Tuesday, October 20, 2009
ခက်တယ်
ခက်တယ်။
ဓာတ်ငွေ့ သိုက်တွေကို စကားလုံးအရ ပိုင်ဆိုင်ပြီးမှ
ဖယောင်းတိုင်ကို ချွေတာထွန်းနေရတာ ခက်တယ်။
ခက်တယ်။
မပြည့်သေးပဲ လျှံသွားရတဲ့
လူသား သယံဇာတတွေ
ဘယ်သူမှ ပြန်မလာကြစေဖို့ 
တံခါးပိတ်ထားတာကလည်း ခက်တယ်။
ခက်တယ်။
မသုံးရသေးတဲ့ ပိုက်ဆံတွေ
ငွေဖောင်းပွမှုရဲ့ အကျိုးဒဏ်နဲ့ 
အလိုအလျောက်အခိုးခံနေရတာကလည်း ခက်တယ်။
ခက်တယ်။
ငရုတ်သီးထုပ်လို့ ကောင်းတဲ့
သတင်းစာစက္ကူဟောင်းတွေပေါ်က
လက်သုံးစံပြ ဆောင်ပုဒ်တွေ
တကယ်အသုံးမခံရလို့ ချောင်ကုပ်နေကြတာကလည်း ခက်တယ်။
ခက်တယ်။
နွားခြေရာခွက် တထွာကို
ကြွားနေတာရှက်စရာမှန်း မသိကြတာကလည်း ခက်တယ်။
ခက်တယ်။
အလုပ်မဖြစ် မှန်းသိပါလျက်နဲ့ 
အစဉ်အလာတွေကိုထိန်း
ပညာတွေကို သိမ်းသိမ်းနေရတာကလည်း ခက်တယ်။
ခက်တယ်။
ပေါက်နေတဲ့ ခွက်တွေကို
ကြောက်နေတဲ့ လက်တွေနဲ့ 
လက်ဆင့်ကမ်းနေရတာကလည်း ခက်တယ်။
ခက်တယ်။
မြန်နှုန်းမြင့်ခေတ်ကြီးထဲမှာ ပြိုင်ပုံပြောင်း
အားလုံး မိုင်ကုန်မောင်းနေကြချိန်မှာ
တို့ ဆီက နိုင်ငံ့သားကောင်းတွေ
အချင်းချင်း ကျားချောင်းသလိုချောင်း
နှေးအောင်လုပ်ပြီး တောင်းနေရတာကလည်း ခက်တယ်။
ခက်တယ်။
သီးသန့် နေလေ့ရှိတဲ့ ထင်းချောင်းတွေ
တခါတခါ စုစည်းမိကြရင်တောင်
အချိုးမခံရဖို့ အုပ်စုဖွဲ့နေကြတာထက်
ပုဆိုးလှန်ပြဖို့ အုပ်စုဖွဲ့နေကြတာက
ပိုများနေတော့လည်း ခက်တယ်။
ခက်တယ်။
စေတနာ လက်တဆစ်နဲ့ 
ကြေငြာချက်အသစ်တွေ
နေရာအတွက်ဖြစ်နေကြတာကလည်း ခက်တယ်။
ခက်တယ်။
အဝေးကနေ လှမ်းထိုးနှက်နေကြပေမယ့်
ပုံစံခွက်ကြီးတွေနဲ့ 
ပုန်ကန်လက်သီးတွေပဲ ဖြစ်နေကြတာကလည်း ခက်တယ်။
ခက်တယ်။
အသံတူ အကြံကွဲ တလမ်းထဲမှာ
ထစ်ခနဲဆို နှစ်ခြမ်းကွဲ
အချင်းချင်း အရမ်းဆဲနေကြတာကလည်း ခက်တယ်။
ခက်တယ်။
ဘယ်သူတွေ ဘယ်လိုစိတ်မှန်းနဲ့ 
လေကိုဖမ်းပြီး ဒန်းဆင်ဆင်
ရှေ့ ကတောင်ဟာ ဧ၀ရက်မှန်းနဲ့ 
ညဥ့်နက်သန်းခေါင်မှာ နေမထွက်မှန်း
သိနေတာကလည်း ခက်တယ်။
ကောင်းကင်ကို
29 comments:
  1. ဟုတ်တယ် အကို ......
    ခက်တယ် .. ခက်တယ်
    ဆက်လက်ရပ်တည် ရှင်သန်ဖို့ တကယ်ကို ခက်ပါတယ် အကို။ ဘ၀ပေါင်း မြောက်များစွာနဲ့ ရင်းပြီး ... ဟူး ရင်မောပါတယ် အကိုရယ်
    ခင်မင်လေးစားလျှက်
    ReplyDelete
  2. ချစ်ကောင်းသီချင်းလိုပဲ ကိုယ့်ကျတော့အမြဲတမ်းခက်နေပါလားဟေ့ ဆိုသလို ကျွန်တော်တို့မလဲ အမြဲတမ်းပဲ အခက်ကြုံနေရတယ်။ ဘယ်တော့မှများ လွယ်မှာလဲမသိတော့ဘူးဗျာ
    ReplyDelete
  3. ကောင်းလိုက်တာဗျာ............
    လေးစားပါတယ်
    ကိုလင်း
    ReplyDelete
  4. ခက်တယ်။
    စေတနာ လက်တဆစ်နဲ့ 
    ကြေငြာချက်အသစ်တွေ
    နေရာအတွက်ဖြစ်နေကြတာကလည်း ခက်တယ်။
    ခက်တယ်။
    အဝေးကနေ လှမ်းထိုးနှက်နေကြပေမယ့်
    ပုံစံခွက်ကြီးတွေနဲ့ 
    ပုန်ကန်လက်သီးတွေပဲ ဖြစ်နေကြတာကလည်း ခက်တယ်။
    ခက်တယ်။
    အသံတူ အကြံကွဲ တလမ်းထဲမှာ
    ထစ်ခနဲဆို နှစ်ခြမ်းကွဲ
    အချင်းချင်း အရမ်းဆဲနေကြတာကလည်း ခက်တယ်။
    ခက်တယ် ခက်တယ်... မှန်တာတွေသိပ်မရေးနဲ့လေ.... တစ်နေ့နေ့တော့ ဖြစ်လာလိမ့်မည် သို့သော်ဘယ်နေ့မှန်းမသိ ... :)
    ReplyDelete
  5. ကဗျာ တွေ အကုန် ကြိုက်နေတာလည်း ခက်တယ်.. :P
    ReplyDelete
  6. ခက်တယ်
    မြန်မာပြည်မှာ မြန်မာ ဖြစ်နေပြီး
    မြန်မာ မဖြစ်တော့တာ ခက်တယ်...။
    ခက်တယ်
    လွယ်တာကို ခက်အောင်လုပ်နေကြတာ ခက်တယ်။
    ခက်တယ်အကိုရေ...
    ခက်တယ်...။
    ReplyDelete
  7. အကိုရေ...
    အမှန်တရားတွေကို ဖုံးဖိထားကြတာ ခက်တယ်။
    ကွယ်ဝှက်ထားကြတဲ့ အမှန်တရားတွေ ပပျောက်သွားမှာ စိုးတယ်။
    ဘာပဲပြောပြော သည်းခံပြီး ကသိကအောင့် ဖြစ်နေရတဲ့ဘ၀က တကယ်ခက်တယ်။
    ခက်တယ် အကိုရေ...
    ReplyDelete
  8. ကဗျာရေးလိုက်တိုင်း ကောင်းနေလို. ကြိုက်လွန်းလို. အမြဲတမ်းစောင်.ဖတ်နေရတာလည်းခက်တယ်ဗျာ...
    ReplyDelete
  9. ကိုကောင်းကင်ကို လာလည်သွားပါတယ် ကဗျာရဲ့ Tone က အရမ်းမြင့်တယ်ဗျာ
    လေးစားလျှက်ပါ။
    ReplyDelete
  10. တစ်ယောက်တစ်မျိုးစီ ပေါက်ကွဲထွက်နေကြတာပါပဲလား အကိုရဲ့ ကျွန်တော်တောင် ပေါက်ကွဲချင်လာပြီ။ ဒါပေမယ့် ပေါက်ကွဲလို့မရတ ခက်တယ်။
    ReplyDelete
  11. ကိုကောင်းကင်ကို လာလည်သွားပါတယ် ကဗျာရဲ့ Tone က အရမ်းမြင့်တယ်ဗျာ
    လေးစားလျှက်ပါ။
    ReplyDelete
  12. အံထုတ်လိုက်တဲ့ ခံစားချက်တွေက သိပ်ကောင်းနေတာတွေ။ အမှန်တရားတွေကို အလွန့် အလွန် အမှန်အတိုင်း ရေးထုတ်လိုက်တာတွေကြောင့်လဲ မမှန်ကန်တဲ့ သူတွေအတွက်တော့
    ခက်တယ် .. ခက်တယ်နော် ကောင်းကင်ကို
    ReplyDelete
  13. မောင်လေးရေ ကဗျာတိုင်းကောင်းပြီးသား
    အတွေးနက်နက်နဲ့ ရေးတက်တာကို ဂုဏ်ယူတယ်
    ReplyDelete
  14. ဒီကဗျာကလဲ ကောင်းလွန်းတာ ခက်တယ်။ :)
    ReplyDelete
  15. ကဗျာကမှန်လို. သူများတွေကို ပြောပြဖို.လဲ ခက်တယ် သိသိရက်နဲ့ ငြိမ်နေရတာလဲ ခက်တယ် ဟိဟိ
    အကို လာလည်တယ်နော်
    နောက်ထပ်ကဗျာတွေများစွာရေးနိုင်ပါစေလို........ဆုတောင်းရင်း
    ReplyDelete
  16. မန်မာ ဖြစ်နေပြီး မြန်မာပြည်မှာ
    မနေရ တာ လဲ ခက်တယ်.။ ခက်တယ်...။
    ခက်နေတာတွေကို လွယ်အောင် အမြန်လုပ်ဖို့ အကြံထုတ်နိုင်ကြပါ စေလို. ဆုတောင်းလျှက်
    ReplyDelete
  17. လက်တလောဖြစ်နေတာတွေ အားလုံးကို အရှိအတိုင်း ပြောင်မြောက်အောင် ရေးသားထားတဲ့ ကဗျာတပုဒ်ပဲဗျာ ကောင်းလွန်းပါတယ် လေးစားလျှက်ပါခင်ဗျာ
    ReplyDelete
  18. ခက်တယ်..
    ခက်နေတာတွေကို
    လွယ်သွားအောင်လုပ်ဖို့
    ဘယ်လိုမှ မကူညီနိုင်သေးတာကလည်း
    ခက်တယ်...
    ခက်တယ်..
    ခက်နေတာတွေကို
    လွယ်သွားစေဖို့
    ကြိုးစားအားထုတ်နေသူတွေကို
    စိတ်ထဲကနေပဲ ထောက်ခံနေနိုင်သေးတာကလည်း ခက်တယ်..
    ReplyDelete
  19. ကဗျာလာယူသွားပါတယ်။ ကျန်းမာပါစေ။
    ReplyDelete
  20. အတွင်းအပြင် အကုန်ထိအောင် ခြုံငုံပြီး ရေးနိုင်ဖို့ ဆိုတာခက်တယ်။
    အမြဲလေးစားလျှက်.....
    ReplyDelete
  21. ဒီလိုခေတ်အချိန်မှာ ကျွန်မတို့မြန်မာပြည်နဲ့ မြန်မာပြည်သူပြည်သားတွေရဲ့ တကယ့်အဖြစ်မှန်တွေကို အခုလို ထိရောက်တဲ.စကားလုံးတွေနဲ့ သတင်းပေးနိုင်တဲ့ အပြင် ကဗျာတစ်ပုဒ်အနေနဲ. ရသကိုပေးနိုင်တဲ့ ကောင်းကင်ကို ရေ။ ဒါတွေအားလုံးကို ဒီထက်ပိုပြီး သမိုင်းတွင်စေချင်တယ့် ကျွန်မရဲ့ သဘောထားခံစားချက် ကို ပြောပြဘို.လည်း “ခက်တယ်”
    ReplyDelete
  22. ဘလော့စပေါ့ ပြောင်းမယ်ဆိုတော့ ကျော်ရခွဦးမယ်... ခက်တယ်
    ReplyDelete
  23. ကြိုက်တယ်...
    "မသုံးရသေးတဲ့ ပိုက်ဆံတွေ
    ငွေဖောင်းပွမှုရဲ့ အကျိုးဒဏ်နဲ့ 
    အလိုအလျောက်အခိုးခံနေရတာကလည်း ခက်တယ်"
    ဒီစာပိုဒ်ကလေး တကယ်ထိတယ်...
းဝ)
    ReplyDelete
  24. လက်တွေ့ဘဝရဲ့ ထိုးနှက်ရိုက်ဆင်မှု့တွေကို
    လျစ်လျူရှုခြင်း ခံနေရတာလည်း ခက်တယ်...
    ReplyDelete
  25. သိပ်ကို ကြေကွဲဖို့ကောင်းသွားတယ် ..
    ReplyDelete
  26. ဟုတ်တယ်ဗျာ.
    အရမ်းခက်
    သိမ့်ခက်
    ကိုယ့်ကိုကိုယ်တောင်ခက်ချင်လာပြီ။
    ReplyDelete
  27. သိပ် လှတဲ့ အဖွဲ့တွေ နဲ့
    သိပ် အကျည်းတန်တဲ့ ဖြစ်ရပ်ကို
    ရေးစပ်တာ ရင်ဘတ်ထဲက အသံတွေပါ
    ပါတယ် ထင်ရဲ့ ... ကို ကောင်းကင်ကို ရေ ...
    တကယ် ကောင်းတဲ့ ကဗျာ တစ်ပုဒ် ပါပဲ ဗျာ ...။
    ReplyDelete
  28. သူတို့တွေက အမျိုးစုံအောင် ကောင်းတယ်ဆိုပြီးခက်နေ
    ကြတော့ ကျုပ်လဲ ကောင်းကြောင်းကိုဘယ်ကောင်းတယ်
    ဆိုတာကို စကားလုံးရှာမရတာကလည်းခက်တာပဲ။
    ဒါပေမဲ့ နဲနဲတော့ရင်ဖွင်ပါရစေ
    နိုင်ငံတကာကပြောတာ နားမလည်-နားမထောင်တာက
    လည်း ခက်တယ်၊
    နိုင်ငံတကာ ဥပဒေနှင့်ကိုယ့်ပြည်တွင်း ဥပဒေတွေကိုနား
    မလည်သူတို့လုပ်သလိုလုပ်နေတာကလည်းခက်တာပဲ၊
    ပြည်သူလုထုကအမျိုးစုံအောင် ရင်ထဲကဆန္ဒ ဘ၀အခြေ
    နေတွေကိုဖွင့်ဟပြပေမဲ့လည်းငါတို့okရင်ပြီးေ၇ာ့ဆိုပြီး
    ထင်ရာစိုင်းနေကြတာကလည်းခက်တာပဲ၊
    ပြည်သူတွေကုန်းကောက်စရာမရှိလောက်အောင်ဆင်း
    တွင်းနက်နေကြရတာကလည်းတော်တော်ကိုခက်နေကြရရှာတယ်၊
    ကျုပ်ကိုယ်တိုင်လဲထိရောက်တဲ့အလုပ်တွေမလုပ်နိုင်သေး
    တာကလည်းခက်တယ် ကောင်းကင်ကိုရေ့
    နောင်လည်း လာခဲ့ပါအုံမယ်။
    ReplyDelete