လင်းဦး(စိတ်ပညာ) ကျော်ညိုသွေးတို့ စီစဉ်တဲ့ မိုးဦးလေပြည် ကဗျာ ebook ထဲက "အစာမြင်တွေ့ လျက်နဲ့" ဆိုတဲ့ ကဗျာပါ။ လင်းဦး(စိတ်ပညာ)၊ညီဇံလှ၊ သူရဿဝါ၊ သားဖြိုး၊ ဇာတိ၊ ရင်နင့်သူ၊ လေပြေ၊ ကျော်ညိုသွေး၊prizewai နဲ့ ကျနော် ပါဝင်ရေးသားထားပါတယ်။ အဲဒီ့ ကဗျာစာအုပ်ကို ဒေါင်းလုဒ် လုပ်ချင်ရင် link
အစာမြင်တွေ့လျက်နဲ့
ဖော်မြူလာ စကားပဲ ဟစ်တဲ့
ပေါ်ပြူလာ စတားလည်း မဖြစ်ချင်ဘူး။
အဖျားရှူး အပြောများနဲ့ 
ဘုရားထူး စကောလားလည်း မဖြစ်ချင်ဘူး။
ဇာတ်တိုက်သလိုပဲ လှုပ်ရှား
ဇာတ်လိုက်လိုလည်း လုပ်မစားချင်ဘူး။
အစုတ်ကို အကောင်း
အနုတ်ကို အပေါင်း ပြောတဲ့သူလည်း မဖြစ်ချင်ဘူး။
အကဲဒမစ်ဆန်တဲ့ သေနတ်မျိုးဆိုလည်း…. မကိုင်ချင်ဘူး။
ခဲပစ်သန်တဲ့ ပါးစပ်မျိုးကိုလည်း…. မပိုင်ချင်ဘူး။
သြော်…
ကဗျာခြင်္သေ့
အစာမြင်တွေ့ လျက်နဲ့ ….
ကောင်းကင်ကို
I really like your creation
ReplyDeleteGreat writing
Great poem creation.
ReplyDeleteကောင်းတယ်မောင်လေးရေ ကဗျာ တိုင်း အနှစ်တွေကြည့်ပါပဲ
ReplyDeleteအမ မေအိခင်
နဘေလေးတွေချိတ်ထားတာလှတယ်...
ReplyDeleteကောင်းဗျား။
ReplyDeleteတွေ့တဲ့အစာတိုင်း မစားတတ်တဲ့ ခြင်္သေ့
ReplyDeleteလေးစားပါတယ်...။
အချိတ်အဆက်
ReplyDeleteအမိတ်အဖက်
ဒက် ကနဲထိ
စကားလုံးတွေက မိ ပီတိတွေဖြစ်ရလို့
အချိန်ရှားတယ်ဆိုသူတွေကော ၊ ဇိမ်နဲ့ နားနေသူတွေ ကော
အစာရှိပေမယ့်
ပညာဥာဏ်သိတဲ့ ခြင်္သေ့ ကဗျာများ
မဖတ်ရရင် မနေနိုင်
ဖတ်ပြီးနောက်ကျော့
မောက်စ် ကို အခေါက်ခေါက်ညှစ်
ပို့စ် အသစ်မရှိလည်း
လာမှာပဲ
လာမှာပဲ
like
ReplyDeleteကဗျာ ခြင်္သေ့ လို့ ကိုကောင်းကင် အဖွဲ့ကို ...
ReplyDeleteဖတ်ရတော့ ...
ကေသရာဇာမှန်ရင် ... ဘာဆိုလား စကားပုံလေး
သွား ... အမှတ်ရမိပါကြောင်း ... :)