Sunday, August 9, 2009
နန်းအချ ခံခဲ့ရတဲ့ မြို့ 
ကိုယ့်မြို့ ကိုယ် အိန်ဂျယ်လ်တပါးနဲ့ တင်စားမယ်ဆိုရင်တောင်
ရန်ကုန်ဟာ
လျှပ်စစ်မီးမရတဲ့ညနဲ့ 
နတ်ဖြစ်ပြီးမလှတဲ့ဘဝ။
ကိုယ့်အမေ ကိုယ့်ဆီလာတာတောင်မှ
ခွေးသားကြီးတွေနဲ့ မျက်နှာခြင်းဆိုင်
ပြေးလွှားပြီး ဧည့်စာရင်းတိုင်နေရတယ်။
အပြင်ပန်းတွေပြောပြီး လုပ်စားနေတဲ့မြို့ မှာ
သင်တန်းတွေပေါပြီး အလုပ်ရှားတယ်။
အရှေ့ တောင်အာရှရဲ့ မာနမင်းသားဟောင်းဟာ
နအဖ ဗိုလ်ချုပ်များရဲ့ လက်သီးပြင်းနဲ့ 
တစစ ပိုစုတ်သွားအောင် ဖျက်ဆီးခြင်း ခံနေရတယ်။
ရန်ကုန်မြို့ရဲ့ ရင်ဝမှာ နားကိုကပ်
ကြားတာကို ကြားသလိုမှတ်ကြည့်တော့
အလုပ်လက်မဲ့ ပွဲစားတွေရဲ့ လေရောင်းသံတွေ
မီးလာတုန်းမှာ အလုအယက် ရေမောင်းသံတွေ
ကုန်းအော်နေတဲ့ စပါယ်ယာတွေရဲ့ ရွှေစောင်းသံတွေ
ရုံးပေါ်က ကယ်ပါတွေရဲ့ ငွေတောင်းသံတွေနဲ့ 
ရန်ကုန်မှာ
အသံစုံနေတော့တယ်။
ကောင်းကင်ကို
42 comments:
  1. ဗမာပြည်မှာ အဲသည်ဧည့်စာရင်းတိုင်တဲ့ အလုပ်ကြီး
    ရှိကိုရှိမနေစေချင်တော့ပါဘူး...
    mie nge
    ReplyDelete
  2. ကိုစိုးထက်August 9, 2009 at 1:15 PM
    ဒီတချက်တော်တော်ပြင်းထန်တယ်ကိုကောင်းကင်ရေ..ထိတယ်
    ReplyDelete
  3. လန်းတယ် ကိုကင်း
    မေ
    ReplyDelete
  4. Perfect Ko Kaung Kin Ko.
    ReplyDelete
  5. ရေးထားတာလေး ကောင်းလိုက်တာ အစ်ကိုရာ။ ရန်ကုန်ရဲ့ လက်ရှိဖြစ်ပျက်နေပုံတွေ ထင်းခနဲပဲ။ ရေတွင်းတူးလို့မရတဲ့နေရာတွေကျတော့ ဂျိုးဖြူပိုက်တို့ဘာတို့လို အစိုးရရဲ့ရေဖြန့်ပေးတာတွေနဲ့ပဲ သုံးရတာ။ မီးကပြတ် ရေကမလာနဲ့... တော်တော် ကသီလင်တနိုင်တယ်။
    ReplyDelete
  6. ကောင်းတယ်ဗျ...
    ကျနော်လဲ ရန်ကုန်အကြောင်း တပုဒ်ရေးဖူးတယ်...
    http://koluuhtwe.blogspot.com/2009/06/rangoon.html
    ကိုမိုးလှိုင်ညဆီမှာ ရန်ကုန်ကဗျာတွေ စုစည်းမှုရှိတယ်...
    ReplyDelete
  7. ကောင်းတယ်ဗျို့....။ ကဗျာလေးကို ခိုက်တယ်..။
    ReplyDelete
  8. အိုးဟိုးဟိုး...
    ကောင်းလိုက်တာ ကိုကောင်းကင်ကြီးရေ..
    အသံစုံနေတယ်.. အသံတွေစုံနေတယ်...
    ReplyDelete
  9. နန်းအချခံခဲ့ရတဲ့မြို့။ ခေါင်းစဉ်လေးကိုက အဓိပ္ပာယ်ရှိတယ်နော်။ ရန်ကုန်က နန်းကျခဲ့ပေမယ့် အိမ်နိမ့်စံတော့ မဟုတ်သေးပါဘူး။ ပြန်ရှင်သန်လာပါလိမ့်မယ်။ လှဆဲရန်ကုန်ဟာ ထာဝရလှပဆဲပါပဲ။ လူသန့်သွားတော့ ပိုတောင်လှသေး။
    ReplyDelete
  10. နန်းအချ ခံခဲ့ရတဲ့မြို့
    ရင်နင့်စရာတွေ တပုံကြီးနဲ့ မြို့...
    ငါတို့အသဲထဲက ရန်ကုန်မြို့.
    ReplyDelete
  11. ရန်ကုန်သူတယောက်
    ရင်နာနာနဲ့
    ဖတ်သွားပါတယ်။
    ReplyDelete
  12. နေပြည်တော် “တင်း”ချင်း
    ကပ်ပါးဈေးက သုံးချက်ဆော်၊
    နာလှ နေပြည်တော်။
    ကျီးနဲ့ဖုတ်ဖုတ် အလုပ်ရှုပ်၊
    မြို့တော် ဇနပုဒ်။
    တစ္ဆေမပျော် အဖော်ခေါ်၊
    မီးရောင် ထိန်စေသော်။
    နိုင်ငံတကာ လေယာဉ်ကွင်း၊
    ယာဉ်ပျံ မြေမနင်း။
    ဘုန်းရှိန်ရောင်ဝါ တောက်စေငြား၊
    ပင်ဂွင်း ငှက်မြတ်လား။
    ရေခဲမှတ်အောက် ပိုက်ကာထွေး၊
    တိုင်းပြည် ရင်မအေး။ ။
    “တင်း”ချင်း
    အမည်မသိခေတ်စာဆို
    ReplyDelete
  13. ခိုက်သွားတယ်ဗျာ။
    ReplyDelete
  14. အသံစုံတွေ လာနားထောင်သွားတယ်ဗျာ
    ReplyDelete
  15. လေးစားသွားပြီ... ကွက်တိပဲ .. လန်းတယ် ထိတယ် ..
    ReplyDelete
  16. ကောင်းကင်ကြီးရေ...
    လင်းလက်လှတဲ.စကားလုံးတွေနဲ.
    နန်းကျမြို.တော်ရဲ.အဖြစ်ထုဆစ်ချက်
    ကတော.ဖတ်သူရင်ထဲ...
    နင်.ကနဲ.....
    ReplyDelete
  17. ကိုကောင်းရေ....
    လေးစားတယ်ဗျာ။
    ပြောင်မြောက်လိုက်တဲ့ စာသားတွေ။
    ကိုပီတာဆီကနေ ရောက်လာတာ။
    နန်းအချခံရတဲမြို့ တဲ့လား။
    ခေါင်းစဉ်ကိုက စားနေပြီ။
    မိုက်စ့်တယ်ဗျိုးးးးးးးးးးးး
    ReplyDelete
  18. ကိုကောင်းရေ..
    စီဘောက်စ် မရှိလို့ ဒီမှာ အော်ခဲ့တယ်နော်။
    အကိုရေ လင့်ခ်ခွင့်ပြုပါ ခင်ဗျာ....
    ကျေးဇူးတင်ပါတယ်ဗျိုးးးးးးးးးးးးး
    ReplyDelete
  19. ရန်ကုန်ကို ရင်ခုန်မိတယ်၊လူဝင်စားတွေ များလာပြီ။ မြို.တော်ကို ရွှေထီးဆောင်ကြစို့....
    လေးစားစွာဖြင့်
    ReplyDelete
  20. ထိပါတယ်..
    ReplyDelete
  21. အရမ်းထိ-း(
    ငိုချင်အောင်ထိ
    ReplyDelete
  22. ကိုကောင်း
    နန်းကျမြို့တော်ရဲ့ အသံစုံတွေ နားဆင်သွားတယ်ဗျာ
    ReplyDelete
  23. စိုင်းထီးဆိုင်ကို နှိုးပြီး ရန်ကုန်မှာသာတဲ့လ ကိုပြန်ဆိုခိုင်းရင် အခြေအနေတွေ ကိုက်မလားဘဲ "နန်းအချ ခံခဲ့ရတဲ့ မြို့ " က ရန်ကုန်သူတွေ စိုင်းထီးဆိုင်ပြောခဲ့သလို ထည်ဝါတဲ့ လျှပ်မီးတွေရဲ့ အောက်မှာ မာနတွေကြီးနိုင်သေးရဲ့ လားလို့ ပါ။
    သိပ်ကို ထိတဲ့ ကဗျာတပုဒ်ပါ ၈ လေးလုံးရက်မှာ ကောင်းကင်ကိုက ဘာတွေများသီကြူးလေမလဲလို့ 
    ReplyDelete
  24. Inn,, good poem ... keep good work up. dont waste time at teashop or beer stall or blah blah blahh ...
    looking forward to read more poems ..
    ReplyDelete
  25. ကဗျာက အားမာန်အပြည့်..စကားလုံးတွေက အဓိပ္ပါယ်အပြည့်ပဲ..အားပေးလျှက်ပါအစ်ကို။
    လင့်ထားချင်တယ်..ခွင့်ပြုပါရှင်။
    ReplyDelete
  26. Realistic! Very good poem.
    ReplyDelete
  27. Google earth မှာကြည့်တော့ ရန်ကုန်က
    မှုန်ကုတ်နေတာပဲဗျာ
    ReplyDelete
  28. လာရောက် ခံစားသွားပါတယ်
    သူငယ်ချင်းတွေ ကို ဒီခံစားချက်လေး မျှဝေပေးလိုက်ပါအုံးမယ် ....
    ပျော်ရွင်ပါစေ
    ReplyDelete
  29. ဒါမျိုးတွေ မဖတ်ရကြာပေါ့လို့ ညည်းတော့မလို့ လုပ်တုန်း…
    ReplyDelete
  30. ကောင်းလိုက်တဲ့ အတွေးနဲ့ အရေးဗျာ
    တစ်ကယ်ကို ထိထိမိမိ ပုံဖော်သွားတယ်ဗျို့
    ReplyDelete
  31. ကောင်းလိုက်တဲ့ အတွေးနဲ့ အရေးဗျာ
    တစ်ကယ်ကို ထိထိမိမိ ပုံဖော်သွားတယ်ဗျို့
    ReplyDelete
  32. ရောက်တယ် မောင်လေး မောင်လေးကဗျာတွေ က
    စကားလုံးသုံးတာတွေ သိတ်ကောင်းပြီး အဆင့်မြင့်မြင့်ရေးထားတာတွေ့ တဲ့အတွက် ကဗျာ လောက အတွက် သိက္ခါ မြှင့်စေတာလေးတွေပါပဲ
    ReplyDelete
  33. အရမ်းကောင်းတယ်ကိုကောင်းကင် ရေ.. အမြဲတမ်းအားပေးနေတယ်။သြော်အကိုရေးတဲ. ဆောင်းပါးလေးတစ်ခုကျွန်တော်.ဘလော.မှာပို.စ်လုပ်ထားတယ်နော်။
    ReplyDelete
  34. ခုခေတ်က အိမ်ကိုဧည့်သည်လာရင် အိမ်ရှင် အဖမ်းခံရတဲ့ ခေတ်မဟုတ်ပါလားဗျာ။
    ReplyDelete
  35. တွေးတတ်တဲ့ အတွေးကောင်းလေးကို ရွှေချသိမ်းထားချင်တယ်
    ReplyDelete
  36. ထပ်ရောက်လို့ ထပ်ရေးခဲ့တယ်...ကိုကောင်းကင်ကြီးရေ....မိုက်တယ်ဗျာ
    ReplyDelete
  37. ကြိုက်လွန်းလို့ကို ကူးပြီးသိမ်းထားလိုက်ပါတယ်...
    ReplyDelete
  38. ဝေး မိုက်တယ်ဗျို့ အားပေးသွားတယ်
    ReplyDelete
  39. အကို ရေ စာသားလေးတွေလွန်းလို
    ကျွှန်တော် facebook မှာတင်ချင်ပါတယ်
    ခွင်ပြုပါနော်။
    ReplyDelete
  40. ဟုတ်ကဲ့ ရတယ်ညီ။ လွတ်လွတ်လပ်လပ် ရှယ်လို့ ရပါတယ်း-) ကျေးဇူး
    ReplyDelete
  41. ကောင်းလိုက်တဲ့ကဗျာ ထိတယ်ဗျို. ....
    ReplyDelete