဘဲညီလေးရေ။ကဗျာလေးကနှလုံးသားကိုထိတယ်။
ကဗျာလေးကောင်းတယ် ကောင်းကင်ရေ…` ၂၁ ရာစုဦးမှာ … မျှော်လင့်ချက်ဆိုတဲ့ နီနီရဲရဲ နေတစ်စင်းကို … ငါတို့သွေးတွေနဲ့ … ကောင်းကင်မှာ အပြည့်ရေးမယ် ´ ဆိုတဲ့ နောက်ဆုံးပိုဒ်လေးကို အကြိုက်ဆုံးပဲ။ တကယ့်ကို အားမာန်အပြည့်နဲ့ ကြွေးကြော်လိုက်သလိုပါပဲ…။ ဒါနဲ့ အခု ပို့စ်အသစ် တင်လို့မရဘူးဆို … ဘာဖြစ်တာလဲ … ။
ReplyDeleteတကယ်တော့
ReplyDeleteအာဆီယံစကားဝိုင်းက စကားလုံးတွေဟာ
အရက်ဝိုင်းက စကားလုံးတွေလောက်တောင်
အနှစ်အသားမပါဘူး။ ... really funny.
အခုလောလောဆယ်တော့
မြန်မာနိုင်ငံဆိုတာ
နိုင်ငံလို့ အမည်ခံထားတဲ့
အကျဉ်းထောင်တစ်ခုသာဖြစ်တယ်။
၂၁ရာစုဦးမှာ
မျှော်လင့်ချက်ဆိုတဲ့ နီနီရဲရဲ နေတစ်စင်းကို
ငါတို့ သွေးတွေနဲ့ 
ကောင်းကင်မှာ အပြည့်ရေးမယ်။
Beautiful and powerful paragraphs.
ကဗျာဆရာရေ ကောင်းတယ်လို့ပဲဆိုတော့မယ်ဗျိုက ။ ကဗျာဆရာတွေ ကဗျာအရေးကျဲတဲ့ကာလမှာ အသစ်တင်ပေးတဲ့အတွက်လည်း ကျေးဇူးဗျို့ :)
ReplyDeleteခင်ဗျားကဗျာတွေကိုစောင့်နေတာကြာပြီဗျ
ReplyDeleteအစ်ကိုကြီးကဗျာတွေကတော့ အားမာန်တွေပေးတယ်ဗျာ ..
ReplyDeleteအဆင်ပြေပါစေ အစ်ကိုကြီးရေ ...။