Sunday, June 7, 2009

အမေ (သို့ မဟုတ်) မီးလျှံထဲက ဖီးနစ်ငှက်

မျက်လုံးချို့ နေသူတစုက… တိုင်းပြည်ဆိုသောယာဉ်ကို… အဖြစ်မောင်းလာသည်
လမ်းပြနိုင်သူကိုတော့… အကျဉ်းချထားတာ…နှစ်ပေါင်းကြာပြီ
လှောင်အိမ်ထဲက ဖီးနစ်ငှက်ကို… အနီးကပ်ပစ်ဖို့ … အလစ်ချောင်းလာသည်
တရားခံတွေက…တရားပြန်စွဲနေတဲ့အထိ…ခေတ်ပြောင်းလာပြီ။

မျှော်လင့်ခြင်းလမင်းမှာ… တိမ်မည်းတွေစွန်းတာ… ညဥ့်ပေါင်းရာချီ
စစ်ဖိနပ်အောက်မှာ…ပန်းတွေကြွေခဲ့တာလည်း…အဖြစ်ပေါင်းရာချီ
ကမ္ဘာ့မျက်လုံးတွေရှေ့ မှာ ပေါ်တင်…လူချသည်အထိ…ညစ်ကောင်းလာသည်
မြန်မာကို ကမ္ဘာက သိနေတာက… စစ်ထောင်းရာပြည်။

ရဟန်းသံဃာတွေကိုပါ…သတ်ရဲသည်အထိ…လက်ယဉ်လာပြီ
မုဒိမ်းစစ်ကန်းတွေက… ဘိန်းပစ်ဖမ်းသလို… အကွက်ဆင်လာပြီ
ပြည်သူတွေဆိုတာလည်း… လက်ခုပ်ထဲကရေလို့ သူတို့ …ဆက်ထင်လာပြီ
ကြီးနိုင်ငယ်ညှင်းဝါဒဟာ… မင်းသားတယောက်လိုပေါ်တင်…အသက်ဝင်လာပြီ။

တိုင်းပြည်ကို အမဲဖျက်သလို..သူတို့ … ဖျက်ချင်နေလားမသိ
ပြည်သူ့ သွေးကို တစက်ပြီး တစက်..သူတို့ … လျက်ချင်နေလားမသိ
အမေ့ကို အကျဉ်းထောင်ထဲမှာ ထာဝရ… ဝှက်ချင်နေလားမသိ
သမိုင်းထဲက ဗီလိန်တွေလို သူတို့ အသက်… ထွက်ချင်နေသလားမသိ။

ချော့နေတုန်းမှာမှ… အစွယ်ထုတ်ပြလိုက်တော့… အားလုံးအခက်ပွေ
အခုအစော်ကားခံလိုက်ရတာဟာ… အဖိနှိပ်ခံ… အားလုံးရဲ့ အမေ
နောက်ဆုံးသစ်ရွက်လေး ကြွေသွားမှာစိုးပြီး..အားလုံး…စကားလုံးမဲ့နေ
တစင်းပြီးတစင်း…ရင်ကို တည့်တည့်ခွင်းတဲ့…အခါးဆုံးရက်တွေ။

အမေ့ခြံနံပါတ် ငါးဆယ့်လေးဆိုတာ
မျှော်လင့်ခြင်းရဲ့ ပြယုဂ် အားတက်ဆေးပေါ့
အမေ့အမြင်ပုံစံကို အငှားဆောင်ပြီး သားတို့ အများအတွက်တွေးမယ်
အမေ့ရင်ခုန်သံကို ကြားယောင်ပြီး သားတို့အားဆက်မွေးမယ်။

လူတစုကတော့ တိုင်းပြည်ကို ပြန်ပေးဆွဲသွားပြီ အမှောင်လမ်းတခုဆီ
အချိန်မီးစာလည်း တငွေ့ ငွေ့ နဲ့ လောင်ကျွမ်းလုပြီ
နတ်ကောင်းနတ်မြတ်တို့ ဆောင်ကြဉ်းပေးပါ အောင်ပန်းသူ့ ဆီ
ကျန်းမာပါစေ မျှော်လင့်ချက်တို့ ရဲ့မိခင် အောင်ဆန်းစုကြည်။
ကောင်းကင်ကို

25 comments:

  1. ဟစ်ဟော့စတိုင်နဲ့ ကဗျာကောင်းတပုဒ်ကို ဖတ်သွားပါတယ်... ( ma mie nge )

    ReplyDelete
  2. ဟစ်ဟော့စတိုင် ဟုတ်မဟုတ်တော့ သံသယရှိဆဲ...

    ကောင်းကင်ကို စတိုင်ဆိုတာတော့ ဖတ်မိလျှင်သိ၏

းဝ)

    ReplyDelete
  3. ဂျိမ်း (Jame)
    အခုခေတ်စားနေသော မြန်မာဟစ်ဟော့စသားများ ကာရန်ယူပုံ နှင့် ကောင်းကင်ကို ကာရန်ယူပုံ အတူတူ ပင်ဖြစ်သည်

    ReplyDelete
  4. ဂျိမ်း (Jame)
    အခုခေတ်စားနေသော မြန်မာဟစ်ဟော့စသားများ ကာရန်ယူပုံ နှင့် ကောင်းကင်ကို ကာရန်ယူပုံ အတူတူ ပင်ဖြစ်သည်

    ReplyDelete
  5. ဂျိမ်း (Jame)
    အခုခေတ်စားနေသော မြန်မာဟစ်ဟော့စသားများ ကာရန်ယူပုံ နှင့် ကောင်းကင်ကို ကာရန်ယူပုံ အတူတူ ပင်ဖြစ်သည်

    ReplyDelete
  6. ဟုတ်တယ်ဗျ။ တချို့ ဟစ်ဟော့တွေကတော့ နောက်ဆုံးစာလုံးကို တလုံးနှစ်လုံးပဲ ကာရန်ယူကြတယ်။ တချို့ လည်း ကျနော်လို့ လေးငါးလုံး အတွဲလိုက် ကာရန်ယူကြတယ်။ ကျနော်ကတော့ ကဗျာကို အဲလိုပုံစံရေးမယ်ဆိုရင် လေးလုံးလောက် ကာရန်ယူရတာကို ပိုကြိုက်တယ်။ ခြံနံပါတ် ငါးဆယ့်လေးပါတဲ့ အပိုဒ်ကတော့ စာကြောင်းတကြောင်းလုံးယူထားတာဗျ။ ဟစ်ဟော့ သီချင်းတွေက ဒီပုံစံကို စတာပါ။

    ReplyDelete
  7. ဒီကဗျာလေးကိုလဲ သဘောကျပါတယ်...။
    နောက်ဆုံးအပိုဒ်လေးကို ကြိုက်ပါတယ်.....။

    ReplyDelete
  8. အဲဒီမှာ တလွဲ ဖြစ်တာပဲ ။

    ReplyDelete
  9. ရင်နင့်အောင် ခံစားရတယ်ဗျာ။ ကျေးဇူးပါ။

    ReplyDelete
  10. ဟစ်ပ်ဟော့ စတိုင်နဲ့ရေးတာ သိပ်မရှိသေးဘူး
    ကောင်းတယ် အကို။
    နောက်ဆုံးအပိုဒ်က ကောင်းတယ်။

    ReplyDelete
  11. တမူထူးခြားတဲ့ အနုပညာအရိပ်တွေနဲ့ မေတ္တာစေတနာတွေကို မြင်နေရပါတယ်။ ကျေးဇူး :)

    ReplyDelete
  12. လာဖတ်သွားပါတယ် ... ခံစားချက်တွေကို အပြည့်အ၀ ဖောက်ခွဲပစ်လိုက်တာပါပဲ

    ReplyDelete
  13. ကောင်းတယ်ဗျ...
    ကဗျာကို အသံထွက်ဖတ်မှ အရသာပိုရှိတာ...။ ကျွန်တော် တို့ ဆယ်တန်းတုန်းက ဆရာက ကဗျာဆရာလေ...သူက သူရေးထားတဲ့ ကဗျာတွေကို ဖတ်ဖတ်ပြရင် နားထောင်လို့ကောင်းသလို အရသာရှိတယ်ဗျ...
    ” ကဗျာအဆန်းလေးတွေနဲ့
    ကမ္ဘာတခြမ်းကို အလှဆင်နေသလိုပါပဲ
    ကောင်းကင်ကို....”
    သုခီအတ္တာနံ ပရိဟရန္တု.....

    ReplyDelete
  14. အခုအစော်ကားခံလိုက်ရတာဟာ… အဖိနှိပ်ခံ… အားလုံးရဲ့ အမေ။

    ဒါကို ဘယ်လိုသားသမီးကမှ ငုံ့ ခံမှာ မဟုတ်ဘူး။

    ReplyDelete
  15. very good poem!

    ReplyDelete
  16. တရားခံတွေက…တရားပြန်စွဲနေတဲ့အထိ…ခေတ်ပြောင်းလာပြီ။
    ကြိုက်တယ် သူငယ်ချင်း..

    ReplyDelete
  17. ကျွန်တော် ကောင်းကင်ကိုရဲ့အမေ့ကို ခေါ်သွားတယ်

    ReplyDelete
  18. အစ်ကို... နောက်ကျမှ ကျွန်တော် ရောက်လာတယ်... ဖတ်သွားတယ်.. ပြီးတော့ ကူးယူဖေိာပြလိုက်တယ်... ကျေးဇူးတင်ပါတယ် အစ်ကို...

    ခင်မင်မှုများစွာဖြင့်
    ဒီရေ

    ReplyDelete
  19. jame နဲ့ ကောင်းကင်ကို...
    အခုလို အကျယ်တဝင့် ရှင်းပြပေးတာ ကျေးဇူးပါဗျာ...

းဝ)

    ReplyDelete
  20. very touching!!!

    Bravo Kaungkinko.

    ReplyDelete
  21. ကိုကောင်းကင်ရဲ့ အကောင်းဆုံး ကဗျာတွေထဲက တပုဒ် လို့ သတ်မှတ်မိတယ်။

    နတ်ကောင်းနတ်မြတ်တို့ ဆောင်ကြဉ်းပေးပါ အောင်ပန်းသူ့ ဆီ...
    ကျန်းမာပါစေ မျှော်လင့်ချက်တို့ ရဲ့မိခင် အောင်ဆန်းစုကြည်...။

    ဒီနေ့ခေတ်ရဲ့ သရုပ်ကို ထင်ဟပ် ပေါ်လွင်စေတဲ့ ကဗျာ ကောင်း တပုဒ်ပါပဲ။ ဟစ်ဟော့ စတိုင် နဲ့ စပ်ပုံ ဆင်တယ် ဆိုရင်လဲ ဟစ်ဟော့ သီချင်းအဖြစ် လူငယ်တွေ ကြားထဲ ရောက်သွားစေချင်မိတယ်။

    ReplyDelete
  22. နတ်ကောင်းနတ်မြတ်တို့ ဆောင်ကြဉ်းပေးပါ အောင်ပန်းသူ့ ဆီ
    ကျန်းမာပါစေ မျှော်လင့်ချက်တို့ ရဲ့မိခင် အောင်ဆန်းစုကြည်။

    နတ်ကောင်းနတ်မြတ် တို့ရေ..ကြည့်နေရက်ပါပေတယ်

    ရင်ကို အရမ်းထိတဲ့ ကဗျာလေးပါ
    ကောင်းကင်ကို ရေ....

    ReplyDelete
  23. မချိုသင်းပြောတာ ထောက်ခံတယ် ကောင်းကင်ကိုရေ...
    ဟစ်ဟော့သီချင်း တပုဒ်အနေနဲ့ လူငယ်တွေ ကြားထဲ ပျံ့သွားဖို့ သံစဉ်ထည့်ပြီး ဆိုတီးကြည့်ကြပါလား...

    ဒါဟာ ဒီနေ့ခေတ်ရဲ့ အထိရောက်ဆုံး မီဒီယာပါ...

    ခင်မင်လေးစားလျှက်

းဝ)

    ReplyDelete
  24. ဒီကဗျာလေး အရမ်းကောင်းတယ်..

    ReplyDelete
  25. ကောင်းတယ်… စာသားလေးတွေရော… ကာရံလေးတွေရော… တမူထူးခြားတဲ့ရေးဟန်ရော… ပြီးတော့ theme ရော…

    ReplyDelete