Thursday, April 16, 2009
ပြိုင်တူလင်းတဲ့ကောင်းကင် (အမှတ်တရ ကဗျာစု) (ကဗျာဆရာများ စုပေါင်း ရေးသားသည်)
ကဗျာဆရာဆရာမတွေစုပေါင်းပြီး အမှတ်တရ ရေးသားထားကြတဲ့ - ပြိုင်တူလင်းတဲ့ကောင်းကင် - သင်္ကြန်အမှတ်တရ ကဗျာစု pdf စာအုပ်ပါ။ ဒီမှာ donwload လုပ်လို့ ရပါတယ်။ ကျွန်တော်ရေးတဲ့ကဗျာကို အောက်မှာ ဖော်ပြလိုက်ပါတယ်။
ပါရမီမြောက်တဲ့ ဝဋ်ကြွေး
အကြောင်းမသိဘူး ဆိုပြီး တချို့ က သနားချင်သနားမယ်။
ခေါင်းမရှိဘူး ဆိုပြီး တချို့ က ဟားချင်ဟားမယ်။
ကိုယ့် အိပ်မက်မြို့ လယ်ခေါင်မှာ
ကိုယ့်ရုပ်တုကိုယ်ပြန်ကိုးကွယ်ချင်နေတဲ့ကောင်ဟာ
ကိုယ့်ကိုယ်ကို သနားလွန်းလို့ 
ကိုယ့်ကိုယ်ကို မသနားတော့ဘူး။
ဘာကိုမှ မစတေးပဲနဲ့ 
ဘယ်သူတွေ သမိုင်းရေးဖူးလို့ လဲ။
အသိုင်းအဝိုင်းကတော့
လူအုပ်ကြီးအတိုင်းတွေး
ပုံမမှန်တဲ့ ပုံမှန်လမ်းအတိုင်းပြေးဖို့ 
အဝါကတ် ပြ သတိပေးနေပြီ။
ဒီလို…
ပေးဆပ်ခြင်းနဲ့  လမ်းဖောက်ခ
မီးခိုးကြွက်လျှောက် ဒုက္ခတွေကို
ဝဋ်ကြွေးတွေလို့ ပြောဦးမလား။
ဝဋ်ကြွေးဆိုတာ ဘုရားသခင်အလိုတော်လို
လွန်ဆန်လို့ မရဘူး ဆိုရင်တောင်မှ
ဒါတွေဟာ
အလဟဿ ဝဋ်ကြွေး သန်းပေါင်းများစွာ ထဲက
ဝဋ်ကောင် တစ်ထောင်မှာ တကောင်တောင်ဖွားခဲတဲ့
ပါရမီ မြောက်တဲ့ ဝဋ်ကြွေး။
ကောင်းကင်ကို
ကဗျာစာအုပ် ဒေါင်းလုဒ်လုပ်ရန် esnips
12 comments:
  1. ကိုကောင်းကင်ရေ..
    ကဗျာလေး ကောင်းတယ်..း)
    ကိုကောင်းကင်ရဲ့ ကဗျာလက်ရွေးစင် စာအုပ်မှာ ဒီကဗျာလေး ထည့်ဖို့ မမေ့နဲ့နော်..
    ခင်မင်လေးစားချစ်ခြင်းအားဖြင့်
    ReplyDelete
  2. ပါရီမမြောက်တဲ့ ၀ဋ်ကြွေး ကဗျာလေးက ထိမိတယ်ဗျာ။
    ReplyDelete
  3. ပါရမီမြောက်တဲ့ဝဋ်ကြွေးတဲ့လား… လှလိုက်တဲ့စကားလုံးလေး… အိမ်ရောက်မှ ကဗျာစာအုပ်လေးကို ပရင့်ထုတ်ပြီ သိမ်းထားမယ်…
    ReplyDelete
  4. အရမ်းကောင်းပါတယ်
    စကားလုံးဆန်းလေးတွေနဲ့
    အဓိပ္ပါယ်ရှိလှပါတယ်
    သင်္ကြန်အမှတ်တရ လက်ဆောင်လေး ယူသွားပါတယ် အစ်ကို
    အောင်မြင်ပါစေ
    ReplyDelete
  5. သူ့ အိမ်မက်တွေက ကြပ်ပြေးမှာပါလေ
    သူ့ ရုပ်တု သူကိုးကွယ်လို့ မရမှန်း သူသိပါတယ်လေ
    ကိုးကွယ်ကြတဲ့သူတွေကိုသာ
    အကြောင်းမသိသေးရှာပါလားဟဲ့လို့ 
    ခေါင်းမရှိပုံများ
    ကျုပ်ကတောင် သနားတဲ့
    အယ်ဇီ
    ReplyDelete
  6. >>>အသိုင်းအဝိုင်းကတော့
    လူအုပ်ကြီးအတိုင်းတွေး
    ပုံမမှန်တဲ့ ပုံမှန်လမ်းအတိုင်းပြေးဖို့ 
    အဝါကတ် ပြ သတိပေးနေပြီ။<<
    ဖောက်ထွက်ပြီးသာ
    ပြေးလိုက်ပါတော့။
    ReplyDelete
  7. "ကိုယ့်ရုပ်တုကိုယ်ပြန်ကိုးကွယ်ချင်နေတဲ့ကောင်ဟာ
    ကိုယ့်ကိုယ်ကို သနားလွန်းလို့ 
    ကိုယ့်ကိုယ်ကို မသနားတော့ဘူး။"
    ဒီစာကြောင်းလေး သိပ်သဘောကျတယ်။ကဗျာတစ်ခုလုံးရော...
    ReplyDelete
  8. ကိုယ့်တို့ ရဲ့ ဝဋ်ဒုက္ခတွေဟာ ပါရမီမြောက်လို့  မြောက်မှန်း အခုမှပဲ သိတော့တယ်... ဒီနေ့ ကံမကောင်းပါလား...
    ReplyDelete
  9. မင်္ဂလာနှစ်သစ်ပါ ကောင်းကင်ကြီး ၊၊
    ReplyDelete
  10. တော်လိုက်တာကဗျာဆရာရယ်
    ReplyDelete
  11. ကျွန်တော် ပြန်ရောက်ပြီ ကိုကောင်းရေ..
    ကဗျာစုအတွက် တွဲခေါ်တာ ကျေးဇူး..
း)
    ReplyDelete
  12. Thanks for a marvelous posting! I truly enjoyed reading
    it, you may be a great author.I will be sure
    to bookmark your blog and will come back sometime
    soon. I want to encourage that you continue your great writing, have a nice weekend!
    Also visit my webpage ... dance
    ReplyDelete