Tuesday, June 29, 2010

အကြွင်း

လက်ယပ်ခေါ်နေတဲ့ အိပ်မက်လေးကိုတည်
ဘဝနဲ့ ရင်းပြီး စားကြည့်လိုက်တာ
ရလဒ်က သုညနဲ့ 
အမာရွတ်တွေ ကြွင်းခဲ့တယ်။
ကောင်းကင်ကို

16 comments:

  1. အမာရွတ်တွေကြွင်းခဲ့တယ်လားဗျာ။

    ReplyDelete
  2. လက်ယပ်ခေါ်နေတဲ့ အိပ်မက်လေးကိုတည်
    ဘဝနဲ့ ရင်းပြီး စားကြည့်လိုက်တာ
    ရလဒ်က သုညနဲ့ 
    အမာရွတ်တွေ ကြွင်းခဲ့တယ်။


    ရေးတတ်လိုက်တာငါ့မောင်ရယ်။

    ရလာဒ် သုညတဲ့ လား

    အကြွင်းက အမာရွှတ်

    ဟုတ်တယ် အမာရွှတ်တွေ

    ဒဏ်ရာ ဒဏ်ချက်တွေ

    ရင်ဘတ်ကြီး စုတ်ပြတ်သတ်လို့ ပေါ့

    လောကဓံ တရား ထုထောင်းတာလေ

    အံကြိတ် မာန်တင်း

    လက်သီး ကျစ်ကျစ်ဆုတ်

    နေရတဲ့ ဘ၀ ထုသား

    ပေသား ကျနေရောပေါ့နော်

    ဘ၀သမိုင်း မရိုင်းပါဘူး

    အချစ် သမိုင်းလည်း မရိုင်းပါဘူး

    ReplyDelete
  3. ဟုတ်တယ် ဆြာကဗျာရေ......
    နာတာထက် အမာရွတ်ကျန်တာပိုဆိုးတယ်လေ...
    ဘုထုးံကြီးနဲ့ .....

    လေးစားစွာဖြင့်
    ကန

    ReplyDelete
  4. ဒီရက်ပိုင်းအတွင်း အဲဒီလိုခံစားနေရတယ်။

    ReplyDelete
  5. good poem. what a beautiful

    ReplyDelete
  6. ဘောဇ ဘုရင်ရဲ့ အမာရွတ်မျိုးဆိုရင်တော့...
    မြတ်နိုးသင့်တယ်ဗျို့။

    ReplyDelete
  7. ကဗျာလေး လာခံစားသွားပါ၏။
    အတွေးတွေ အရေးတွေ စာလုံးသုံးထားတာတွေ တိုတိုလေးနဲ့ ထိထိမိမိ တကယ်ကို နှစ်သက်မိပါတယ်။
    သာယာချမ်းမြေ့ပါစေနော်
    မိုး

    ReplyDelete
  8. မရင်းချင်တော့ဘူး၊
    အတင်းဝင်စားပစ်လိုက်မယ်။
    ရလဒ်က အမြတ်၊
    အပြတ်ပဲ အကြွင်းမရှိ။

    အဟိ အဟိ၊
    ရူးသွားပြီမထင်နဲ့။

    ဒါလား ၊ အမာရွတ်ပါ။
    ချော်လဲပြီး ဒူးကွဲထားတာ။

    ကောင်းကင်ကိုရေ
    မင်္ဂလာပါ။
    “အကြွင်း”ကဗျာ တဆင့်ထပ်ခံစားခဲ့ပါရစေ။

    ခင်မင်လေးစားလျှက်

    ReplyDelete
  9. အမာရွတ်တွေတောင် ကြွင်းသလား အကိုရ ...

    ReplyDelete
  10. ကဗျာတွေ တ၀ ဖတ်ခွင့်ရတာ ကျေးဇူးပါ

    ကိုကောင်းကင်

    လတ်တလော ကဗျာတွေ မရေးဖြစ်သေးပေမယ့် ...

    ကဗျာအပေါ် နှစ်သက်တဲ့ ရီညွှတ်စိတ်ကတော့ ...

    သွေးညှီနံ့ရတဲ့ ဓားလို စိတ်တစ်ခုလုံး

    လက်လက်ထ သွားရတယ် ... :)

    ReplyDelete
  11. ဘယ်တော့မှ မပျောက်နိုင်မယ့်အမာရွတ်မျိုးပေါ့ဗျာ... အထူးသဖြင့်ထားခဲ့ပြီးထွက်သွားရတဲ့သူက ပိုနာကျင်ပါတယ် ကိုယ်ပေါ်မှာရှိတဲ့အမာရွတ်တောင် ပျောက်ဖို့ လပေါင်းများစွာကြာသေးတာပဲ နှလုံးသားပေါ်က အမာရွတ်ကတော့ သေရာပါမှာ မလွဲပါပဲ
    ကဗျာလေးက တကယ်ခံစားရပါတယ် ကိုကောင်းကင်ကို ကျေးဇူးတင်ပါတယ်ဗျာ။

    ReplyDelete
  12. "ပျော်ရွှင်မှုကိုတည် အချိန်ကာလနဲ့စားလို့ အကြွင်း နာကျင်မှု ကျန်နေမည်ဆိုလျှင် ဤပု စ္ဆာ အား ငါမတွက်လို...။"

    ကျနော် ရေးဘူးတဲ့စာသားလေးပါ..။ ကိုယ်အရမ်းသဘောကျတဲ့ ကဗျာဆရာတစ်ယောက်စီမှာ ခပ်ဆင်ဆင်လေးတွေ့မိလို့ ၀မ်းသာလို့..လာပြီး ကွန်မန့်ချန်လိုက်တာ။ အကို့ကဗျာတော်တော်များများ ကျနော် ကူးပြီး ဖြန့်လေ့ရှိတယ်..။ ခွင့်ပြုမယ်လို့ မျှော်လင့်ပါတယ်..။

    ReplyDelete
  13. "ပျော်ရွှင်မှုကိုတည် အချိန်ကာလနဲ့စားလို့ အကြွင်း နာကျင်မှု ကျန်နေမည်ဆိုလျှင် ဤပု စ္ဆာ အား ငါမတွက်လို...။"

    ကျနော် ရေးဘူးတဲ့စာသားလေးပါ..။ ကိုယ်အရမ်းသဘောကျတဲ့ ကဗျာဆရာတစ်ယောက်စီမှာ ခပ်ဆင်ဆင်လေးတွေ့မိလို့ ၀မ်းသာလို့..လာပြီး ကွန်မန့်ချန်လိုက်တာ။ အကို့ကဗျာတော်တော်များများ ကျနော် ကူးပြီး ဖြန့်လေ့ရှိတယ်..။ ခွင့်ပြုမယ်လို့ မျှော်လင့်ပါတယ်..။

    ReplyDelete
  14. ဟုတ်။ White ရဲ့ကဗျာလေးလည်း ကောင်းတယ်ဗျ။ ကဗျာတွေ ဖြန့်ဝေပေးတာကိုလည်း ကျေးဇူးပါ။း-)

    ReplyDelete