ဆုံစည်းခြင်းတွေ စခဲ့တဲ့နေရာ ၊ ခွဲခွာခြင်းတွေ စခဲ့တဲ့နေရာ
မျှော်နေခဲ့ပြီး ရောက်သွားတော့မှ မလှပခဲ့တဲ့ အိပ်မက်လေး
ရယ်သံတွေက လွှမ်းလိုက်၊ ကျည်ဆံတွေက ကြမ်းလိုက်
ဖွင့်လိုက်၊ ပိတ်လိုက်…..နိုးလိုက်၊ အိပ်လိုက်နဲ့.....
အရေးအကြီးဆုံး ဇာနည် အာဂတအုပ်ရဲ့
သွေးအစည်းဆုံး ပါတီဌာနချုပ်
သြော်
နှစ်တွေ ဘယ်လိုပဲ ဟောင်းဟောင်း
ခေတ်တွေ ဘယ်လိုပဲ မပြောင်းမပြောင်း
ဗြောက်ဖောက်သူတို့ နဲ့ တောက်ခေါက်သူတို့ ရဲ့
ကြမ်းလှတဲ့ စစ်မြေပြင်ကိုပဲ
မှန်းဆလို့  ချစ်နေချင်သေးတယ်။
ကောင်းကင်ကို
ကျွန်တော်ကြိုက်တယ် ဒီကဗျာလေးကို
ReplyDeleteကျုပ်လည်းလွမ်းလှပြီဗျ။
ခက်နေတာက ဟိုးအရင်ကလိုကျေးဇူးရှင်တို့ မိဘတို့ကိုစော်ကားသူတွေကို ကမ္ဘာမြေကြီးကဟက်တက်ကွဲပြီးမြေမျိုတဲ့အလုပ်မလုပ်
တော့ဘူးဗျ
အားပေးသွားတယ်အကိုရေ...
ReplyDeleteကျွန်တော်တို့ ခေတ်ကျတော့ ကျောင်းဆိုတာ အဝေးကြီးသွားရလို့ တက်နေတုန်းက မတက်ချင်ခဲ့ဘူး။ ကျောင်းပြီးသွားတော့လည်း လွမ်းသား။
ဟုတ်တယ်.. အစ်ကို
ReplyDeleteဖွင့်လိုက်၊ ပိတ်လိုက်…..နိုးလိုက်၊ အိပ်လိုက်နဲ့.....
တက္ကသိုလ်ကျောင်းသားဘ၀ကို ပြန်ရချင်တယ်ဗျာ...
ပြန်ရခဲ့ရင်တောင် .....
တောက်ခေါက်သံက..နိုင်ငံသာဝေးကွာတာ..အတူတူဘဲလေ..တိုးတာနဲ့ကျယ်ကျယ်ခေါက်တာ..ဒါဘဲကွာပါတယ်..ကောင်းကင်ရေ
ReplyDeleteကောင်းတယ်ကဗျာလေးက
်
တကသိုလ် ကို သတိရတဲ့သူ နောက်တယောက် ...
ReplyDeleteကြိုက်၏
ReplyDeleteကဗျာလေးက အသက်ပါတယ်အကို... အခုတော့ တက္ကသိုလ်ဆိုတာ ဟိုး ..... တောထဲမှာလေ..
ReplyDeleteပေါက်ကွဲသံစဉ်တွေကြားမှာ တက္ကသိုလ်တက်ခဲ့ရတဲ့ ဘ၀ကိုတော့ ထာဝရလွမ်းနေအုံးမှာပါ။
ခင်မင်လေးစားလျှက်
လန်ထွက်နေတာဘဲ ကောင်းလွန်းလို့ကဗျာလေးက
ReplyDelete“ဗြောက်” သာကုန် ((((တောက်)))) သံ ညံမဆဲ..
ReplyDeleteVery good... Special good.. ayannn good POEM..
ReplyDeleteI LIKE IT... !!!!!
university poem lay ka
ReplyDeleteaa yan good tal.
university poem lay ka aa yan ko good nay tal
ReplyDeleteကြိုက်တယ်ဗျာ ကူးသွားတယ် ..
ReplyDeleteကျွန်တော်စုနေတဲ့ ပီဒီအက်ဖ် ကဗျာစာအုပ်ထဲ ထည့်ချင်တယ်။
“ကောင်းကင်ကို ရဲ့ တက္ကသိုလ်”က တကယ် အဟုတ်၊
ReplyDelete“အရေးအကြီးဆုံး ဇာနည် အာဂတအုပ်ရဲ့
သွေးအစည်းဆုံး ပါတီဌာနချုပ်”
သေသေချာချာဖတ်စေချင်တယ်၊ ဒီစာကြောင်း
“နှစ်တွေ ဘယ်လိုပဲ ဟောင်းဟောင်း
ခေတ်တွေ ဘယ်လိုပဲ မပြောင်းမပြောင်း”
ဖတ်ရင်းနဲ့ မျက်ရည်ဝဲ၊ ကျွန်မလွမ်းရတဲ့ အထဲ
“ကြမ်းလှတဲ့ စစ်မြေပြင်ကိုပဲ”
“ဗြောက်ဖောက်သူ နဲ့ တောက်ခေါက်သူတို့ ” ရေ၊ သိစေချင်တယ်။
ကျွန်မတို့တစ်တွေ ၊ ကမ္ဘာမြေ အနှံ့ရောက်ပစေ။
ကောင်းကင်ကို က (ကဗျာစာတွေနဲ့ )ကိုယ်စားဟစ်ကြွေး
“မှန်းဆလို့  ချစ်နေချင်သေးတယ်” ဟေ့။
ကိုကောင်းကင်
ReplyDeleteလာဖတ်သွားတယ်ခင်ဗျ
ဘယ်အချိန်မှာ ဘာရေးရေး အကို့လက်ရာကိုတော့ ကျွန်တော်ကြိုက်ပြီးသားပဲဗျာ။
ကိုကောင်းရေ
ReplyDeleteအလုပ်များလို့ လာမလည်ဖြစ်တာ ကြာသွားတယ်။ ဒီတစ်ခါ ပြန်လာတော့လည်း ကဗျာတွေက ရင်ဘတ်ထဲကို တည့်တိုးကြီးဝင်သွားတယ်။
“အရေးအကြီးဆုံး ဇာနည် အာဂတအုပ်ရဲ့
သွေးအစည်းဆုံး ပါတီဌာနချုပ်”
"ဗြောက်ဖောက်သံ နဲ့ တောက်ခေါက်သံ"
ကောင်းတယ်ဗျာ
I especially like this. "သြော်
ReplyDeleteနှစ်တွေ ဘယ်လိုပဲ ဟောင်းဟောင်း
ခေတ်တွေ ဘယ်လိုပဲ မပြောင်းမပြောင်း"
သြော်
ReplyDeleteနှစ်တွေ ဘယ်လိုပဲ ဟောင်းဟောင်း
ခေတ်တွေ ဘယ်လိုပဲ
မပြောင်း မပြောင်း
ဗြောက်ဖောက်သူတို့ နဲ့ 
တောက်ခေါက်သူတို့ ရဲ့
ကြမ်းလှတဲ့ စစ်မြေပြင်ကိုပဲ ဆိုတော့
အဲဒါ
ွှတက္ကသိုလ် မဟုတ်ဘူး
လူသတ်ကွင်း
ဖြစ်သွားပြီ
တခါတလေလဲ အဲဒီလူသတ်ကွင်းအကြောင်း
ဖြောင်သာရေးလိုက်ပါတော့ ကောင်းကင်ကို၇ယ်
အရမ်းကြိုက်တယ်.
ReplyDelete