Wednesday, June 23, 2010

ငါမဟုတ်ဘူး

လူတယောက်
၂၄နာရီ စက်ဝိုင်းကို ပတ်ပြီး
တာစထွက်ခဲ့တဲ့ နေရာဆီကို ပြေးနေတယ်။
ပြေးနေတာကလည်းငါ။
ရပ်နေတာကလည်းငါ။

ဓားတလက်
သွေးရင်းတန်းလန်းနဲ့ သံချေးတက်နေတယ်။
သွေးနေတဲ့ သူကလည်းငါ။
ဓားကလည်းငါ။
သံချေးကလည်းငါ။

ပါးကွက်သားတယောက်
ပစ္စုပ္ပန်တံခါးကို လာခေါက်နေတယ်။
ပါးကွက်သားကလည်း ငါ။
အပြစ်သားကလည်း ငါ။

ကဗျာတပုဒ်
စိတ်အိုက်အိုက်နဲ့ ခေါင်းကုတ်နေတယ်။
စပ်တဲ့သူကလည်းငါ။
ဖတ်တဲ့သူကလည်းငါ။
နားမလည်တဲ့သူကလည်းငါ။

မှန်တချပ်
ငါ့ရှေ့တည့်တည့်မှာ လာရပ်နေတယ်
မှန်ထဲက မျက်နှာ
အဲဒါ ငါမဟုတ်ဘူး။
ကောင်းကင်ကို

10 comments:

  1. If I am not me, then who am I ?

    ကိုကောင်းကင်ကို တရားရသွားပြီပဲး)
    ကဗျာတွေက ရေးလိုက်ရင် ရှယ်တွေပါပဲလားဗျာ
    ကဗျားကောင်းတွေ ဆက်လက်ရေးနိုင်ပါစေ ......

    ReplyDelete
  2. ဒီကဗျာ ဖတ်ပြီး စိတ်လေ သွားတယ် အစ်ကို

    ReplyDelete
  3. ဖတ်တယ်
    မှတ်တယ်
    ခံစားတယ်

    ဖတ်တယ် မနပ်တာလည်း ငါပဲ။
    မှတ်တယ် မတတ်တာလည်း ငါပဲ။
    ခံစားတယ် အံသွားတွေကျိုးတာလည်း ငါပဲ။

    အသက်သာရင့်လာတယ် ငါပဲ။
    မတင့်တယ်မထယ်ဝါတာလဲ ငါပဲ မို့။
    ခွင့်ပန်တယ် ငါ့ကို ငါ။
    ရှိပါစေတော့ ရှိစေတော့။

    ကောင်းကင်ကို ရေ၊ တရားရလို့
    အသားမကျတဲ့ ကဗျာတပုဒ်ကို အားထုတ်ပြီး ရေးချလိုက်ပါတယ်။

    ReplyDelete
  4. ကိုကောင်းေ၇

    buzz မှာတော့စ ထားတယ်
    ဒီမှာတော့ တကယ်ေ၇းမယ်နော်

    ဟုတ်တယ် ကိုကောင်းေ၇
    အမ လည်းတခါတခါ မှန်ထဲ မှာမြင်နေ၇တာ ကိုယ်တိုင်မဟုတ်သလိုပဲ

    သွေးလိုက်၇တာ ကိုယ့် ကိုယ်ကို
    သွေးသာသွေး၇တယ် သံချေးကတတ်တတ်လိုက်လာတယ်


    အမ မိုညေ

    ReplyDelete
  5. ကောင်းလိုက်တာ ကိုကောင်းရေ....
    တော်တော်တွေးဖြစ်သွားတယ်။

    ReplyDelete
  6. ဓားတလက်
    သွေးရင်းတန်းလန်းနဲ့ သံချေးတက်နေတယ်။
    သွေးနေတဲ့ သူကလည်းငါ။
    ဓားကလည်းငါ။
    သံချေးကလည်းငါ။


    "ငါမဟုတ်တာသေချာတယ်"

    သွေးဆာနေတာငါမဟုတ်ဘူး။
    သွေးရေဆေးတာငါမဟုတ်ဘူး။
    သွေးတွေသောက်တာငါမဟုတ်ဘူး။
    သွေးတွေလွမ်းလို့ 
    သွေးပင်လယ်ဝေ
    သွေးတွေစွန်းလို့ 
    သွေးရေဆေးတာ၊
    ငါမဟုတ်တာသေချာတယ်။
    သွေးတွေစွန်းတာကောင်းကင်မဟုတ်တာသေချာတယ်။

    ReplyDelete
  7. ငါနဲ့င့ါသာ နှိုင်းယှဉ်ပါလဲ
    ငါ့ကိုယ် ငါမပိုင်
    နာရီလက်တံကို ကိုင်ရင်း
    အနိစ္စ ရထားပေါ်ေ၇ာက်
    ငါကိုယ်တိုင် ပျောက်သွားတာက
    ငါ...ပါလား...

    ReplyDelete
  8. ငါ့ အစ်ကိုရေ ...

    လူကောင်အမှတ်ပျောက်ဆုံးခြင်း ဆိုတာ ...

    ဒါမျိုးကို ပြောတယ် ထင်ပ ဗျာ ...

    ReplyDelete
  9. ဓားတလက်
    သွေးရင်းတန်းလန်းနဲ့ သံချေးတက်နေတယ်။
    သွေးနေတဲ့ သူကလည်းငါ။
    ဓားကလည်းငါ။
    သံချေးကလည်းငါ။


    "ငါမဟုတ်တာသေချာတယ်"

    သွေးဆာနေတာငါမဟုတ်ဘူး။
    သွေးရေဆေးတာငါမဟုတ်ဘူး။
    သွေးတွေသောက်တာငါမဟုတ်ဘူး။
    သွေးတွေလွမ်းလို့ 
    သွေးပင်လယ်ဝေ
    သွေးတွေစွန်းလို့ 
    သွေးရေဆေးတာ၊
    ငါမဟုတ်တာသေချာတယ်။
    သွေးတွေစွန်းတာကောင်းကင်မဟုတ်တာသေချာတယ်။

    ReplyDelete