Monday, January 20, 2014

ဥပဒေရဲ့ ည



လာဘ်နည်းနည်း ယူမိသူတယောက်
ဥပဒေရဲ့ အကြမ်းဖက်ခြင်းကို ခံလိုက်ရတာဟာ
လာဘ်များများ ပြန်မထိုးနိုင်လို့တဲ့
ဥပဒေက ဈေးကြီးတယ်။

ကမ္ဘာကို ဖန်ဆင်းခဲ့တယ်ဆိုတဲ့ ဘုရားသခင်ဟာ
တနေ့လုပ် တနေ့စားတွေအတွက်....နေအိမ်ကို ဖန်ဆင်းမပေးနိုင်တော့
အိမ်စာရင်းမဝင်တဲ့ (ကျူးကျော်)တဲလေးတွေ အဖျက်ခံလိုက်ရတယ်။
ဥပဒေဟာ နာဂစ်ကိုမှ မသိဘဲ။

လူတွေကို ဖန်ဆင်းခဲ့တယ်ဆိုတဲ့ ဘုရားသခင်ဟာ
တချို့လူတွေအတွက် နိုင်ငံကို မဖန်ဆင်းပေးနိုင်တော့
လူစာရင်းမဝင်တဲ့ လူ၁၂သန်းလောက် ကျူးကျော်သူတွေ ဖြစ်ရတယ်။
ဥပဒေဟာ လူ့အခွင့်အရေးကိုမှ မသိဘဲ။

ကျောသားရင်သား မခွဲခြားဘူးဆိုတဲ့ ဥပဒေအောက်မှာ
လက်နက်ရောင်းခြင်းက... တရားဝင်ချင်ဝင်နေတတ်ပြီး
လူသုံးပစ္စည်း မှောင်ခိုရောင်းသူက... တရားရုံးထဲ ရောက်ချင်ရောက်နေလိမ့်မယ်။

William ကိုမေးပေးပါ။
ခိုလှုံစရာမရှိတဲ့ အရပ်မှာ
အိုးမဲ့အိမ်မဲ့ တယောက်ဟာ
ကာဖျူးအမိန့်ကို ဘယ်လိုလိုက်နာမလဲ?

ကောင်းကင်ကို (၂၀.၁.၂၀၁၄)
William = William the Conqueror [ ညမထွက်ရကာဖျူးအမိန့်ကို စတင်ပြဌာန်းခဲ့သူ ]

4 comments:

  1. ဥပဒေကို အနိုင်ရနေသူတစ်ယောက်ဟာ
    ဘယ်လိုစိတ်ထားနဲ့ ဥပဒေအောက်ကို ခေါင်းလျှိုပြီး ၀င်လာမလဲ။
    nawkonaw.blogspot.com

    ReplyDelete
  2. ဥပဒေဆိုတာ ငွေကလွဲပြီး ဘာမှမသိ နားမလည်တဲ့ သတ္တ၀ါပါ

    ReplyDelete
  3. u can create deep thoughts into nice words

    ReplyDelete
  4. i cannot know exactly the definition of law but i like this status.

    ReplyDelete