Friday, February 1, 2008

ကြယ်တွေပြိုင်တူလင်းဖို့ လိုတယ်

သုည တစ်လုံးဟာ
ေ့ ရှဆုံးမှာ မနေသင့် ဘူး။

မင်းတို့ နေရာပျောက်မှာကြောက်တာနဲ့ 
ခန်းမတစ်ခုလုံး ဖျောက်ထားရသလား။

မိုးကြိုး လျှပ်စီးရယ်…
မင်း… ငါတို့ ကို ပစ်ခတ်ပြာချလည်း
မင်းလည်း ခဏပဲ လင်းမှာပါ။
လမင်းတော့ ဖြစ်လာမှာ မဟုတ်ဘူး။

သူငယ်ချင်းတို့ ရေ…
မိုးတိတ်မှ အပြင်ထွက်မယ်ဆိုတဲ့  စိတ်ဓာတ်တွေနဲ့ တော့ 
ဘယ်ကိုမှ ရောက်မှာ မဟုတ်ဘူး။

ယုံကြည်ချက်တွေကိုထမ်းပြီး
ကမ္ဘာသစ်ဆီသွားမယ်. လမ်းဟာ
ကြမ်းတော့ ကြမ်းလိမ့် မယ်။

ေ့ ရှမှာလည်း
တစ္ဆေတစ်ကောင်
သေနတ်ကိုင်ပြီး စောင့် နေတယ်။

တစ္ဆေမကြောက်သင့် တဲ့ အချိန်မှာတော့ 
ငါတို့ မျက်လုံးတွေကို ကန်းသင့် ရင် ကန်းထားရလိမ့် မယ်။

ပြီးတော့ 
တောက်ပနေတဲ့ မျက်လုံးအသစ်တွေနဲ့ 
အိမ်မက်တွေကိုပဲ တည့် တည့် ကြည့် ပြီး
ရဲရဲဝ့ံဝံ့လျှောက်ရအောင်။

မီးပျက်နေတဲ့ ညတွေမို့ 
ကြယ်တွေပြိုင်တူလင်းဖို့ လိုတယ်။

ကောင်းကင်ကို

blog လုပ်ခါစက တင်ခဲ့ဖူးတဲ့ ကဗျာဟောင်းလေးကိုပဲ ပြန်တင်လိုက်ပါတယ်။

9 comments:

  1. ဆရာရေးသမျှ ကဗျာတွေထဲမှာ ဒီကဗျာကို အကြိုက်ဆုံးပဲသိလား။ အထူးသဖြင့်တော့ ဒီအပိုဒ်လေးပေါ့။

ေ့ ရှမှာလည်း
    တစ္ဆေတစ်ကောင်
    သေနတ်ကိုင်ပြီး စောင့် နေတယ်။

    တစ္ဆေမကြောက်သင့် တဲ့ အချိန်မှာတော့ 
    ငါတို့ မျက်လုံးတွေကို ကန်းသင့် ရင် ကန်းထားရလိမ့် မယ်။

    ပြီးတော့ 
    တောက်ပနေတဲ့ မျက်လုံးအသစ်တွေနဲ့ 
    အိမ်မက်တွေကိုပဲ တည့် တည့် ကြည့် ပြီး
    ရဲရဲဝ့ံဝံ့လျှောက်ရအောင်။

    လေးစားစွာဖြင့်
    မေပျို

    ReplyDelete
  2. ကို ကောင်းကင်...ဟုတ်တယ်နော...
    ကြယ်တွေပြိုင်တူလင်းဖို့လိုတယ်...
    ကောင်းတယ်စာသားလေးတွေက....
    အားလုံးပေါ့ အစစ အရာရာ အဆင်ပြေပါစေရှင့်...:)

    ReplyDelete
  3. အစ်ကိုရေ.....ရတနာလည်း ကြယ်တစ်ပွင့် အဖြစ် အဆင်သင့် ရှိနေမှာပါ။

    နေရာပျောက်မှာ ကြောက်နဲ့ ခန်းမတစ်ခုလုံး ဖျောက်ပစ်တဲ့ သူတွေကို ကြည့်နေလို့မှ မရတာ။

    ဟုတ် အစ်ကို...မိုးရွာနေလည်း ရဲရဲဝံ့ဝံ့ ကိုယ်လုပ်စရာ ရှိတာ လုပ်နိုင်အောင် ကြိုးစားနေပါတယ်။


    လေးစားစွာဖြင့်
    ရတနာ

    ReplyDelete
  4. သုည တစ်လုံးဟာ
ေ့ ရှဆုံးမှာ ဘယ်တော.မှ မနေသင့် ဘူး။


    ဟုတ်ပါတယ်။.သုညတစ်လုံးဟာ
    ရှေ့ ဆုံးမှာမဖြစ်ခဲ့သင့်ဘူး....

    ခင်မင်လျက်
    အိတာ

    ReplyDelete
  5. တခါတလေ တွေးမိရင် ရင်ထဲမှာ ဆို့တယ်ဗျာ။
    ကြီးနိုင်ငယ်ညှင်းတွေ တွေ့ရတော့ ခံရခက်တယ်။

    ReplyDelete
  6. စကားလုံးတွေရဲ့ အဓိပ္ပါယ်တွေကောင်းလိုက်တာ....

    ReplyDelete
  7. ရေးရခက်ကြီးဗျာ
    အဲလိုရေးချင်လိုက်တာ

    ReplyDelete
  8. i've just read the poem u composed. oh,what a great,man!i really really really appreciate it.keep going,man. as u composed,"not to be the zero is in front of all the valued numbers, all the stars r needed to light up in parallel.

    ReplyDelete
  9. you are such a great poet. keep it up man... this poem is the best for me...

    ReplyDelete