ကဗျာစောင့် စာစောင့် နတ်ဘီလူးတွေကြောင့်
ဖတ်စရာ စာတွေ ရှားပါးနေချိန်မှာ
ကြင်နာသူရဲ့  အသည်းနှလုံးထဲက ထွက်ပြေးလာတဲ့
ပုလဲလုံးလက်ရေး လေးတွေကိုပဲ
ကဗျာတွေပြတ်နေခိုက်
အဆာပြေဖတ်နေလိုက်တယ်။
စစ်မသာလဒ တွေကြောင့်
ခေတ်ကာလ ဆိုးမှောင်
မေတ္တာအလှ မိုးခေါင်နေချိန်မှာ
‘အကြင်နာသကြား’ လေးတွေနဲ့ ချိုနေတဲ့
သူ့ ရင်က စကား လေးတွေကိုပဲ
အကြင်နာတွေ ရှားနေခိုက်
ရင်မှာ ခံစားနေလိုက်တယ်။
ရှေ့ ကို ကြည့်လည်း လမ်းမမြင်
နောက်ကိုကြည့်လည်း လမ်းမမြင်မို့ 
လျှောက်ရတာလည်း ပန်းချင်ပြီတဲ့။
ဒါပေမယ့်…ကိုယ်ကတော့
လမ်းမမြင်သာတဲ့
စခန်း ဝင်္ကပါမှာ
ကြင်နာသူနဲ့  အသည်းချင်းဆက် လက်ချင်းတွဲပြီး
လမ်းတွေပျောက်နေခိုက်
အပန်းဖြေ လျှောက်နေလိုက်တယ်။
လူတွေရဲ့ ရင်ကို ခွဲကြည့်လိုက်ပါ။
ရက်စက်တဲ့ ကံကြမ္မာက
အဆက်မပြတ် အဖန်တရာ ညှဉ်းလာလို့ 
ငြင်းမရတဲ့ လှံချက်တွေနဲ့ ထုံနေပြီ။
တင်းထားတဲ့ သံပတ်တွေလည်း ကုန်နေပြီ။
ဒါပေမယ့် ကိုယ်ကတော့
ချစ်သူ့ ရင်ခွင် ပန်းမွေ့ ရာပေါ်မှာပဲ
အိပ်မက်တွေ ဖျော့ ဝါးနေခိုက်
စိတ်လက်ဖြေလျှော့ နားနေလိုက်တယ်။
အရာရာ ဈေးတွေတက်လို့ 
လူတကာ သွေးတွေပျက်နေချန်မှာ
ကိုယ်ကတော့ …ကြင်နာသူနဲ့ 
လက်ဘက်ရည်ဆိုင်မှာလည်း (လက်ဘက်ရည် တစ်ခွက်တည်းနဲ့ ) နှစ်ယောက်တစ်အိပ်မက်မက်
ဆိုက်ဘာ ကဖေးမှာလည်း (ကွန်ပျူတာ တစ်လုံးတည်းနဲ့ ) နှစ်ယောက်တစ်အိပ်မက်မက် ပြီး
ပစ္စည်းတွေ မဲ့ နေခိုက်
ချစ်ခရီးတွေ ဆက်နေလိုက်တယ်။
ကောင်းကင်ကို
ကဗျာအသစ်မရေးဖြစ်တာမို့ အရင်တုန်းက ဒီမှာ တင်ခဲ့ဖူးတဲ့ ကဗျာဟောင်းလေးကိုပဲ ပြန်တင်လိုက်ပါတယ်။
အဟောင်းပေမယ့် မဖတ်ရသေးတဲ့သူ အတွက်တော့ အသစ်ပါဘဲ...ကျေးဇူးပါ.........
ReplyDeletemie nge
စာသားတွေက ပြောင်မြောက်လှပါတယ်
ReplyDeleteဆက်လက်ပြီးလဲ..အားပေးသွားပါမယ်ရှင်..
စိတ်တိုင်းကျရောက်နေတာပါ....
ReplyDeleteThis comment has been removed by the author.
ReplyDelete(ကို)ကောင်းကင်ကို တစ်ယောက်
ReplyDeleteချွေတာ ပြောပါတယ်......
တီး(tea) တစ်ခွက် နှစ်ယောက်တကယ်သောက်တာကို
လျှောက်လည်ကာမပြောပါဘူး....
အရာရာဈေးတွေတက်တာကြောင့်
ဆိုက်ဘာမှာ အကြွေးတွေထပ်နေတယ်
ပေးဆပ်ကြဦး...။
ဟောင်းပေမယ့်လည်း ကောင်းနေဆဲလို့ ဆိုရမလိုပဲ အစ်ကိုရေ..း)
ReplyDeleteကဗျာတွေ ပြတ်နေခိုက်
ReplyDeleteဗမာတွေ ငတ်နေခိုက်
ငနာတွေ တပ်တွေလိုက်
မသာတွေ ကျပ်မြေကြိုက်
ဟာဟ...
းဝ)
ကန္တာရထဲက အိုအေစစ်မှာ တူနှစ်ကိုယ်တိုင်းပြည် ထူထောင်နေပါလား။ မိုက်တယ်။ :)
ReplyDeleteThis comment has been removed by the author.
ReplyDeleteအဟောင်းတွေပေမယ့် ကောင်းပါတယ်...
ReplyDeleteကဗျာအလှကို ကာရန်တမြမြနဲ့ ခံစားရတာ ကျေးဇူးပါ.....
ကဗျာဆိုတာ ကျောင်းသင်ခန်းစာတခုလို သင်ယူလို့  မရနိုင်တဲ့ အရာပါ ကျွန်တော် ကဗျာတွေရေးချင်တယ် ရင်ထဲမှာလည်း ရေးချင်စိတ်တွေရှိနေတယ် ဒါပေမယ့် ကိုကောင်းကင်ကို ရေးသလို ထွက်မလာကြဘူး။ ကိုကောင်းကင်ကိုရေးတဲ့ စတိုင်ကို ကြိုက်ပါတယ် အစဉ်လိုက် ကိုယ်ပြောချင် ရှင်းပြချင်တဲ့ အရာတွေ ကာရန်ညီညီ ရေးချသွားတာ တွေ တကယ်ချီးကျူးစရာပါ။ ကျွန်တော် ကဗျာတပုဒ် ဖြစ်ဖြစ်ရေးဖြစ်ရင်တောင် ကိုကောင်ကင် ကို ရဲ့ လွတ်လပ်တဲ့ ကဗျာတပုဒ်မျိုး ထွက်လာကောင်းထွက်လာမှာပါ အဲ့ဒါ ကူးချတာမဟုတ်ပါဘုး အိုင်ဒီယာတူ တာဘဲဖြစ်မှာပါ။လောလောဆယ် ကိုကောင်းကင်ကို ကဗျာတွေ ကို အမြဲအားပေးလျက်ပါ ။ ခင်မင်စွာဖြင့် 
ReplyDeleteဒေါင်းTM
အလန်းတွေ ပြန်ချနေပါလား ငါ့အကိုရယ်.. ကောင်းပါ့ရှင်
ReplyDeleteလဒ တစ်ကောင် အပုဒ်အသိုးတွေ လာစားသွားတယ်ဗျ ။
ReplyDeleteခေတ်ကာလ ဆိုးမှောင်
ReplyDeleteမေတ္တာအလှ မိုးခေါင်နေချိန်မှာ
‘အကြင်နာသကြား’ လေးတွေနဲ့ ချိုနေတဲ့
သူ့ ရင်က စကား လေးတွေကိုပဲ
အကြင်နာတွေ ရှားနေခိုက်
ရင်မှာ ခံစားနေလိုက်တယ်။
လူတွေရဲ့ ရင်ကို ခွဲကြည့်လိုက်ပါ။
ရက်စက်တဲ့ ကံကြမ္မာက
အဆက်မပြတ် အဖန်တရာ ညှဉ်းလာလို့ 
ငြင်းမရတဲ့ လှံချက်တွေနဲ့ ထုံနေပြီ။
ကောင်းကင်ကိုရေကောင်းတယ်ဟာ..။