Tuesday, April 28, 2009

စု….လျား….ရစ်….ပတ်


စိတ်ဆိုတာ အသိုက်မဲ့တဲ့ ငှက်မို့ လား?
ဓလေ့ဆိုတာ တချက်လွှတ် အမိန့် မို့ လား?
ဘဝနှစ်ခု တွဲချည်လိုက်တဲ့ ကိစ္စမှာ
စာချုပ်ခြင်းက စတယ်။

ဦးနှောက်နဲ့ အချစ်ကိုချောင်း
အချစ်နဲ့ ဦးနှောက်ကိုပြန်ကျောင်းပြီး
ဘဝနဲ့ ရင်းလို့ လောင်းလိုက်တယ်။

ချစ်တဲ့သူကို တောင်းဖို့ 
လွတ်လပ်မှုတချို့လည်း ရောင်းလိုက်တယ်။

သူနဲ့ ကိုယ်နဲ့ ပေါင်းလို့ 
လူသားအသစ် တောင်းလိုက်မယ်။

ကောင်းကင်ကို

26 comments:

  1. ချစ်တဲ့သူကို တောင်းဖို့ 
    လွတ်လပ်မှုတချို့လည်း ရောင်းလိုက်တယ်။...

    :)

    ReplyDelete
  2. လွတ်လပ်မှုတချို့လည်း ရောင်းလိုက်တယ်..

    လူသားအသစ်ကို တောင်းလိုက်မယ်..

    ရောင်းစေ.. တောင်းစေဗျာ..း)

    ပါးဖောင်းဖောင်း သားကောင်းလေး ရစေသတည်း..

    ကဗျာလေးရော အတွေးလေးရော လန်းတယ်..း)

    ReplyDelete
  3. ဟေ့ မိန်းမယူတော့မှာလား
    လွတ်လပ်မူ့ တချို့ ကို ရောင်းရတာ မဟုတ်ပါဘူး။
    လူသား အသစ်ကို တောင်းလိုက်မယ်တဲ့ ဟားဟား ဟား။
    လူသားအသစ် တစ်ကျိတ်ရပါစေ သတည်း

    ReplyDelete
  4. ဟီဟိ.. ကောင်းလိုက်တဲ့ကဗျာ..

    ReplyDelete
  5. တောင်းတဲ့ဆုနဲ့ပြည့်ပါစေ

    ReplyDelete
  6. ချစ်တဲ့သူကို တောင်းဖို့ 
    လွတ်လပ်မှုတချို့လည်း ရောင်းလိုက်တယ်။

    အဲဒီစာသားလေးအကြိုက်ဆုံးပဲအစ်ကို..
    ပြီးတော့မှ တဂျိမ်းဂျိမ်းရန်ဖြစ်ကြ..ဟားဟား

    ReplyDelete
  7. စုလျားရစ်ပတ်တော့မယ်ဆိုရင်လည်း ဖိတ်စာတော့ ပို့လိုက်ဦးညီလေး။

    ReplyDelete
  8. ဒီကဗျာလေး အရမ်းကြိုက်မိတယ်။

    ReplyDelete
  9. ကွန်ကရက် ကျူလေးရှင်း... ကောင်းကင်ကို

    ReplyDelete
  10. ကဗျာတွေကို တိတ်တိတ်ကလေး လာဖတ်သွားတယ် .. ရတယ်မဟုတ်လား .. :)

    ReplyDelete
  11. ဘ၀နဲ့ ရင်း လွတ်လပ်မှုတွေ ရောင်းပြီး လူသားအသစ် အမြန်ရ ပါစေ ကောင်းကင်

    ReplyDelete
  12. အကိုရေ...ဒီကဗျာလေးကိုတကယ့်
    တကယ်ကိုကြိုက်မိပါတယ်........
    စာသားတွေအကုန်လုံးမိုက်တယ်......
    ဧကန္တတော့...တို့အကိုကြီးမရိုးတော့
    ဘူးနဲ့တူတယ်.....ဒါဆိုလဲဖိတ်စာပို့လိုက်
    နော်...(ခင်လို့စတာ):P

    ReplyDelete
  13. လွန်ကိုလွန်လွန်းတယ်တော်..
    (သူနဲ့ ကိုယ်နဲ့ ပေါင်းလို့ 
    လူသားအသစ် တောင်းလိုက်မယ်။)
    ခုရေတွင်းတူး ခုရေကြည်သောက်မတဲ့
    ဟီး...ကိုကောင်း....ကောင်းဒယ်
    ကဗျာက။

    ReplyDelete
  14. အဟဲ....
    ကိုကောင်းကြီး လူသားအသစ် မတောင်းခင်
    မျက်မှန်မပျောက်စေနဲ့ဦးဗျ..

    ခင်လေးငယ် :P

    ReplyDelete
  15. အကိုတော် ညီမ က အရင်ဆောင်မှာနော်
    အကိုနောက်မှလုပ်နော်

    ReplyDelete
  16. အိန္ဒြာApril 29, 2009 at 9:58 PM

    အောင်မယ်လေး...ကဗျာဆရာရယ်.

    ရေးတတ်လိုက်ပ..။

    (ကောင်းကင်ကို..နင်..
    ဖွထားတာတွေပြန်ကြားတယ်နော်.ဟင်းဟင်း..)

    ReplyDelete
  17. ကောင်းကင်ကို Version နဲ့  စု လျား ရစ် ပတ်ခြင်းပေါ့…
    တကယ်တော့ နှလုံးသားချင်းပေါင်းလိုက်တာပါ…
    တကယ်စုလျားရစ်ပတ်တော့မယ်ဆိုရင် ကွန်ကရက်ကျုးလေးရှင်းပါ…
    ဖိတ်စာလေးနဲ့ လိပ်စာလေးတော့ ပို့ လိုက်နော်…
    ကဗျာဆရာနဲ့ ကဗျာဆရာကတော်အတွက် အမှတ်တရလက်ဆောင်လေးပို့ ပေးချင်လို့ ပါ…

    ReplyDelete
  18. အဲ.. ငါ့ကို တစ်ကယ် လက်ထပ်ဖို့ စိတ်ကူးနေပြီလား..း)

    ReplyDelete
  19. ကိုကောင်းရေ သူငယ်ချင်း ဖိတ်စာပို့လေဟာ..စိတ်ကြိုက်မှာ တစ်ဝိုင်းကျွေးလဲရတယ် ငါ့သူငယ်ချင်း ကျွတ်ပြီလား

    ReplyDelete
  20. အထက်မှာ တစ်ကယ် လက်ထပ်ဖို့ စိတ်ကူးနေပြီလားလို့ မေးတဲ့သူတွေရှိနေတယ်နော်အစ်ကို နောက်မကျစေနဲ့ ဟီးဟီး :)

    ReplyDelete
  21. လူ့လောကထဲကို ခြေချတော့မယ်ပေါ့...
    ဘာမှ အလကားမရတဲ့ လောကမှာ တခုကို လိုအပ်ရင် တခုကို ရင်းရသတဲ့...
    ရင်းနှီးသင့်တာတွေကို ရင်းလိုက် ကိုယ့်ညီရေ့...

    ATN

    ReplyDelete
  22. စီဘောက်မတွေ့ လို့  ဒီမှာ ရေးခဲ့တယ် စ၀ိုင်းဝက်နာစေးရောဂါ အတွက် သတိပေးထားတာ လာဖတ်စေချင်လို့ ပါ

    ReplyDelete
  23. ဒါကြောင့် ပျောက်နေတာကိုး ။ လောင်းပြီး တောင်း ၊ တောင်းတော့ ရောင်း ၊ ပြီးတော့ တောင်း ။ :D

    ReplyDelete
  24. ခေးကိုMay 2, 2009 at 11:18 AM

    အရမ်းကောင်းတဲ့ ကဗျာလေးပဲ :)

    ReplyDelete
  25. ကောင်းတယ်ဗျိုးးးးး ခံစားသွားတယ်နော်ကဗျာလေးကို
    ခင်မင်စွာဖြင့်
    နှင်းဆီနက်

    ReplyDelete
  26. အကို ကောင်းကင်ကို ညီမ လာလည်၏ ကဗျာလေးက နှူးညံ့လွန်းလို. နဲနဲတောင်ကြေကွဲ သွားတယ် ဟဲဟဲ

    ReplyDelete