လူတယောက်
၂၄နာရီ စက်ဝိုင်းကို ပတ်ပြီး
တာစထွက်ခဲ့တဲ့ နေရာဆီကို ပြေးနေတယ်။
ပြေးနေတာကလည်းငါ။
ရပ်နေတာကလည်းငါ။
ဓားတလက်
သွေးရင်းတန်းလန်းနဲ့ သံချေးတက်နေတယ်။
သွေးနေတဲ့ သူကလည်းငါ။
ဓားကလည်းငါ။
သံချေးကလည်းငါ။
ပါးကွက်သားတယောက်
ပစ္စုပ္ပန်တံခါးကို လာခေါက်နေတယ်။
ပါးကွက်သားကလည်း ငါ။
အပြစ်သားကလည်း ငါ။
ကဗျာတပုဒ်
စိတ်အိုက်အိုက်နဲ့ ခေါင်းကုတ်နေတယ်။
စပ်တဲ့သူကလည်းငါ။
ဖတ်တဲ့သူကလည်းငါ။
နားမလည်တဲ့သူကလည်းငါ။
မှန်တချပ်
ငါ့ရှေ့တည့်တည့်မှာ လာရပ်နေတယ်
မှန်ထဲက မျက်နှာ
အဲဒါ ငါမဟုတ်ဘူး။
ကောင်းကင်ကို
If I am not me, then who am I ?
ReplyDeleteကိုကောင်းကင်ကို တရားရသွားပြီပဲး)
ကဗျာတွေက ရေးလိုက်ရင် ရှယ်တွေပါပဲလားဗျာ
ကဗျားကောင်းတွေ ဆက်လက်ရေးနိုင်ပါစေ ......
ဒီကဗျာ ဖတ်ပြီး စိတ်လေ သွားတယ် အစ်ကို
ReplyDeleteသရဲလားဟမ်...
ReplyDeleteဖတ်တယ်
ReplyDeleteမှတ်တယ်
ခံစားတယ်
ဖတ်တယ် မနပ်တာလည်း ငါပဲ။
မှတ်တယ် မတတ်တာလည်း ငါပဲ။
ခံစားတယ် အံသွားတွေကျိုးတာလည်း ငါပဲ။
အသက်သာရင့်လာတယ် ငါပဲ။
မတင့်တယ်မထယ်ဝါတာလဲ ငါပဲ မို့။
ခွင့်ပန်တယ် ငါ့ကို ငါ။
ရှိပါစေတော့ ရှိစေတော့။
ကောင်းကင်ကို ရေ၊ တရားရလို့
အသားမကျတဲ့ ကဗျာတပုဒ်ကို အားထုတ်ပြီး ရေးချလိုက်ပါတယ်။
ကိုကောင်းေ၇
ReplyDeletebuzz မှာတော့စ ထားတယ်
ဒီမှာတော့ တကယ်ေ၇းမယ်နော်
ဟုတ်တယ် ကိုကောင်းေ၇
အမ လည်းတခါတခါ မှန်ထဲ မှာမြင်နေ၇တာ ကိုယ်တိုင်မဟုတ်သလိုပဲ
သွေးလိုက်၇တာ ကိုယ့် ကိုယ်ကို
သွေးသာသွေး၇တယ် သံချေးကတတ်တတ်လိုက်လာတယ်
အမ မိုညေ
ကောင်းလိုက်တာ ကိုကောင်းရေ....
ReplyDeleteတော်တော်တွေးဖြစ်သွားတယ်။
ဓားတလက်
ReplyDeleteသွေးရင်းတန်းလန်းနဲ့ သံချေးတက်နေတယ်။
သွေးနေတဲ့ သူကလည်းငါ။
ဓားကလည်းငါ။
သံချေးကလည်းငါ။
"ငါမဟုတ်တာသေချာတယ်"
သွေးဆာနေတာငါမဟုတ်ဘူး။
သွေးရေဆေးတာငါမဟုတ်ဘူး။
သွေးတွေသောက်တာငါမဟုတ်ဘူး။
သွေးတွေလွမ်းလို့ 
သွေးပင်လယ်ဝေ
သွေးတွေစွန်းလို့ 
သွေးရေဆေးတာ၊
ငါမဟုတ်တာသေချာတယ်။
သွေးတွေစွန်းတာကောင်းကင်မဟုတ်တာသေချာတယ်။
ငါနဲ့င့ါသာ နှိုင်းယှဉ်ပါလဲ
ReplyDeleteငါ့ကိုယ် ငါမပိုင်
နာရီလက်တံကို ကိုင်ရင်း
အနိစ္စ ရထားပေါ်ေ၇ာက်
ငါကိုယ်တိုင် ပျောက်သွားတာက
ငါ...ပါလား...
ငါ့ အစ်ကိုရေ ...
ReplyDeleteလူကောင်အမှတ်ပျောက်ဆုံးခြင်း ဆိုတာ ...
ဒါမျိုးကို ပြောတယ် ထင်ပ ဗျာ ...
ဓားတလက်
ReplyDeleteသွေးရင်းတန်းလန်းနဲ့ သံချေးတက်နေတယ်။
သွေးနေတဲ့ သူကလည်းငါ။
ဓားကလည်းငါ။
သံချေးကလည်းငါ။
"ငါမဟုတ်တာသေချာတယ်"
သွေးဆာနေတာငါမဟုတ်ဘူး။
သွေးရေဆေးတာငါမဟုတ်ဘူး။
သွေးတွေသောက်တာငါမဟုတ်ဘူး။
သွေးတွေလွမ်းလို့ 
သွေးပင်လယ်ဝေ
သွေးတွေစွန်းလို့ 
သွေးရေဆေးတာ၊
ငါမဟုတ်တာသေချာတယ်။
သွေးတွေစွန်းတာကောင်းကင်မဟုတ်တာသေချာတယ်။