အကြမ်းဖက်သမားတွေက လက်နက်နဲ့ 
ပန်းဆက်သမားတွေက လက်နက်မဲ့
သဘာဝကျကျပါပဲ
လှုပ်မိရင် တုတ်ကြည့်ဆိုတဲ့ ခေတ်မှာ
သွေးနည်းတဲ့ ကျောက်ရုပ်အနေနဲ့ 
မစတေးရဲပဲ နောက်ဆုတ်နေခဲ့။
ဒုက္ခသည်တွေက အကန့် အသတ်မဲ့
ကိုယ့်မှာက အကန့် အသတ်နဲ့ 
သဘာဝကျကျပါပဲ
ကိုယ်ရွေးပြီးကယ်တဲ့ ကြယ်ငါးက
ကိုယ်သွေးနီးနေတဲ့ အစွယ်အပါးဖြစ်ခဲ့။
သြော်…
အိမ်ရှေ့ မှာ တံခါးခေါက်လာသူကို မနှင်ရက်ပေမယ့်လည်း
အိမ်ထဲမှာ အဖျားမပျောက်ရှာသူကို မမြင်ရက်တာမို့ 
ရွေးချယ်ခွင့် နည်းလွန်းတဲ့ ဒီဇာတ်လမ်းကြီးထဲ
သဘာဝ ကျကျပဲ သရုပ်ဆောင်လိုက်မိတယ်။
ကောင်းကင်ကို
နေတတ်ဘို.လိုတယ်ဆိုတာလား။ ဒါသဘာဝတဲ.လား။
ReplyDeleteအင်း......။တစ်ခါတစ်လေ အဲလိုမျိုးရှိတယ်နော်။
သဘာဝကျတာ ကောင်းလား မကောင်းဘူးလား ... ???
ReplyDeleteအင်း တွေးစရာတစ်ခုရသွားပြီ....
တခုခု ကို နားလည်မိ လိုက်သလိုပါပဲ မောင်လေးရေ
ReplyDeleteဒိထက်ပိုကောင်းတဲ့ အခွင့်အလမ်းတွေ ရှိလာမှာပါ
ပြီးတော့ တုတ်ကြည့်စရာမလိုပဲ လှုပ်လို့ ရနိုင်မဲ့ ကာလကလဲ မဝေးတော့ဘူး ထင်ရတာပဲ
မောင်လေး ခံယူချက်နဲ့ စေတနာ တချိန်ချိန်ကျ အကျိုးပေးမှာ အသေအချာပါ
သဘာဝကျကျပါပဲ
ReplyDeleteကိုယ်ရွေးပြီးကယ်တဲ့ ကြယ်ငါးက
ကိုယ်သွေးနီးနေတဲ့ အစွယ်အပါးဖြစ်ခဲ့။;;;;;;;;;;;;;;;
ကောင်းလိုက်တဲ့စာသားလေးဟာ
love your poems and your power full poems..
ReplyDeleteအကို... အမှန်တရားတွေကို မြို ချပြီးများ ရေးသလားဗျာ....
ReplyDeleteတကယ်ကို သဘာဝကျပါတယ်ဗျာ။
ReplyDelete