သွားဖြစ်သွားတဲ့ လမ်းခရီးမှာ
အားဖြစ်သွားတဲ့ ယမ်းမီးနဲ့ 
တားမြစ်ထားတဲ့ ပန်းသီးရယ်
မှားဖြစ်သွားတဲ့ အခန်းကြီးရယ်။
ဒီလိုနဲ့ 
အထီးကျန်ငှက်တကောင်ဟာ
မေတ္တာကို အလေးအနက်ခံစား
အချစ်ကမ္ဘာကို ပြေးထွက်ပျံသွားခဲ့တယ်။
စိတ်လှုပ်ရှားမှုက တွန်းချလိုက်တဲ့
အညှိုးတသောင်းနဲ့ နွံထဲမှာတော့
အဆိုးအကောင်းတို့ ဒွန်တွဲ
ငါလည်း... အချိုးပြောင်းလို့ လွန်ဆွဲခဲ့တယ်။
ရုန်းကန်မှုဆိုတာ
ဘုန်းကံတခုပေါ့။
ဒုက္ခဟာ
သူ့ လက်တဘက်နဲ့ .. လူတွေကို ထိုးနှက်နေသလို
သူ့ လက်တဘက်နဲ့ .. လူတွေကို တိုးတက်စေတယ်။
ကောင်းကင်ကို
ဟေး ပထမ မန့်မယ်.. ပျံထွက်တော့မသွားပါနဲ့
ReplyDeleteဒုက္ခဟာ
ReplyDeleteသူ့ လက်တဘက်နဲ့ .. လူတွေကို ထိုးနှက်နေသလို
သူ့ လက်တဘက်နဲ့ .. လူတွေကို တိုးတက်စေတယ်။
ကောင်းကင်ကြီးရေ..
ကဗျာလေး ဂွတ်တယ်..
ထိုးနှက်တဲ့ ဘက်က ပို အားသန်နေတာတော့ ခက်တယ်..
ဒုက္ခဟာ
ReplyDeleteသူ့ လက်တဘက်နဲ့ .. လူတွေကို ထိုးနှက်နေသလို
သူ့ လက်တဘက်နဲ့ .. လူတွေကို တိုးတက်စေတယ်။
း)
ရေးတတ်ပါပေ့
ဒုက္ခဟာ
ReplyDeleteသူ့ လက်တဘက်နဲ့ .. လူတွေကို ထိုးနှက်နေသလို
သူ့ လက်တဘက်နဲ့ .. လူတွေကို တိုးတက်စေတယ်။
ေ၇လည်လန်းတယ်ဗျာ
အားပေးနေမယ်နော်
ခင်တဲ့
မေလေး
ရုန်းကန်မှုဆိုတာ ဘုန်းကံတဲ့လား
ReplyDeleteအားရှိသွားပြီ။
ကောင်းလှောင်တေးနဲ့ ဟိုက်ရှာလပတ်ရည်နဲ့ပေါင်းပြီး
ReplyDeleteကောင်းပါတယ် :D
အထီးကျန်ငှက်တကောင်ဟာ
ReplyDeleteမေတ္တာကို အလေးအနက်ခံစား
အချစ်ကမ္ဘာကို ပြေးထွက်ပျံသွားခဲ့တယ်။
တောင်ပံ ခတ်သံလေးတောင် နားထဲ ကြားလိုက်သလိုလိုပဲဗျာ...ကောင်းတယ်..
ဖိုးသူတော်
ခုတော့ အထိုးအနှက်ချည်း ခံနေရတာပါ။
ReplyDeleteဒုက္ခဟာ
ReplyDeleteသူ့ လက်တဘက်နဲ့ .. လူတွေကို ထိုးနှက်နေသလို
သူ့ လက်တဘက်နဲ့ .. လူတွေကို တိုးတက်စေတယ်။
သိပ်မှန်တာပေါ့ညီလေးရာ..
အားအကောင်းဆုံး အပိုဒ်လေးပါပဲ...
ReplyDeleteဒုက္ခဟာ
သူ့ လက်တဘက်နဲ့ .. လူတွေကို ထိုးနှက်နေသလို
သူ့ လက်တဘက်နဲ့ .. လူတွေကို တိုးတက်စေတယ်။
အရမ်း သဘောကျတယ်..
အခန်းနံရံမှာ ရေးပြီး ကပ်ထားဦးမယ်...
ဆရာကောင်းကင်ကို.
ReplyDeleteကဗျာလာဖတ်တာ...
သဘောတကျပြန်သွားပြီ
ဒုတိယ စလေဦးပုညများလား မသိဘူး ဟီး .............
ReplyDeleteအဲလိုတော့ မဟုတ်ပါဘူးနော် ...
ကောင်းကင်ကို က ကောင်းကင်ကို ပဲ
ယနေ့မှစ၍
ReplyDeleteအောက်ကလူကို "ဖိ" ပြီး
အပေါ်ကလူကို "ဖား" တတ်သော သကောင့်သားများအား...
"ဒုက္ခ" ဟု ခေါ်တွင်စေရမည်
ပုံ
ဗိုလ်ချုပ် လူထွေး
တော်သေးတာပေါ့။ လက်နှစ်ဘက်ပဲရှိလို့..
ReplyDeleteအားပေးနေပါတယ် k3.
လင်းအာရုဏ်
တော်သေးတာပေါ့။ လက်နှစ်ဘက်ပဲရှိလို့..
ReplyDeleteအားပေးနေပါတယ် k3.
လင်းအာရုဏ်
ွအကောင်းအဆိုးဒွန်တွဲ
ReplyDeleteလွန်ဆွဲတဲ့ ဒီပွဲမှာ
ရုန်းကန်မှုဆိုတာ
ဘုန်းကံတစ်ခုပါတဲ့....။
ပြုသူသာ အသစ်
ဖြစ်သူက အဟောင်း
နိစ္စ နဲ့ အနိစ္စ အကြောင်းပြောရရင်
ကောင်းကင်ကိုရေ...
မပြီးတဲ့ ဇာတ်ကြောင်း....။
ကောင်းကင်ကိုရဲ့ ကဗျာလေးလာခံစားတယ်
ReplyDeleteဘလောဂ့်တနှစ်ပြည့် ကိုလည်းဖိတ်ခေါ်ပါတယ်
ခင်မင်လျက်
ဒုက္ခဟာ
ReplyDeleteသူ့ လက်တဘက်နဲ့ .. လူတွေကို ထိုးနှက်နေသလို
သူ့ လက်တဘက်နဲ့ .. လူတွေကို တိုးတက်စေတယ်။
ဟုတ်တာပေါ့ရှင် သိပ်ဟုတ်တာပေါ့...