အက္ခရာ ၂၆လုံးထဲက C ဆိုတဲ့တလုံး
အမုန်းနဲ့ ဖြုတ်ပစ်လိုက်ချင်တယ်။
C ကို cupid ဖြစ်မယ်ထင်ခဲ့တာ
C က curse တဲ့။
C…အိပ်မက်ဆိုးတွေ တန်းစီနေတယ်။
C…ဘယ်အချိန်မှန်းမသိ ထပေါက်ကွဲနိုင်တဲ့ ဗုံးတလုံး
C…စိတ်နဲ့ ကိုယ်နဲ့ ကြားမှာ ခပ်စိမ်းစိမ်းဖြစ်ရပြီတဲ့။
C…အပျော်မျက်နှာတွေကို ထိုးနှက်လိုက်တဲ့ လက်သီးတလုံး
ရောဂါကူးစက်မှုဟာ
ဖယောင်းတိုင်မီး ကူးသလိုမျိုးမဟုတ်ပဲ
လက်ဆင့်ကမ်း ရွှေ့ ပြောင်းယူလို့ ရကြေးဆိုရင်
ငါ့အသည်းက
ပိုးမွှားတွေကို မွေးမြူပေးဖို့ အသင့်။
ချစ်သူရေ
ဘာမှမကျိန်းသေတဲ့လောကကြီးထဲမှာ
မှန်းထားတဲ့အိပ်မက်ရက်တွေ မရောက်မီ
ငါကြွေပြီး မင်းနေကောင်းသွားခဲ့ရင်
သံယောဇဉ် တနွယ်ထပ်ပျိုး
ပိုလုံခြုံမယ့် ထီးကိုမိုးလိုက်ပါ။
မင်းကြွေသွားရင်တော့
ငါ့ကလောင်မှာ နှလုံးသွေးတွေဆိုး
မင်းရဲ့ အရိုးနဲ့ ငါလက်မှတ်ထိုးမယ်။
ကောင်းကင်ကို
ဘယ်လောက်ပဲ ဆိုးဝါး၊ခါးသီးတဲ့ အရာတွေနဲ့ တွေ့ကြုံရလည်း ကိုကို့ လက် ကိုမြဲမြဲဆုပ်ကိုင်ရင်း...အားလုံးကိုကျော်ဖြတ်သွားမယ်...
ReplyDeleteကဗျာလေးနဲ့ အရာရာအတွက် ကျေးဇူးပါ...
ကိုကို့ ကိုအရမ်းချစ်တယ် ..
လေးစားလျက်ပါအကို :)
ReplyDeleteဟိုက်???
ReplyDeleteအဟင့်  စီ က နံပါတ် (၁) လားဟင်
ReplyDeleteအရိုးနဲ့ လက်မှတ်ထိုးမယ်ဆိုတာ ကတမျိုးကြီးပါလားးp
သာယာချမ်းမြေ့ကြပါစေနော်
မိုး
ကောင်းတယ်လို့တောင် မပြောရက်ပါဘူး ကိုကောင်းရေ။ ခေတ်မှီနေတဲ့ခေတ်ကြီးမှာ စီတစ်လုံးက ဘာမှ မပြောပလောက်ပါဘူး မဖြိုးရေ။ စိတ်ခွန်အား ရှိရင် ဆေးတောင် မလိုပါဘူး။ ဤမွေးနေ့မှသည် နေ့သစ်များအဆက်ဆက်တိုင်အောင် ကျန်းမာပျော်ရွှင်ချမ်းမြေ့ပါစေ။
ReplyDeleteညီငယ်
သွယ်လင်းဆက်
အကိုရေ....
ReplyDeleteC for Courage
C for Cure
C for Clear တဲ့ .....
ခင်တဲ့
ညီမလေး
Happy Birthday to KKK's Dear. :P
ReplyDeleteမွေးနေ့ ဆိုလို့  လာဆုတောင်းပေးတာ
ReplyDeleteယခုမွေးနေ့ မှ နောင်နှစ်ပေါင်းများစွာတိုင်အောင်
သာယာချမ်းမြေ့ပြီး ပြီးပြည့် စုံတဲ့ မိသားစုဘ၀ကို ပိုင်နိုင်
ပါစေ။
မိုး
စီပိုးက ကြောက်စရာကြီး အရိုးနဲ့ လက်မှတ်တော့မထိုးလိုက်ပါနဲ့ ကိုကင်း...
ReplyDeleteရက်စက်သူကြီး
ReplyDeleteဘာဘဲဖြစ်ဖြစ်
Happy birthday kkk’s dear!
ကောင်းပါတယ်.......Cဆိုတဲ့
ReplyDeleteအချစ်က ကံကောင်းခြင်းလက်ဆောင်များကို ယူဆောင် ပေးခဲ့ပြီဆိုတော့.... အကိုရေ..........
ReplyDeleteဘာမှ ထပ်ဆုတောင်းပေးဖို့ မလိုအောင် ပြီးပြည့်စုံနေပြီ ထင်ပါတယ်။
ဒီ့ထက်မက ဆုံဆည်း ပျော်ရွှင် နိုင်ကြပါစေ..း)
ချစ်သူလေးနဲ့
ReplyDeletecentury ချီ။
curse အားလုံးကင်းပ။
candles လေးတွေစီလှလို့။
celebration day များ စွာ သို့။
congratulate လိုက်တယ်ဗျို့။
ကောင်းကင်ကိုဆိုတဲ့ ကိုကိုနဲ့ ကိုကို့ကိုအရမ်းချစ်သူတို့ ပျော်ရွှင်နိုင်ကြပါစေလို့...
ReplyDeleteကဗျာတွေကြိုက်လို့ အက်လိုက်တော့မယ်နော်
C for Chocolate :D
ReplyDeleteကို ကောင်းကင်ကိုရေ .....စာအတော်များများ ဖတ်ခဲ့ပြီးလို့ ပြန်လိုက်ပါဦးမယ် ။ ဘန်ကောက်ရောက် ရင် ကဗျာစာအုပ်ဝယ်ချင်ပေမယ့် စူပါမါ့ကတ်တွေမှာ မရနိုင်ဘူးလားဆိုတာ သိချင်လို့ပါ တည်းတာက Silom က Holiday Inn မှာပါ ဒီလ ၁၈ ရက်နေ့ နဲ့ ၂၁ ရက်နေ့မှာ လာမှာမို့ သိချင်ပါတယ်
ReplyDeleteအားပေးလျှက်
သမီးပျို
A touching poem for me. i m really inspired by your poem. let me share.
ReplyDeleteBest regard.:)