Monday, September 5, 2011

Atheist တယောက်ရဲ့ (ရောက်တတ်ရာရာ) ခံစားချက်

ဘာသာရေးတွေကို ကိုယ့်အမြင်နဲ့ ဝေဖန်တဲ့ အခါ လူတွေ ဘာသာမဲ့ ဖြစ်လာဖို့ မရည်ရွယ် မမျှော်မှန်း ထားပါဘူး။ ကိုယ့်လွတ်လပ်မှုနဲ့ ကိုယ်နေနေတာကို သူတို့ရဲ့ ဟိုပေတံနဲ့ လာတိုင်း၊ ဒီပေတံနဲ့ လာတိုင်း မတိုင်းတော့ပဲ သူတို့ ယုံကြည်မှုဟာ သူတို့အတွက်လောက်ပဲ အမှန်တရား ဖြစ်နိုင်တယ် ဆိုတာလောက်ကို သဘောပေါက်လာကြရင်ပဲ ကျေနပ်ပါပြီ။ “ဒါက ငါ့အတွက်ပဲ အမှန်တရား၊ ဒါက အဓိပ္ပါယ် မရှိပေမယ့် ဒါကို ငါလုပ်ရင် ငါစိတ်ချမ်းသာတယ်။ ဒါကြောင့် ငါလုပ်တာ” လို့ နှလုံးသွင်းထားတဲ့ သူဆိုရင် ကျနော့်တယောက်တည်း အနေနဲ့တော့ ဘာမှ ပြောမှာ မဟုတ်ပါဘူး။ ဘာသာမဲ့ခြင်း ကိုလည်း absolute truth အနေနဲ့ သတ်မှတ်ထားတာ မဟုတ်တဲ့ ကျနော်က (ဘာလို့တုန်းဆိုတော့ ဘာသာမဲ့တာက ကိုးကွယ်တာ မရှိတာပဲ ရှိတာ။ ကျန်တဲ့ဟာတွေ မှားတယ်ထင်တယ်လို့ပဲ ပြောနိုင်တာ။ အမှန်တရားကို တွေ့ရှိခြင်းမှ မဟုတ်တာ) ဘာသာရေး သမားတွေလည်း သူတို့ဟာလည်း သူတို့အတွက်ပဲ အမှန်တရားလို့ သဘောထားကြီးပေးရင် အကုန်လုံးငြိမ်းချမ်းသွားမယ် ထင်တယ်။ တဘက်မှာ ကိုယ်မှန်တယ် ထင်တာကို သူများက မှားတယ်လို့ ထင်လည်း စိတ်ဆိုးစရာ မဟုတ်တော့ပါဘူး။ ဘာကြောင့်လည်း ဆိုတော့ အဲဒါက ကိုယ် တယောက်တည်း အတွက် အမှန်တရား ဖြစ်နေလို့။

ဘာသာရေးမှ မဟုတ်ပါဘူးလေ။ အနုပညာ၊ ကဗျာ၊ စာပေ အဲဒါတွေ အားလုံးလည်း ဓမ္မဓိဌာန်ကျကျ သုံးသပ်ကြည့်ရင် universal truth မှ မဟုတ်တာ။ ဒီတော့ ကိုယ့်ဘာသာစိတ်ချမ်းသာရင် တန်ဖိုးထား၊ ဒါကို ဝေဖန်လာတဲ့သူလည်း ရှိမယ်။ ပြန်ပြီးချေပနိုင်တယ်။ စိတ်ဆိုးစရာတော့ မဟုတ်။

မြန်မာပြည်ရဲ့ စာပေလောက ဖြစ်ဖြစ် ဘာသာရေး လောကဖြစ်ဖြစ် များနေတာက ကိုယ့်ဟာမှ ကိုယ့်ဟာ ဆိုတဲ့အစွဲတွေပဲ။ နာမည်ကြီး စာရေးဆရာ ကဗျာဆရာတွေက ပြောကြတယ်။ အနုပညာကို မခံစားတတ်သူသည် လူပင်မဖြစ်ထိုက်တဲ့။ အဲဒါလည်း တဘက်စွန်းပါ။ ကျနော်က အနုပညာကို အရမ်းမြတ်နိုးပေမယ့် မင်းတို့ဟာတွေ ဘာမှ မဟုတ်ဘူးလို့ ပြောရင်လည်း လက်ခံကျေနပ် နိုင်တဲ့သူပါ။ ကိုယ့် မြတ်နိုးမှုကို စွန့်လွှတ်လိုက်တာ မျိုးတော့မဟုတ်ဘူး။ သူပြောတာလည်း သူ့ရှုထောင့်က ဟုတ်နေတာပဲလေ။ အဲဒီ့တော့တချို့ အနုပညာရှင်တွေ ပြောပြောနေတဲ့ ကဗျာဆရာဆိုတာ ကမ္ဘာကြီးကိုပဲ ကယ်တင်သလိုလို၊ ကဗျာကို နားမလည်တဲ့လူကပဲ အသုံးမကျတော့သလိုလို၊ ဘာသာရေးမှာလည်း အဲလိုပါပဲ။ တဘက်သတ် ဆန်တာ တွေ လျှော့ကြရင် ကောင်းမယ်။ ကဗျာကို နားမလည်ပဲနဲ့ စိတ်ကောင်းရှိတဲ့သူတွေလည်း အများကြီး။ ဘာသာရေးကို နားမလည်ပဲနဲ့ စိတ်ကောင်း ရှိတဲ့သူတွေလည်း အများကြီး။

ဒါပေမယ့် ဘာလို့ ဝေဖန်တဲ့ အခါ ဝေဖန်သလဲဆိုတာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကိုယ့်ကို လာဝေဖန်ရင် နှစ်သက်သလို ကိုယ်ကလည်း ဝေဖန်ချင်လို့ပါ။ ဝေဖန်ချင်းက စဉ်းစားစရာတွေကို ဆွပေးတယ်လို့ ကျနော်ယူဆပြီး လူတွေရဲ့ အတွေးကို မြှင့်တင်ပေးနိုင်စွမ်း ရှိတယ်လို့ ယူဆလို့ တခုမှ မချွင်းမချန် ပြင်းပြင်းထန်ထန် ဝေဖန်တဲ့ အခါလည်းရှိမယ်။ ဒါပေမယ့် ပဋိပက္ခကို မျှော်လင့်ရုံသက်သက် ဝေဖန်တာ မဟုတ်ပါဘူး။

တကယ်တော့ ဘာသာရေးကို tool တခုလိုပဲ အသုံးချ၊ ကောင်းတဲ့နေရာမှာ သုံး။ မကောင်းတဲ့နေရာမှာ မသိချင်ယောင် ဆောင်နေ…အဲလိုလူမျိုးတွေကိုလည်း လေးစားပါတယ်။ တဘက်မှာ လောဂျစ်ရဲ့ အခန်း၊ လောဂျစ်ရဲ့ role ကိုလည်း မြှင့်တင်ချင်သူမို့၊ အဲလိုလုပ်ရတာ ဝါသနာထုံလို့ လုပ်နေတာလည်း ပါပါတယ်။

ဒါပေမယ့် ကျနော် ဒေးကား အယူအဆတခုခုဖြစ်ဖြစ်၊ နစ်ရှေးရဲ့ အယူအဆ တခုခုဖြစ်ဖြစ် တင်လိုက်တဲ့အခါ သူတို့က သာမန် ပုထုဇဉ်တွေလေ၊ လမ်းလွဲနေပြီ ဘာညာ ပြောတာမျိုး၊ ကိုယ်စီ ဘာသာရေး ပေတဲ့နဲ့ လာလာတိုင်းကြတာမျိုးကို မနှစ်သက်တဲ့အတွက် အမှန်တရားလို့ထင်ဆမှု အမျိုးမျိုး ရှိနိုင်တာကို သိသာစေဖို့လောက်သာ ဘာသာရေးကို ဝေဖန်ခြင်းပါ။ ဘာသာရေးကို ကိုးကွယ်တဲ့သူတွေကို မုန်းမယ်ဆိုရင်တော့ အဖိုးအဖွား အဖေအမေ က စပြီး မုန်းနေရမှာပေါ့။ ဒါကြောင့်မို့ ဘာသာမဲ့ကို ဘာသာရေး သမားတွေက မုန်းမယ်ဆိုရင်လည်း တချိန်ချိန်မှာ ခင်ဗျားတို့ရဲ့ သားမြေးတွေကို မုန်းရတာမျိုး မဖြစ်ဘူးလို့ ဘယ်သူ ပြောနိုင်မလဲ။ အယူအဆ မတူရင်တောင် လူကိုမမုန်းပဲ အယူအဆအကြောင်း သက်သက်သာ ပြောကြရင် လောကကြီး ဘယ်လောက်ငြိမ်းချမ်းလိမ့်မလဲ။
(ကောင်းကင်ကို)

11 comments:

  1. ဘာသာရှိသူဖြစ်စေ မရှိသူဖြစ်စေ လူတစ်ယောက် ခံယူချက်တစ်မျိုးမို့ ကိုယ့်ရှုထောင့်ကနေ ကြည့်ရင်တော့ အမှန်ပဲလို့ သတ်မှတ်ကြတယ်။
    ဘာသာရှိသူများအတွက်လည်း ဘာသာတိုင်းမှာ ထားရှိတဲ့ ပညာတ်ချက်ဆိုတာ ကိုးကွယ်သူတို့ ကောင်းမွန်ဘို့အတွက် လမ်းညွှန်ပေးတယ်လို့ ယူဆမိတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. အဲဒါ အမှန်တရားပဲ ကို ကောင်းရေ....။ အစက တော့ သိပ်မပြင်းထန်ပါဘူး...အခုနောက်ပိုင်းမှ “ ငါတို့က မှန်တာ ၊ မင်းတို့က မှားနေတာ ငရဲသွားမယ့်ကောင်တွေ ” အဲလို စကားတွေ ခံရပေါင်းများလာလို့ ညစ်တွန်းနေတာ..။

    သူ့တို့ဘာသာ ငရဲပဲ ဆင်းဆင်း ကောင်းကင်ပဲ တက်တက် ကိုယ်နဲ့မဆိုင်ဘူး၊ အဲဒါကို ကိုယ့်ကျမှ သူက မှားတယ်လာပြောတာ့ (လွန်လာရင်) သည်းခံလေ့ သိပ်မရှိဘူး။

    ဒါပေမယ့် မကောင်းတာကြီးကို ကောင်းပါတယ်လို့ အတင်းရိုက်သွင်းခံထားရရင်တော့ သွားပြီ။ တစ်ကယ်တော့ ကိုယ်တိုင်(ဥာဏ်ရှိရင်) ဖွင့်ပြီးလေ့လာ သင့်တယ်ထင်တာပဲ။

    ReplyDelete
  3. ဘာသာရေးကိုသူမှန်တယ်ငါမှန်တယ်ဆိုပြီ ငြင်းခုံ
    မနေပဲ ဘာတွေမှားနေလဲ ဆိုတာကို တဦးနဲ့ တဦး
    လေးစာစွာညှိနှိုင်းဖြေရှင်းကြရင်အကောင်းဆုံးပါပဲ...
    ဒီလိုမှမဟုတ်ပဲ ငါ မှန်တယ်ဆိုတဲ့  ငါ့ စကားနွားရ
    အတ္တ တွေကိုရှေတန်းတင်နေရင် ...အနာဂတ်သာသနာ
    ရေးအတွက် ရင်လေးမိပါတယ်...

    ReplyDelete
  4. ဘာသာရေးကိုသူမှန်တယ်ငါမှန်တယ်ဆိုပြီ ငြင်းခုံ
    မနေပဲ ဘာတွေမှားနေလဲ ဆိုတာကို တဦးနဲ့ တဦး
    လေးစာစွာညှိနှိုင်းဖြေရှင်းကြရင်အကောင်းဆုံးပါပဲ...
    ဒီလိုမှမဟုတ်ပဲ ငါ မှန်တယ်ဆိုတဲ့  ငါ့ စကားနွားရ
    အတ္တ တွေကိုရှေတန်းတင်နေရင် ...အနာဂတ်သာသနာ
    ရေးအတွက် ရင်လေးမိပါတယ်...

    ReplyDelete
  5. သိပ်ကောင်းတယ်....ဒီအတိုင်းဖြစ်ရမှာဗျ...၊ခုတော့..အင်း..
    ..အင်း ပဲပြောလိုက်ပါတယ်...:)

    ReplyDelete
  6. မှားတယ် မှန်တယ်ဆိုတာကို ဘယ်သူမှတတ်အပ်မပြောနိုင်ပဲ ဘာလို့ငြင်းခုန်နေကြမလဲကွယ် ..
    အဓိကကတော့ လောကကြီးငြိမ်းချမ်းနေဖို့ပဲလေ

    ReplyDelete
  7. ဘာသာမရှိတာကိုယ်က အဲ့ဒါဘာသာတစ်ခုကိုမိမိ ယုံကြည်သလို အလိုလိုဖြစ်သွားတတ်သည်ဟု စဉ်းစားမိရောင်တကား............

    ReplyDelete
  8. သီတဂူဆရာတော်ရဲ့ နေ နည်းသုံးပါ တရားတော်ကို နားထောင်ကြလေကုန်သတည်း ဘာသာရေးတွေနဲ့ ငြင်းခုံလာတဲ့ ပါတ်ဝန်းကျင်မှာ ဘာနဲ့ နေ ရမယ်ဆိုတဲ့ ဘယ်လို နေ ရမယ်ဆိုတာအကြံပေး ပြောထားသည်

    ReplyDelete
  9. ဘာသာမရှိတာကိုက ဘာသာရေး တခု ဆိုတာ ကျနော့်အတွက်တော့ မဟုတ်ဘူးခင်ဗျ။ ဘာသာမဲ့ဆို့တာ ဘာသာရေးတွေ အားလုံးက ပြောသမျှကို လိုက်ငြင်းနေတာမျိုးတော့ မဟုတ်ဘူးခင်ဗျ။ ဘာသာတိုင်းက လက်ခံတဲ့ အပိုင်းတွေကို လက်ခံပြီး လက်မခံတဲ့ အပိုင်းတွေကို လက်မခံတာ။ အကုန်လုံးကိုပယ် အကုန်လုံးကို လက်ခံတာမျိုး မဟုတ်တော့ တယောက်နဲ့တယောက်လည်း မတူနိုင်ပါဘူး။ ဘာသာမဲ့က oraganized religion တခုကို ကိုးကွယ်မနေတဲ့အတွက် ကိုယ့်သီချင်းကိုယ် ရေးရတာမျိုးနဲ့ တူတယ်။ အသံတွေက ရှိနေပြီးသား။ အဲဒီ့အသံတွေ အစပ်အဟပ်တည့်အောင် ကိုယ့်ဘာသာကို ဆွဲသုံးပြီး ဖန်တီးရတဲ့ သဘောမျိုးနဲ့ ဆင်လိမ့်မယ်။ ဘာသာရေးပြောသမျှကို အကုန် ဘူးခံငြင်းတာ မဟုတ်ပဲ ဘာသာတိုင်းက ကောင်းမယ်ထင်တဲ့အတွေးအခေါ်တွေကို လက်ခံတဲ့ သဘော မကြိုက်တာတွေကို ပယ်တဲ့ သဘောမျိုးဆိုတော့ တယောက်နဲ့ တယောက် မတူနိုင်၊ ညှိထားလို့လည်း မရတဲ့အတွက် ဘာသာမဲ့ဆိုတာ ဘာသာတခု လုံးဝ မဟုတ်ပါဘူး။

    ReplyDelete
  10. ကောင်းပါတယ်ဗျာ...
    ဘာ ဘာသာမှ မရှီဘူး ..ဆိုကတဲက
    အကို ဘာ ဘာသာမှ မရှီတဲ့ဘာသာကို
    ခေါင်းရှုပ် ခံ စဉ်းစား
    နေတာ..နဲ့ဆံပင်မွှေးတွေ တောင် ဖြူနေလောက်
    ပီထင်တယ်နော်..(သြော်) ဒါနဲ့ ကျွန်တော် ဒီကွန်မန့်
    ဘောက်ကနေ ထွက်လိုက်တာနဲ့
    အကိုရေးထားတဲ့စာတွေ မေ့သွားမှာတော့
    အသေအချာပဲဗျာ...“အတွေးသမားတွေမို့ အတွေးစကားလေး ထားခဲ့တာပါ”..

    (ဒုတိယ)

    ReplyDelete
  11. Would you mind if I quote a small number of your posts as long as I provide credit and sources back to your
    webpage: http://www.blogger.com/comment.g?blogID=6028901933327882406&postID=4522888513730727052.
    I most certainly will aslo make certain to give
    you the proper anchortext link using your website
    title: Blogger: ကောင်းကင်ကို.
    Be sure to let me know if this is ok with you. Thanks

    Look at my blog post arion

    ReplyDelete