Tuesday, September 1, 2009

ဖူးစာရေးနတ်သို့ 

ညခင်းတို ခဏလေးမှာ
လမင်းလို ညီမလေးက
အဒိန္နာဒါနာကိုချိုး
ငါ့အချိန်များ လာလာခိုးတယ်။

မာယာများတဲ့ ပန်းလေးရေ
ဂါထာများနဲ့ မန်းဆေးတွေ နင့်မှာရှိလား။
ပျက်ပြယ်လုသွားတဲ့ ငါ့အိပ်မက်တွေကို
အသက်ကယ်ကုစားဖို့ 
သွားတက်ငယ် တခုအားနဲ့ 
တချက်ရယ်ကာ ပြုစားလှည့်ပါ။

စောင်းတလုံးရဲ့  ဗီဇလေးများနဲ့နှုတ်ခမ်းလွှာရေ
အကောင်းဆုံး ဂီတတေးများ ဖွင့်စမ်းပါဦး။
နင့်ရဲ့ 
သကာစကားလေးတွေအမျိုးမျိုးနဲ့ 
ငါ အားဆေးတွေထိုးပါရစေ။

ချစ်သူကို ကဗျာတပုဒ်အဖြစ်မှတ်
နှလုံးသားနဲ့ ခြေဆုံးခေါင်းဆုံး ဖတ်ကြည့်တော့
သူ့ အလှအပိုဒ်တိုင်းဟာ
ဘဝဆိုတဲ့ မမြင်မစမ်း တောလမ်းတခုက
မရလိုတဲ့ ဘဝင်နွမ်း မောပန်းမှုတွေကို
အလိုအလျောက်ပဲ သွားဖယ်မယ့် အရာ
ကိုယ်တယောက်တည်း နားလည်မယ့် ကဗျာပေါ့။
သူနဲ့ တွေ့ လိုက်တိုင်းမှာ
ဒုက္ခအကျိတ်ငယ်များဟာလည်း
လုံးဝ အဆိပ်ပြယ်သွားရတယ်။

သြော်…
အမြင်ကို ဖမ်းစားနေတဲ့ ပင်ကိုဟန်
ရင်ကိုယမ်းသွားစေတဲ့ ရွှင်ချိုသဏ္ဍန်လေးတွေနဲ့ 
သူ့ုအလှမှော်ကို ခံစားခဲ့ရတော့
လူ့ ဘဝက အတော်ကိုတန်သွားခဲ့ရပေါ့။

ဟော ဟိုမှာ တွေ့ လား
‘အလှ’စင်လေးတခုပေါ်မှာ
‘မ’..ယဉ်ကျေးမှုတွေ ပန်ထားတဲ့
သူ့ မျက်နှာနတ်ရေကန်လေးဟာ
ကိုယ့် ချစ်သူ ငွေလမင်းပဲ ဆိုတာကို
ဖူးစားရေးနတ်ရေ
ကူးကာရေးမှတ်။
ကောင်းကင်ကို

28 comments:

  1. ကာရံလေးတွေကလဲ ချစ်စရာ...ကောင်မလေးကလဲ ချစ်စရာ။။။ O_o

    ReplyDelete
  2. ဖူးစာရေးနတ်သို့  ပို့ လိုက်တဲ့ ကဗျာလေး ချစ်စရာ။ ဖတ်သွားတယ်။ အပေါ်က တစ်ယောက်ပြောသလိုပဲ ကာရံလေးတွေ ရော ကောင်မလေးရော ချစ်စရာလေး။ ဟိဟိ

    ReplyDelete
  3. "ဖူးစာရေးနတ်သို့ " ကဗျားလေး ဖတ်သွားတယ်ဗျာ
    မကြာမကြာရောက်ပေမယ့် comment တွေမရေးဖြစ်လို့ပါ
    အားပေးလျှက်

    ReplyDelete
  4. စကားလုံးအသုံးအနှုံးနဲ. ကာရံယူပုံတွေက သိပ်လှပါတယ်။ အမြဲ အားပေးလျှက်။

    ReplyDelete
  5. ဦးလေးရယ် ရောက်ပါတယ်။ အကြွေးတစ်ချို့ ကျန်နေတဲ့ စားတွေနဲ ကဗျာတွေကို အသေ ဖတ်သွားပါတယ်။ ဖူးစားရေးနတ်ကိုဘဲ မဖွဲ့နဲ လတ်ထိုးချိန်တန်ရင် လတ်ထိုးရမယ် ။ချော့မတွက်နဲနော် ဖူးစာဆိုတာ ဦးရာလူ ရှင့်...

    အသည်းကွဲခြင်းမှ ကင်းလွတ်နိုင်ပါစေ

    ReplyDelete
  6. ဦးလေးရယ် ရောက်ပါတယ်။ အကြွေးတစ်ချို့ ကျန်နေတဲ့ စားတွေနဲ ကဗျာတွေကို အသေ ဖတ်သွားပါတယ်။ ဖူးစားရေးနတ်ကိုဘဲ မဖွဲ့နဲ လတ်ထိုးချိန်တန်ရင် လတ်ထိုးရမယ် ။ချော့မတွက်နဲနော် ဖူးစာဆိုတာ ဦးရာလူ ရှင့်...

    အသည်းကွဲခြင်းမှ ကင်းလွတ်နိုင်ပါစေ

    ReplyDelete
  7. ဦးလေးရယ် ရောက်ပါတယ်။ အကြွေးတစ်ချို့ ကျန်နေတဲ့ စားတွေနဲ ကဗျာတွေကို အသေ ဖတ်သွားပါတယ်။ ဖူးစားရေးနတ်ကိုဘဲ မဖွဲ့နဲ လတ်ထိုးချိန်တန်ရင် လတ်ထိုးရမယ် ။ချော့မတွက်နဲနော် ဖူးစာဆိုတာ ဦးရာလူ ရှင့်...

    အသည်းကွဲခြင်းမှ ကင်းလွတ်နိုင်ပါစေ

    ReplyDelete
  8. ကောင်းကင်ကြီး ကဗျာဆန်လိုက်ပုံများ ကာရန်တွေ စည်းချက်ညီ နုလို့ လှလို့..း)

    ReplyDelete
  9. ၀ိုး...အကိုရေ..ဘယ်လိုပြောရမှန်တောင် မသိဖူးဗျာ...

    ReplyDelete
  10. ကောင်းကင်ကြီးရေ....
    ကဗျာမှော်အောင်ထားသူရဲ့ အဖွဲံ့ အနွဲ့ ကလည်း

    အချစ်မရှိတော့ ပါဘူးလို့ ထင်ထားသူ

    ရဲ့ ရင်ကိုတောင်လှုပ်ခတ်နိုင်ပါလား....

    ReplyDelete
  11. ကိုကောင်းကင်ရေ...
    မရောက်ဖြစ်တာတော့ ကြာပီဗျာ။
    သတိတော့ ရပါတယ်။ ကျွန်တော့်ဘလော့လည်း မရှိတော့ဘူးဗျ။ အခုကျွန်တော်တို့ စာကြည့်တိုက်လေးအတွက်ပဲ အားရင်းအားသလို ၀င်ရေးဖြစ်တော့တယ်။

    ReplyDelete
  12. တခါတခါ တော်တော်ကို နုတာ ။ တကယ် ။

    ReplyDelete
  13. ကဗျာဆိုတာ ရေးတတ်ရင်
    သူတကာရင်ကို ခွင်းမယ့်
    မဟူရာမြှားတစ်စင်းလိုပါပဲလား...

    ချစ်စရာကာရံလေးတွေက ဟိုးစိတ်ထဲထိတိုးဝင် သွားတယ်......အားပေးလျှက်ပါ။

    ReplyDelete
  14. Good. I like it. :)

    ReplyDelete
  15. ကဲရွာစားရေ...
    ဘာသာစကား ကဗျာလေးကို
    တစ်ခါတစ်ပါးအသွေးနဲ့
    တေးအဖြစ်ပြောင်း...။

    "ဂျိ"

    ReplyDelete
  16. ဖူးစာ၇ှင်ရှာမနေပါနဲ့တော့လူပျိုကြီးဘဲကောင်းပါတယ်။

    ReplyDelete
  17. ချွဲပလီ နွဲ့ဆိုးကြောင့်
ိကိုကောင်း တို့အရည်ပျော်....
    ဒီတခါနော် တကယ်မစွံခဲ့ရင်ဖြင့်
    အချိန်လင့် အခါနှောင်းရော့မယ်
    သင့်အခွင့်ကောင်း....။

    ReplyDelete
  18. အကိုရေ ...ကောင်းလိုက်တဲ့ကဗျာ.....
    ဖူးစားရေးနတ်မပြောနဲ့.....ကျွန်တော်ဆို
    ဒီလောက်တောင်ကာရန်လေးတွေ နုရွနေတာကို ဖတ်ပြီး....
    တခါတည်းဖူးစာရှာပေးလိုက်ပြီ.....အဟီး..
    ကဗျာကောင်းပုံကိုပြောတာပါ....

    ReplyDelete
  19. လှလိုက်တဲ့ ကဗျာလေး... ကြိုက်လိုက်တာ...
း-)

    ReplyDelete
  20. “စောင်းတလုံးရဲ့  ဗီဇလေးများနဲ့နှုတ်ခမ်းလွှာရေ
    အကောင်းဆုံး ဂီတတေးများ ဖွင့်စမ်းပါဦး။
    နင့်ရဲ့ 
    သကာစကားလေးတွေအမျိုးမျိုးနဲ့ 
    ငါ အားဆေးတွေထိုးပါရစေ။”

    အဲဒီနှုတ်ခမ်းလေးနဲ့ အားဆေး ထိုးချင်လိုက်တာ..။

    “ချစ်သူကို ကဗျာတပုဒ်အဖြစ်မှတ်
    နှလုံးသားနဲ့ ခြေဆုံးခေါင်းဆုံး ဖတ်ကြည့်တော့”

    အရမ်းဖတ်လို့ကောင်းမှာပဲဗျာ


    “သူနဲ့ တွေ့ လိုက်တိုင်းမှာ
    ဒုက္ခအကျိတ်ငယ်များဟာလည်း
    လုံးဝ အဆိပ်ပြယ်သွားရတယ်။”

    ဒါလေးကိုတော့ ပြုံးမိတယ် အစ်ကို

    အဆင်ပြေပါစေ အစ်ကို

    ကာရန်နဘေကဗျာဟန်အသစ်ကလေးတွေ ဖတ်သွားပါတယ်..။

    ReplyDelete
  21. အနုအရွ စကားလုံးတွေနဲ့
    မုသာဝါဒတွေ တွင်တွင်သုံးပြီး
    ကိုကောင်း ကိုမြူဆွယ်
    သူမလည် တကယ်ရိုးတာကြောင့်
    ဖူးစာရေးနတ်ရယ်
    ကူလိုက်ပါဦး...။
    (သုခီအတ္တာနံ..ပရိဟရန္တု)

    ReplyDelete
  22. လှတယ်ဗျာ...
    ကဗျာလေးရော.. ညီမလေးရော..
း)

    ReplyDelete
  23. သြော်…
    အမြင်ကို ဖမ်းစားနေတဲ့ ပင်ကိုဟန်
    ရင်ကိုယမ်းသွားစေတဲ့ ....
    ကောင်းကင်ကိုရေ ....ကဗျာလာဖတ်သွားပါတယ်၊
    စာလုံးပေါင်းလေး ပြင်လိုက်ရင် ကောင်းမယ်ထင်ပါတယ်၊
    ပညာရှိသတိဖြစ်ခဲဆိုသလိုပေါ့ ...ဆရာလုပ်တယ်မထင်ပါနဲ့နော်....
    " ရင်ကို "ရမ်း" သွားစေတဲ့ ဆိုရင် မှန်မယ်ထင်လို့...

    ReplyDelete
  24. စာလုံးပေါင်း သတ်ပုံကျမ်းထဲမှာတော့ "ယမ်း-(လှုပ်...-)" ယနဲ့ ယမ်းထားတာ ညီရ။ "လှုပ်ယမ်း"ကို။ အကိုလည်း "ယ"က မှန်တယ်ထင်တာပဲ။ စေတနာနဲ့ သတိပေးတာကိုတော့ ကျေးဇူးညီရေ။

    http://myanmarwords.pikay.org/2008/12/ya.html#ya35

    ReplyDelete
  25. ဆရာကောင်းရေ ကဗျာတွေဖတ်ပြီး
    အဟုတ် ဖျားသွားတယ်


    အားပေးလျက်...

    ReplyDelete
  26. ‘အလှ’စင်လေးတခုပေါ်မှာ
    ‘မ’..ယဉ်ကျေးမှုတွေ ပန်ထားတဲ့
    သူ့ မျက်နှာနတ်ရေကန်လေးဟာ
    ကိုယ့် ချစ်သူ ငွေလမင်းပဲ ဆိုတာကို
    ဖူးစားရေးနတ်ရေ
    ကူးကာရေးမှတ်။

    အဲဒီအပိုဒ်လေးကို တွေ့ဖူးလို့ အစ်ကို့ကဗျာတွေထဲကနေ လာရှာဖတ်သွားပါတယ်...:P
    အားပါး... ကောင်းမှကောင်းပဲ...
    အဆင်ပြေပါစေ...:)
    လေးစားလျှက်...

    ReplyDelete
  27. ကောင်းလိုက်တဲ့ ကဗျာ တွေ
    အဲ့ လောက်ကောင်းတဲ့ ကဗျာတွေ
    မပြောတတ်တော့ ဘူး
    တပုဒ်ဖတ်လိုက် ထအော် လိုက်နဲ့

    ReplyDelete
  28. အရမ်းကို ကောင်းတဲ့ ကဗျာတစ်ပုဒ်ပါလား...ဖတ်ရတာ ရင်ထဲမှာလှုတ်လှုတ်ခတ်ခတ်တောင် ဖြစ်မိပါတယ်... တကယ့် မှော်ကဗျာဆရာပါပဲ...

    ReplyDelete