Monday, May 4, 2009

အိပ်မက်အကြို

နင့်ဆံပင်တွေမှာ

အရောင်ခုနစ်ရောင် အချိုးကျစု

ဖြူဆွတ်သွားတဲ့အထိ


စက္ကန့် လက်တံလေး မရပ်မနားသွား

ဆယ်စုနှစ်တွေကြားမှာ မောသွားတဲ့အထိ


အချိန်စားသတ္တ၀ါရဲ့ ဝမ်းဗိုက်ထဲမှာ

ပြက္ခဒိန်အဟောင်းတွေ များများလာတဲ့အထိ


အသားတွေ တွန့် ကြတဲ့အထိ

သြော်…အမှားတွေကို စွန့် ကြတဲ့အထိ


ကိုယ့်ကိုယ်ကိုတွေ့ကြလို့ 

ကိုယ့်ကိုယ်ကိုမေ့ကြတဲ့အထိ


ရွှေလမ်းနဲ့ ခြေလှမ်းတွေ

ဟိုး… မိုးကုပ်စက်ဝိုင်းမှာ

သွားဆုံကြတဲ့အထိ


ကောင်းကင်ကို

16 comments:

  1. ငှဲငှဲငှဲ သိနေတယ် တစ်ကယ်လားဟင် နောက်မှ ဒုတ်တွေဒါးတွေမြင်ချင်ဘူးနော် ကိုကင်း

    ReplyDelete
  2. နောင်လာမဲ့ နှစ်ပေါင်း၅၀
    ခေါင်းထက်ကဆံပင် ဖွေးဖွေး လှုပ်ကာ သငယ်ပြန်တယ်ဆိုလည်းဆို
    မင်းဆံပင်ဖြူဖြူပေါ် စံပယ်ကုံးလေး ပန်ပေးမယ်
    သားတို့ နားမလည် မြေးတို့ နားမလည်
    အဖိုးကြီးငါ့ကို အဖွားကြီးမင်းက မောင်တွေ ဘာတွေ ခေါ်ပါအုန်း

    ကောင်းကင်ကို စောင့်ကြည့်မယ်နော်

    ReplyDelete
  3. အမြဲလင်းလက်နေတဲ.ကောင်းကင်ကြီးေ၇...

    လာလည်ဖတ်ရှုသွားတယ်ဗျို.

    ReplyDelete
  4. တကယ်ကို မရတော့ဘူး ။ :P
    လှလိုက်တဲ့ အိပ်မက်အကြိုလေး ။ ကြိုက်တယ်ဗျာ ။

    ReplyDelete
  5. ဟိုးးး ထား
    စကားတွေလွန်မယ် အမှားတွေကျွံမယ်
    သတိ :P

    ReplyDelete
  6. “ဟိုးးး ထား
    စကားတွေလွန်မယ် အမှားတွေကျွံမယ်
    သတိ :P”

    အစ်မပန် ပြောတာ ဟုတ်တယ်အစ်ကို..
    စကားတွေ လွန်မယ်နော်..။
    ဟားဟ...

    ReplyDelete
  7. မိုးကုပ်စက်ဝိုင်းမှာ ဆုံနိုင်ပါစေ ကောင်းကင်ရေ

    ReplyDelete
  8. အချိန်စားသတ္တ၀ါရဲ့ ဝမ်းဗိုက်ထဲမှာ ပြက္ခဒိန်အဟောင်းတွေ များများလာတဲ့အထိ
    အသားတွေ တွန့် ကြတဲ့အထိ သြော်…အမှားတွေကို စွန့် ကြတဲ့အထိ

    Oh! So......long........
    So difficult to wait.
    I don't want to say "so far so good".

    Bino

    ReplyDelete
  9. နုလှလွန်းတဲ့ ကဗျာလေးရေ...
    မပန်ဒိုရာ နဲ့ ကိုလင်းဒီပတို့  အဖြစ်မှန်ဘဝထဲ ဆွဲခေါ်တာ လိုက်မသွားနဲ့  နော်...:)

    ReplyDelete
  10. အသားတွေတွန့် ကြတဲ့ အထိ
    သြော်... အမှားတွေ စွန့် ကြတဲ့ အထိ

    အနည်းဆုံး အသားတွန့် ချိန်အရောက်မှာ
    လူတိုင်း အမှားစွန့် နိုင်ရင် ကောင်း၏။

    ReplyDelete
  11. ဘာကို ဆိုလိုချင်တယ် ဆိုတဲ့ ကဗျာလေးရဲ့ အဓိပ္ပါယ်ကို ကောင်းကောင်းနားလည်ပါတယ်..။

    ဒါပေမဲ့.. တွေးချင်တာလေးကိုပဲ ကွက်ပြီး ဆွဲတွေးသွားတယ်..

    "ဟိုး… မိုးကုပ်စက်ဝိုင်းမှာ သွားဆုံကြတဲ့အထိ"

    ReplyDelete
  12. အမပန်ပြောတာလေးကို သဘောကျပါတယ်...။
    အကိုရေ ..သူများတွေပြောနေကြပြီနော်...

    ReplyDelete
  13. တကယ်က So far so bad ပါ :|

    ReplyDelete
  14. သစ္စာတိုင် ကဗျာလေးလို့ ခံစားမိပါတယ်။

    ReplyDelete
  15. အစ်ကိုရေ..
    စီဘောက်ရှာမရတော့လို့ Comment မှာပဲ ၀င်ရေးလိုက်ပြီ
    မလာတာကြာလို့ပါ။ အသစ်တွေတော့ သိပ်မတက်သလိုပဲ

    ReplyDelete
  16. ဒီလို ကဗျာချိုချိုလေးတွေ မဖတ်ရတာ အတော်ကြာပြီနော်… ကဗျာဆရာတို့  Moodတွေလဲ ချိုနေတယ်ထင်တယ်… သူများတွေနောက်လို့  ကိုယ်လဲ သီချင်းတပုဒ်သွားသတိရမိတယ်… စာသားတွေက မှားရင်မှားနေလိမ့်မယ်… (မရခင်ဖျာလိုလိပ်ကာ… ထိပ်ပေါ်မှာတင်မတဲ့… မောင်မင်းကြီးသားယောင်္ကျားတွေမှာကွယ်… ခုတော့ ဖျာလို နင်းချေကာသွား ထားရာနေစေရာသွား သူပြုသမျှနုရပေတော့တယ်… ယောင်္ကျးတွေရယ် စကားတွေပိုကာ တတ်နိုင်လွန်းလှတယ်)… နောက်တာနော်… တော်ကြာMoodချိုချိုလေးတွေ ပျက်သွားဦးမယ်… ဒီကော်မန့် ကို ကောင်မလေးကို သွားမပြနဲ့ …

    ReplyDelete