Saturday, March 13, 2010

မဖွဲ့ တတ်တဲ့ ကဗျာ

ရင်ခွင်အနှံ့ တိတ်တိတ်လေး တပ်ဖြန့်ပြီးခို
ခံစားချက်ချိုချိုတွေကို ကိုယ်စားပြုဖို့ 
ကဗျာ blog တွေကိုသွား
အက္ခရာတွေကို လိုက်ငှားကြည့်တော့လည်း
အားလုံးက ပေါ့နေ
စိတ်ကြိုက် တပိုဒ်တလေတောင် မတွေ့ ဘူး။
ငါပြောချင်နေတဲ့ စကားနဲ့ 
ကဗျာတွေပြောနိုင်တဲ့စကားက
ပန်းနဲ့ ကျောက်သားတွေလို ကွာနေတယ်။

ဒီလိုနဲ့ စိတ်ကိုပြောင်း
သီချင်းကောင်းလေးတွေရှိတတ်တဲ့ website ကို
နှလုံးသားဦး လှည့်လိုက်တယ်။
တကယ့် အရေးအကြောင်းကျတော့
အဲဒီ့သီချင်းတွေလည်း
ငါ့နက်နဲ တဲ့အချစ်ကို အသံလွှင့်ဖို့ 
ကြယ်တပွင့်အဆင့်တောင် မစွမ်းဆောင်နိုင်ဘူး။

ရုပ်ပုံတပုံမှာ
စကားလုံးပေါင်းများစွာပါသတဲ့။
အရောင်နဲ့ ရေးထားတဲ့ ကဗျာတွေဆီကိုသွားတယ်။
ဒါပေမယ့်….
အဲဒီ့ သက်တန့် ဆေးစက်တွေကလည်း
သူ့ ကို အရမ်းချစ်တဲ့ ငါ့သွေးစက်တွေအကြောင်း
ပေါ်လွင်အောင် စာလုံးမပေါင်းနိုင်ဘူး။

ခက်တယ်! ဘယ်လိုပြောပြ ရပါ့မလဲ။
ငါ့မျက်လုံးတွေက
ငါ့ဦးနှောက် ဘယ်၊ညာ နှစ်ခြမ်းလုံးကို
အဲဒီ့ သက်ရှိကဗျာလေး ဖတ်ပြလိုက်တိုင်း
ငါ့ရင်ခွင် ဘယ်ဘက်ခန်းထဲက
ပုံမှန် ခုန်နေကျ နာရီတလုံး
အမြန်နှုန်း အရမ်းမြင့်သွားတတ်တယ်ဆိုတာ။
ကောင်းကင်ကို

19 comments:

  1. ကိုကောင်းကြီးလည်း ချစ်တတ်တယ်နော်။ စာသားတွေက နုပြီးလှနေတယ်။

    ReplyDelete
  2. ဝါးးးးး၊ မိုက်လှချည်လား

    ReplyDelete
  3. ကဗျာကို အမြန်နှုန်းနဲ့ လာဖတ်သွာတယ်..
    လေးစားစွာဖြင့်
    ကန

    ReplyDelete
  4. သြော်..လက်စသတ်တော့ အချစ်ပါလား :D

    ReplyDelete
  5. ငါ့ရင်ထဲက အချစ်စကားလုံးတွေကို
    ဘယ်ကောင့် ဘလော့တွေကမှ
    ငါပြောချင်သလို မစွမ်းနိုင်ပါဘူး
    ချာတူးလန် ဘလော့တွေ website လို့ တည့်တည့် ပြောလိုက်တာပေါ့...
    ကောင်းပ

    ReplyDelete
  6. ဟားဟား။ ဟုတ်ပ။ ကောင်းကင်ကို ဘလော့ဂ် ဆို အဆိုးဆုံးပဲ :P
    ဟီးဟီး။ သက်သက်တင်စားတာပါဗျ။ ကျနော်ကြိုက်တဲ့ ကဗျာ ဘလော့ဂ်လေးတွေ အများကြီးရှိတယ်ဗျ။

    ReplyDelete
  7. (ပန်းနဲ့ကျောက်သား)မော်ကြည်သွားတယ်ဗျာ့၊ အဆိပ်ဝတ်မှုံ ငုံများမထားနိုင်ဘူးလား။

    ReplyDelete
  8. လာအားပေးသွားပါတယ်။

    blog လာလည်လို့ကျေးဇူးတင်ပါတယ်။
    ခု ချစ်ကြည်ရေးတံတားမှ လွတ်လပ်တဲ့နိုင်ငံဆီသို့ ပို့စ်အသစ်တင်ထားပါတယ်။
    လင့်ခ်လည်းချိတ်ထားလိုက်ပါပြီ။

    ပျော်ရွှင်ပါစေ။

    ReplyDelete
  9. ရေးတတ်လိုက်တာမောင်လေး

    ချစ်သူကိုလွမ်းနေလဲ

    လိုက်သွားဟာနော်
    ကဗျာမဖွဲတတ်လို့ဘဲနော်

    ReplyDelete
  10. ဗျို့ ကိုကြီးကောင်း

    အရမ်းကြိုက်သွားပြီဗျာ။ နှလုံးသား အမြန်နှုန်းလေးကို ထပ်မြင့်နိုင်အောင် လာလှည့်သွားပြီဗျာ၊ တကယ့်ကို ခံစားမှုအပြည့်နဲ့ပါပဲ၊ စကားလုံးလေးတွေက ရွရွကလေး။ ဖွဲ့နွဲ့မှုတွေက ပုလဲလိုပါပဲဗျာ၊ မဖွဲ့တတ်တဲ့ ကဗျာ မို့လို့ထင်ပါ့ ဒါလောက်ကောင်းနေတာ ဖွဲ့တတ်တဲ့ ကဗျာသာဆို အရမ်းမိုက်မှာပဲနော် ဟုတ်လား ကိုကြီးကောင်း၊ သာယာပျော်ရွှင်ပါစေဗျာ၊

    ReplyDelete
  11. ရေးတတ်လိုက်တာမောင်လေး

    ချစ်သူကိုလွမ်းနေလဲ

    လိုက်သွားနော်

    ကဗျာမရေးတတ်လို့နော်
    တော်တော်ကောင်းတယ်

    ReplyDelete
  12. ချစ်သောသူနဲ့  ခိုင်မြဲပေါင်းဖက်ရပါစေဗျာ။(ဆုတောင်း) ကဗျာသစ်များ ဆက်လက်မျှော်ဆဲ

    ReplyDelete
  13. မဖွဲ့တတ်ပေမဲ့လဲ အရမ်းကိုကောင်းနေတယ် . . .

    ReplyDelete
  14. တင်စားတာကလည်းဗျာ ... မိုက်တယ် ...

    ReplyDelete
  15. forlaminlay.blogspot.com
    ကိုတချက်လောက်သွားကြည့်ပါလားအစ်ကိုရေ...........
    တခါတလေမှပေါ်လာတဲ့ကဗျာလေးတွေရှိတယ်.......

    ReplyDelete
  16. forlaminlay.blogspot.com
    ကိုတချက်လောက်သွားကြည့်ပါလားအစ်ကိုရေ...........
    တခါတလေမှပေါ်လာတဲ့ကဗျာလေးတွေရှိတယ်.......

    ReplyDelete
  17. မဖွဲ့တတ်လို့ သာ ပ ...

    ကိုကောင်းကင်ရယ် ... :)

    ReplyDelete
  18. ဒီကဗျာလေးကိုလည်း ကြိုက်တယ်။

    ReplyDelete