Sunday, December 11, 2011

တွဲဖက်သရုပ်ဆောင်

စွက်စွက်ဖက်ဖက် ပါးစပ်ဖျားတွေ ဆိုတာ
ရက်ရက်စက်စက် သေနတ်၊ဓါး တွေ လိုပဲ။
ဒါပေမဲ့ … အသက်ကို ရန်ရှာမယ့်အစား
အရှက်ကို ရန်ရှာလိမ့်မယ်။

တခါတခါ
ဝေဖန် ပါးစပ်မျိုးဆိုတာ
စေတန် နတ်ဆိုးလိုပဲ။
ကောင်းခန်းဆို
သောင်းကျန်းတတ်တယ်။

အသစ်အဆန်းစကား ထိုးကွက်တွေနဲ့လည်း
အချစ်လမ်းတံတား ကျိုးပျက်သွားအောင် ဖျက်ဆီးတတ်တယ်။

သူတို့က မြွေဖမ်းသမားတွေကွယ့်
ကလေး… ခြေလှမ်းမမှားစေနဲ့။

ကလေးရေ…
လူမှု စက်ဝိုင်းဇုန်ကြီး တခုလုံး
ဝဲဂယက် အရှုပ်တထောင်နဲ့
ကွဲအက်ပုပ်ရောင် နေတာကို မြင်ရဲ့လား။

ဒါပေမဲ့လည်း ဖြတ်သန်းရမှာမို့
တွဲဖက်သရုပ်ဆောင်လေးရေ
တွဲလက်မပြုတ်အောင် ကိုင်ထား။
(ကောင်းကင်ကို)

7 comments:

  1. တွဲဖက်သရုပ်ဆောင် ၊ သြ ပါရမီဖြည့်ဖတ် ၊ ကောင်းလိုက်တဲ့ စည်းရုံးမှု ကဗျာလေးဗျ ။

    ReplyDelete
  2. ဟုတ်ပါတယ်ကလေးခြေလှမ်းမှားလို့မရဘူးနော်
    ကဗျာကောင်းလေးပါဗျာ

    ReplyDelete
  3. ကောင်းကင်ကို ရေ မရောက်တာကြာပေမဲ့ ကဗျာသစ်လေးတွေ တွေ့ တိုင်း လိုက်ဖတ်ဖြစ်တယ် မရိုးဘူး ပိုပြီး လက်စွမ်းထက် လာတယ်။

    ReplyDelete
  4. ကောင်းတယ် အကိုရေ
    အားပေးခဲ့ပါတယ်
    အတွေးတွေကတော့ တော့အမြဲလို
    ထူးဆန်းနေတာ
    အားကျမီပါတယ်ဗျာ
    ( လေးစားခင်မင်လျှက်
    .ဒုတိယ.

    ReplyDelete
  5. ကဗျာကောင်းလေးဖတ်သွားပါတယ်..

    ReplyDelete
  6. ကောင်းကင်
    တွဲဖက်သရုပ်ဆောင်ထားတာပြောင်မြှောက်လှတယ်

    ReplyDelete
  7. အရမ်းကြိုက်တယ်ဗျာ အဆင်ပြေကျပါစေ

    ReplyDelete