(၁)
ရင်ဘတ်မှာ မြှားတန်းလန်းနဲ့ လူနာတွေ…
ဘယ်သူတွေလဲလို့ ကြည့်လိုက်တယ်
ကျနော်တို့ ကိုယ်တိုင် ဖြစ်နေတယ်။
(၂)
လူ့ ဘဝဆိုတာ
မွေးကတည်းက ခြွေအချခံလိုက်ရတဲ့
သစ်ရွက်တရွက်ပါပဲ။
ပျံတက်ခြင်းနဲ့ ကြွေကျ
သူ့ ဘဝခရီး ခဏမှာ
သစ်ရွက် တရွက်က ဆိုတယ်
လူသားရဲ့အစ…ဘုရားသခင်ရဲ့ ဖန်ဆင်းမှုကတဲ့။
နောက်တရွက်က ငြင်းတယ်။
လူသားရဲ့အစ…ဗြဟ္မာကြီးလေးပါးက။
ဒီလိုနဲ့ 
ယုံကြည်မှု ‘ချို’တွေ တထောင်ထောင်နဲ့
သစ်ရွက်နှစ်ကောင် ခတ်တဲ့ကြားမှာ
နားရွက်လေး တစုံ ကြားညပ်သွားတယ်။
ကျနော်
မြှားဒဏ်ရာကိုသာ အာရုံရောက်နေတဲ့ သစ်ရွက်နု
ကိုယ်တိုင်မသိတဲ့အရာအတွက် ရန်ဖြစ်ဖို့ ဝန်လေးလှတဲ့ အရိုးစု
စားပွဲကို လက်သီးနဲ့ ဝုန်းခနဲထု
အာရုံတွေကို ကျနော့်ဆီ လုလိုက်တယ်။
ပစ္စုပ္ပန်ကို တည့်တည့်ကြည့်
မြင်နိုင်သလောက်ပဲပြောကြည့်မယ်။
လူဟာ လူက ဆင်းသက်တယ်။
ကောင်းကင်ကို
ပစ္စုပ္ပန်ကို တည့်တည့်ကြည့်
ReplyDeleteမြင်နိုင်သလောက်ပဲပြောကြည့်မယ်။
လူဟာ လူက ဆင်းသက်တယ်။
ွှ့That's right!!!
ဒီလိုနဲ့ 
ReplyDeleteယုံကြည်မှု ‘ချို’တွေ တထောင်ထောင်နဲ့
သစ်ရွက်နှစ်ကောင် ခတ်တဲ့ကြားမှာ
နားရွက်လေး တခု ကြားညပ်သွားတယ်။
အစ်ကို့ ကဗျာတွေကတော့ အရင်တိုင်းပဲး) မာန်ပါတယ် ဖတ်ရတာ အရသာရှိတယ် ။
မတွေ့တာကြာပြီ အစ်ကိုရေ နေကောင်းတယ်ဟုတ် ။
It5 Masterpiece and G8 Bro........
ReplyDeleteလူ့ ဘဝဆိုတာ
ReplyDeleteမွေးကတည်းက ခြွေအချခံလိုက်ရတဲ့
သစ်ရွက်တရွက်ပါပဲ။( ကောင်းကင်ကို)
သိပ်မှန်တယ်။
ငယ်ငယ်က ခဏခဏအဆူခံရတယ်။
“ဖက်ပေါ် ဆူး ကျ လည်း ဖက်၊
ဆူး ပေါ် ဖက် ကျ လည်း ဖက်။”
အရွက်တစ်ရွက် ရဲ့ အန္တရာယ်။
CHALLENGE TO DARWIN....
ReplyDeleteMAN COMES FROM MAN.
ရှောက်မပြောတော့ဘူး
ReplyDeleteကြိုက်တာလေးပဲပြောမယ်။
ဒီလိုနဲ့ 
ယုံကြည်မှု ‘ချို’တွေ တထောင်ထောင်နဲ့
သစ်ရွက်နှစ်ကောင် ခတ်တဲ့ကြားမှာ
နားရွက်လေး တစုံ ကြားညပ်သွားတယ်။
စားပွဲကို လက်သီးနဲ့ ဝုန်းခနဲထု
ReplyDeleteအာရုံတွေကို ကျနော့်ဆီ လုလိုက်တယ်။
သိပ်ပီး အလန့်ထညက်တွေလုပ်တာပဲ... :D
အလွန်ကောင်း၏
အားပေးနေပါသည်....
သစ်ရွက်တွေရဲ့စကားဝိုင်းမှာ ယုန်သူငယ်လေး မျက်စိသူငယ် နားသူငယ်နဲ့
ReplyDelete:D
ကဗျာလေးထဲမှာ ဟာသလေးတွေပါ ခံစားမိစေပါတယ်
ReplyDeleteတကယ်ကောင်းပါတယ်
ကျွန်မ မြရေလျဉ်ပါ
ကဗျာလေးတွေ လာပြန်ဖတ်ပါဦးနော်
ကိုကောင်းကင် ...
ReplyDeleteသိပ်မှန်တဲ့ ဒဿန ...
လူဟာ လူက ဆင်းသက်တယ် ...
ဒုက္ခ ၊ သုခ ဆိုတာ လည်း
ငွေကြေးလို ... လူက လူ့အဖြစ်မှာ
ထပ်ရှုပ်သွားစေတဲ့ သတ်မှတ်ပြဌာန်းချက်တွေ
ဖြစ်လိမ့်မယ် ထင် ... :)
ရင်ဘတ်မှာ မြှားတန်းလန်းနဲ့ လူနာတွေ…
ReplyDeleteဘယ်သူတွေလဲလို့ ကြည့်လိုက်တယ်
ကျနော်တို့ ကိုယ်တိုင် ဖြစ်နေတယ်။
အမှန်တရားပေါ့ဟာ။လူတိုင်းဒဏ်ရာတွေနဲ့ ပေါ့