Thursday, July 9, 2009

ခေါက်ရိုးကျိုးနေတဲ့ဇောက်ထိုး

မှတ်ချက်။ ပဉ္စမမြောက် အပိုဒ်မှာ “ရယ်”ကို “ရီ” လို့ ကာရန်ညီအောင် တမင်စာလုံးပေါင်းထားပါတယ်။

ခေါက်ရိုးကျိုးနေတဲ့ဇောက်ထိုး
အမှန်တရားက ချွေးသုတ်နေတုန်းမှာ
အကြံသမားက သွေးစုပ်နေတုန်း။

ခေတ်ကြီးကိုက
ဓမ္မတွေကို သေနတ်နဲ့ နားထင်ပေါ်ထောက်
ဓားပြတွေ အမှတ်တမဲ့ စင်ပေါ်ရောက်တဲ့ခေတ်။

လူကြီးတွေကအစ
ငါးပါးသီလကျတော့ မပြတ်အော်
စားဖားဗီဇရှိမှ သားမက်တော်ချင်ကြတယ်။

မကြိုးစားဘဲနဲ့ လူကြားထဲ ဆံ့ချင်သလား
မရိုးမသားနဲ့ မုသားပဲ ဖြန့် ချင်သလား
အင်တာနက် ခေတ်ကြီးထဲမှာ
အလစ်မှာ မရှက်မကြောက်စိတ်နဲ့ 
clickကာ တချက်လောက် နှိပ်လိုက်ရုံပဲ။

ကြိုးစားမှု သီအိုရီကို
သူခိုးအများစုက ဒီလိုရီသတဲ့။
“မင်းတို့ ဖိနပ်စီးနေတုန်းမှာ
ငါတို့ က ကမ္ဘာတပတ် ပတ်ပြီးပြီတဲ့”
အဲဒီ့စကားပုံက တခါတခါ သွေးပျက်လောက်အောင်မှန်တယ်။

ဒီလိုနဲ့ ငါ
ခံစားသမျှ ထွေးထုတ်

အဆန်သမားက စတေးလုပ် နေတုန်းမှာ
ဖျံသမားက ပြေးရှုပ်နေတုန်း

အမှန်တရားက ချွေးသုတ်နေတုန်းမှာ
အကြံသမားက သွေးစုပ်နေတုန်း။
ကောင်းကင်ကို

16 comments:

  1. အကိုရဲ့ ကဗျာတွေကြိုက်တယ်ဗျာ
    တစ်ချို့တစ်လေကိုလည်း ကော်ပီကူးသွားပါတယ်
    အကို့စကားနဲ့ပြောရရင် ရင်ဘတ်ချင်းနီးတယ်ပေါ့ဗျာ
    ဟားဟား

    ReplyDelete
  2. ကောင်းတယ်
    မအယ်လည်း စိတ်ပေါက်ပေါက်နဲ့ ခေါက်ရိုးဆိုပြီး ရေးထားတာရှိသေးတယ်။ မတင်ဖြစ်ပါဘူး။

    အကြံသမားတွေ ဖျံသမားတွေ စိတ်ဓါတ်က ခေါက်ရိုးကျိုးနေပါပြီ။

    ဒိုဘီပေးပြီး နာနာလျှော်လို့ တံတွေးစွတ်ပြီး ဖိတိုက်လိုက်ရင်တော့ ခေါက်ရိုးလေး ပြေတန်ကောင်းမလားပဲ။

    လျှော်ကြည့် ဒိုဘီပေးကြည့် မီးပူတိုက်ကြည့်မှ ပါပဲ။

    မအယ်

    ReplyDelete
  3. နည်းမျိုးစုံနဲ့ သွေးစုပ်နေကြတဲ့ အကြံသမားတွေကို စက်ဆုပ်မိပါတယ်....

    mie nge

    ReplyDelete
  4. ကမ္ဘာ တပတ်တင် မက ဘူး အာကာသထဲ တောင် ရောက်ပြီးလောက်ပြီ..စိတ်လေတယ်

    ReplyDelete
  5. ကောင်းလှချည်လား သူငယ်ချင်းရေ...

    ReplyDelete
  6. "ဒီလိုအင်တာနက် ခေတ်ကြီးထဲမှာ
    အလစ်မှာ မရှက်မကြောက်စိတ်နဲ့ 
    clickကာ တချက်လောက် နှိပ်လိုက်ရုံပဲ။"


    အီလက်ထရောနစ်အက်... နော်
    အီလက်ထရောနစ်အက်... ;o)

    ReplyDelete
  7. ကိုကောင်းကြီး...

    ဘာပြောရဦးမှာလဲ..!!
    ကာရံလေးတွေ လှချက်..

    အမှန်တရားတွေကလည်း
    သွေးထွက်အောင် မှန်လွန်းနေတော့....

    အမြဲတမ်း လေးစားတဲ့..

    ReplyDelete
  8. ခေါက်ရိုးကျိုးနေတဲ့ဇောက်ထိုး

    ကို သိမ်းဆည်းဖြန့် ဝေခွင့်ပြုပါ၊ လေးစားလျက်

    ခင်မင်စွာဖြင့်

    ReplyDelete
  9. မပျက်ဆိုရင်ပိုညီမယ်ထင်တယ်နော...

    ReplyDelete
  10. ကောင်းတယ်ဗျို့။ ကျွန်တော်လည်း မကျော်တတ်မခွတတ်တော့ ခုမှရောက်ဖြစ်တယ်ဗျာ။ နောက်ဆို အမြဲလာပါ့မယ်။

    ReplyDelete
  11. ကောင်းလိုက်တဲ့ ကဗျာလေးပါ... အမှန်တရားတွေက ချွေးသုတ်နေတုံးမှာ အကြံသမားတွေက သွေးစုတ် နေတယ်ဆိုတဲ့ အပိုဒ်ကို အရမ်းကြိုက်ဗျ....

    ReplyDelete
  12. ရှယ်ပဲဗျာ အားပေးနေပါသည်။

    ReplyDelete
  13. ရေလည်မိုက်တယ် Bro ရေ

    ReplyDelete
  14. မိုက်တယ်ဗျာ။

    ReplyDelete
  15. အကို့ကိုစသိတာ ဓါးတွေထမ်းပြီးတော့ ကဗျာလေးနဲ့ပါ။ အဲ့ဒီကဗျာလင်ခ့်လေးရှိရင် ပြန်ပြီးမျှဝေပါအုံး။ ကျေးဇူးပါ။

    ReplyDelete
  16. ကောင်းကင်ကိုFebruary 20, 2013 at 7:41 AM

    ဟုတ်ကဲ့။ ဓါးတွေထမ်းပြီး ဆိုတဲ့ ကဗျာရဲ့ link က http://kaungkinko.blogspot.com/2012/07/blog-post.html ပါ။

    ReplyDelete