Tuesday, March 31, 2009
ကဗျာစာအုပ် ထုတ်မလို့ 
ကျနော့် ကဗျာတွေကို ဖတ်လေ့ရှိတဲ့ မိတ်ဆွေ တယောက်က ကဗျာစာအုပ် ထုတ်ပေးမယ် ဆိုလို့ ကဗျာစာအုပ် ထုတ်ဖို့ ကျနော် စီစဉ်နေပါတယ်။ size ကတော့ A4 စာရွက်ရဲ့  တဝက်လောက်ပါ။ စာရွက် ကောင်းကောင်း သုံးဖို့ စဉ်းစားထားပါတယ်။ ကဗျာစာအုပ်အတွက် အတွင်း သရုပ်ဖော်ပန်းချီပုံ တွေတော့ မထည့်ဘူးလို့  စဉ်းစားထားပါတယ်း။ ကဗျာ အပုဒ်လေးဆယ်လောက် ထည့်ဖို့ စိတ်ကူးထားပါတယ်။ အစ်မ တယောက် ကလည်း ကဗျာ ဆယ့်တစ်ပုဒ် ရွေးပေးထားပါတယ်။ ကြယ်တွေပြိုင်တူလင်းဖို့  လိုတယ်၊ မွေးရပ်မြေရဲ့  အကြောင်း၊ ကျွန်၊ ကမ္ဘာ၊ အငိုဒုက္ခ တိုင်းပြည်၊ ငါဖန်ဆင်းမယ့် နိုင်ငံ၊ ကဗျာချစ်သူ ဆိုတဲ့ ကဗျာတွေကိုတော့ ထည့်ဖြစ်အောင် ထည့်မှာပါ။ အချစ်ကဗျာ တွေလည်း ထည့်ဖို့  စဉ်းစားထားပါတယ်။ ကဗျာရွေးတဲ့ ကိစ္စ၊ ဖြန့်ချီရေး ကိစ္စနဲ့  တခြားလိုအပ်မယ် ထင်တဲ့ အကြံဥာဏ်တွေ၊ ထင်မြင်ချက်တွေ ကွန်မန့်  မှာ ပေးသွားကြပါနော်။
33 comments:
  1. ကဗျာတွေတစ်စုတစ်စည်းထဲ
    ဖတ်ခွင့်ရတော့မှာပေါ့ ...
    ကောင်းတယ်အစ်ကိုရေ .....
    ReplyDelete
  2. ၀မ်းသာပါတယ်ဗျာ။ blog ပေါ်မှာလည်း ကဗျာစာအုပ်လေး တင်ပေးပါဦး။
    ReplyDelete
  3. မြန်မာပြည်အတွက် ထုတ်မှာလား မောင်လေး
    စိတ်ကူလေးကောင်းပါတယ်..
    အချစ်ဆိုသည်မှာ.. မထည့်ဘူးလား..း)
    ဒီလောက်ဟိုးလေးတကျော် ကဗျာလေး ချန်မထားနဲ့နော်..း)
    အဆင်ပြပါစေ..
    ReplyDelete
  4. ဒီ post မှာ ပထမဆုံး comment ပေးသွားကြတဲ့ 10 ယောက် ကို တစ်အုပ်စီလက်ဆောင်ပေးမယ်ဆိုရင် သိပ်ကောင်းမှာပဲဗျာ ...။ :)
    မြန်မာပြည်သေးသေးလေးမှာ ကဗျာရေးတဲ့သူတွေ ကဗျာကို ချစ်တဲ့သူတွေ အများကြီးရှိနေတာကို အံသြစရာပဲ ကို ကောင်းကင်ကို ရေ ..။ ၀မ်းသာစရာလည်းကောင်းပါတယ် ...။
    အလကားမပေးရင်တောင် ၀ယ်ဖို့စဉ်းစားထားပါတယ် ...။ အခုကတည်းက ပိုက်ဆံစုထားလိုက်မယ် .. :) ကဗျာစာအုပ် ထွက်ရင်သာ အကြောင်းကြားပေးပါဦး ..။
    ReplyDelete
  5. ဘလော့ဂ်ပေါ်ကနေ စာအုပ်အဖြစ်ပြောင်းတော့မယ်ပေါ့... ကွန်ဂရက်ကျူးလေးရှင်းပါ
    ReplyDelete
  6. ကောင်းလိုက်တာ..congrats!
    စာအုပ်လေးကို မျှော်နေမယ်...
    ReplyDelete
  7. ဝမ်းသာပါတယ်..။
    သရုပ်ဖော်ပုံသက်သက်မဟုတ်ပဲ အရိပ်လိုမျိုး၊ ဝါးတားတားပုံလေးပေါ်မှာ စာစီထားရင် လှမယ်..။
    ReplyDelete
  8. ဟုတ်တယ် အရင်ဆုံးဆယ်ယောက်ကို လက်ဆောင်တစ်အုပ်စီပေး။
    ပြီးတော့ ကဗျာလာဖတ်လို့ အထူးကျေးဇူးတင်ကြောင်း။ ဖတ်မဲ့သူသာမရှိရင် ကောင်းကင်ကိုဆိုတာလည်း ဖြစ်လာမှာ မဟုတ်ကြောင်း။
    ခွန်နှစ်ရက်သားသမီးကို ကျေးဇူးဆပ်တာဖြစ်ကြောင်း။
    ဘာကြောင်းညာကြောင်းပေါ့။ ဖြစ်နိုင်ရင် အကြံညဏ်ပေးသော အစ်မ မအယ်ဇီအားကျေးဇူးတင်ကြောင်း ဆိုပြီးဆိုင်ဆိုင် မဆိုင်ဆိုင်ထဲ့ရေးလိုက်နော်။
    ReplyDelete
  9. မိဘ မကောင်းသားသမီးခေါင်းလဲ ထည့်လိုက်အုန်းနော်
    ReplyDelete
  10. ဝမ်းသာစရာပေါ့...။ကဗျာကောင်းလေးတွေကို
    တစုတစည်းထဲ ဖတ်ခွင့်ရတော့မှာပေါ့......။
    ကောက်ကြောင်းပန်းချီလေးတွေနဲ့ဆို ပိုကောင်း
    မလားလို့.....။
    ReplyDelete
  11. ဗျို့  ရှေ့ ကမိတ်ဆွေတို့ အယောက်၂၀တော့လုပ်ဗျာ
    မျှမျှတတပေါ့...
    ReplyDelete
  12. Blogger ကောင်းကင်ကို said...
    အေးပါညီရာ အယောက် ၃၀ တော့စိတ်ကူးထားပါတယ်
    ဟီး........
    ReplyDelete
  13. အိန္ဒြာMarch 31, 2009 at 7:17 PM
    မင်္ဂလာသတင်းပေါ့.....
    မုဒိတာပွားသွားတယ်မောင်လေးရေ...
    ဟေး................
    ဘာပဲပြောပြော...မေတ္တာလက်ဆောင်စာရင်းထဲ.
    ပါပြီးသားနော်....ဒါပဲ..။
    ReplyDelete
  14. ကွန်ဂရက်ကျူလေးရှင်း အစ်ကို .. အရမ်းဝမ်းသာတယ်
    အားပေးနေမယ် အစ်ကို ။ လောလောဆယ်တော့ လုပ်ပြီးရင်e-Book လေး အရင်မျှပါဦးဗျို့ ။ အဟေးဟေး
    အောင်မြင်ပါစေ အစ်ကို
    လေးစားချစ်ခင်လျက်
    ကိုရင်ညိန်း
    ReplyDelete
  15. This comment has been removed by the author.
    ReplyDelete
  16. စာအုပ်ထုတ်ဖြစ်ရင် လက်တို့လိုက်ပါရှင့်..။
    ကဗျာတွေကို ချစ်တဲ့...။
    ReplyDelete
  17. ကောင်းတယ်ညီလေးရေ့....ဝမ်းသာတယ်ကွာ
    ReplyDelete
  18. အားပေးမယ်
    ဂုဏ်ယူမယ်
    လက်ဆင့်ကမ်းမယ် သူငယ်ချင်းတွေကို
    ReplyDelete
  19. ကောင်းပါတယ်...။ကြိုဆိုပါတယ်။ထုတ်ဖြစ်ရင် ကျွန်တော်တို့ လိုချင်ပါတယ်။ ကိုရီယားက ပါ။
    ဖြစ်နိုင်ရင် အကြောင်းပြန်ပါ။
    winlatt@gmail.com
    ReplyDelete
  20. ကိုကောင်းရေ၊ အရင်သိပြီးနောက်မှ Comment ရေးလိုက်ရတာ စိတ်မကောင်းဘူးဗျို့။
    ကဗျာစာအုပ် မျက်နှာဖုံးမှာ "လေပြင်းတွေလာခြွေလို့၊ သေမင်းဆီငါကြွေသွားရင်တောင်၊ ကဗျာတွေကို စုပ်ခဲ့တဲ့ နှုတ်ခမ်းနဲ့၊ ကမ္ဘာမြေကို နှုတ်ဆက်နမ်းခဲ့မယ်" ဆိုတာလေးပါ ထည့်ပေးပါလို့ ပြောချင်ပါတယ်။
    ပြီးတော့ ကျနော့် အကြိုက်ဆုံးတွေထဲက တစ်ပုဒ်ဖြစ်တဲ့ ကျွန် ကဗျာလေးကိုလည်း ထည့်လိုက်တဲ့အတွက် ၀မ်းသာပါတယ်။ စာအုပ်ပေါ်မှာ ကဗျာဆရာကိုယ်တိုင် လက်မှတ် ထိုးထားတာလေးကို လိုချင်ပါတယ်။
    ReplyDelete
  21. ကိုင် ဒီနေ့ကနေစပြီး ကဗျာဟောင်းတွေကို ပြန်ဖတ်မယ်ဆိုပြီး ဟိုအေ၇ှ့ကို သွားပါတယ် ။ အဖြူေ၇ာင်စာလုံးတွေကြောင့် ဖတ်မ၇ဘူးဖြစ်နေတယ် ကိုကောင်းကင်ဟင်းလင်းေ၇ ဒါပေမယ့် ကျမကြိုက်တဲ့ ကဗျာလေးကိုတော့ ပြောခဲ့မယ် ချစ်သူပါလေး နစ်ဖက် နှင်းဆီပွင့်လေး :) အဲဒီကဗျာလေးက သိပ်ကို ၇င်ခုန်စ၇ာကောင်းတယ်လိုထင်တယ် ။ ပထမဆုံးဖတ်တုံးကပေါ့့။ ခပ်မိုက်မိုက်ကဗျာလေးတွေ စုထားတဲ့ စာအုပ်က မိုက်မိုက်လေးတော့ ဖြစ်မှဖြစ်မယ် အဖြူေ၇ာင် သတ်သတ်တော့မလုပ်ပါနဲ ကောက်ကြောင်းလို အကြံပေးတာကို သဘောတူတယ် ။ အ၇ိပ်ဆို၇င်လည်းမဆိုးဘူး ဒါပေမယ့် ပုံတွေက လိုက်ဖက်တဲ့ ပုံတွေ ကို ၇ှာ၇လိမ့်မယ့် အ၇ိုးဆုံးက အမိုက်ဆုံးတဲ့ ။ ပထမ၃၀ တော့မလုပ်ပါနဲ့ ပထမ တစ်တောင်လောက်ကို လက်ဆောင်ပေးပါ ကျမအလှည့်ကို ရောက်အောင်းလို :D
    ReplyDelete
  22. ထုတ်ပြီးရင် ရောင်းမှာလား…
    ဘယ်လိုဝယ်လို့ ရလဲ… ဒီကိုရောပို့ ပေးလား…
    အမှတ်တရသိမ်းထားချင်လို့ ပါ…
    ကဗျာဆရာရဲ့ ကဗျာတွေ အားလုံးကောင်းနေတော့ ရွေးရတော့ အတော်ခက်တယ်…
    ReplyDelete
  23. ကောင်းတယ်ဗျာ လုပ်သင့်တယ်
    ReplyDelete
  24. ကဗျာစာအုပ်လေး အောင်မြင်ပါစေနော်..
    ReplyDelete
  25. ကိုကောင်းကင်ရေ့
    စာအုပ် Tittle ရော အတည်ပြုဖြစ်သွားပြီလားဗျ ခင်ဗျားတခါပြောဖူးတဲ့ ' မကျွတ်သေးတဲ့တစ္ဆေ ' လည်း တော်တော် မိုက်ပါတယ်
    “ ဒုတိယတအုပ်ကျရင်
    ကာဗာဒဇိုင်း(မေတ္တာဖြင့်)လုပ်ပေးမယ်ဗျာ ”
    data တွေသာ ရန်ကုန်ကိုလှမ်းပို့လိုက်ပါ။
    ဖန်ငါး က ကံချား
    ReplyDelete
  26. ထွက်တာမြင်တာနဲ့ ပြေးဝယ်ထားမယ်။
    ReplyDelete
  27. ကျွန်တော်လည်း ထုတ်ချင်တယ်လို့ ပြောထားတာ မေ့သွားပြီလားဗျအစ်ကို...
    ဂုဏ်ယူပါတယ်အစ်ကို...
    အတွင်း သရုပ်ဖော်ပုံတွေ ထည့်စေချင်ပါတယ်..
    ကျွန်တော်က လက်ရှိ စာအုပ်တွေထုတ်တဲ့အလုပ်လုပ်နေတာမို့ ခိုင်းချင်တာရှိတာခိုင်းပါနော်
    အသေးစိတ်ကိုလည်းသိချင်ပါတယ်
    နောက်ပိုင်းရေးတဲ့ အတိုလေးတွေကိုလဲ ရွေးပြီး သုံးစေချင်ပါတယ်
    ReplyDelete
  28. စာအုပ်ထုတ်ပြီးရင်ဝယ်ယူဖို့ ဘယ်လိုဆက်သွယ်ရမလဲ
    ReplyDelete
  29. ကြယ်စင်June 19, 2009 at 1:06 PM
    ဟေ့..ဒီမှာ…ငါက
    ကိုယ့်လမ်းကိုယ်ရှင်း
    ကိုယ့်ပန်းကိုယ်ခင်း
    ကိုယ့်ငြမ်းကိုယ်နင်း
    ကိုယ့်အစွမ်းနဲ့ ကိုယ်လင်း.... အဲဒါလေးထည့်ဖြစ်အောင် ထည့်ဗျာ... ကဗျာမာနနဲ့ သေလောက်အောင်ကို အားပေးနေမယ့်သူ ......အဟီး
    ReplyDelete
  30. ကြယ်စင်June 19, 2009 at 1:13 PM
    အဲ...ဘယ်မှာလာဝယ်ရမလဲဗျာ။ အနော်က မလေးရှားမှာဗျ။ အိမ်တိုင်ရာရောက် ပို့ပေးတဲ့ စနစ်လေးဆို သိပ်ကောင်းမှာပဲ.. အဟီး။ ဒါပေမယ့်...တောင်တန်းတွေကို လိုချင်ရင် တောင်တန်းဆီကို ကိုယ်ကရောက်အောင် သွားရမယ်တဲ့.... ဘယ်လောက်ခက်ခက် ၀ယ်ကိုဝယ်မယ်... (အဲ.. အယောက် ၃၀ လက်ဆောင်ပေးဖို့ စဉ်းစားထားရင် အနော်များ ပါနေမလားမသိ အဟိ။) အိပ်ရေးက ပျက်ထားတော့ မျက်လုံးကလဲ မကောင်း Memory ကလဲမကောင်းချင်တော့ ဘယ်နှစ်ယောက်မြောက်လဲ သေချာကြည့်လိုက်ဦးမှ...အဟ။ ဘာပဲဖြစ်ဖြစ် သိပ်အလုပ်ရှုပ်တတ်တဲ့ အနော့ဆီ စာအုပ်ထွက်တာနဲ့ ကျေးဇူးပြုပြီး မေးလ်ပို့ပေးပါဗျာ... ကျေးဇူးတင်နေမှာပါ။ samemohmoh@gmail.com (ကြိုက်တဲ့လူ ကူးယူပေ့စေ။ အဲလို ပေါ်တင်ပဲ ပေးလိုက်တယ်။ အဟ)
    ReplyDelete
  31. အစ်ကို ကောင်းကင် ကဗျာတွေကို အရမ်း ကို သဘောကျလို့ စာအုပ်ထွက်တော့မယ်ဆိုတော့ ၀ယ်ချင်ပါတယ် အလကားပေးလည်း စိတ်ဆိုးပါဘူး ဟဲဟဲ ...
    ကျနော့်ကိုစာအုပ်ထွက်ရင် အကြောင်းကြားပေးပါနော် ....
    ReplyDelete
  32. This comment has been removed by the author.
    ReplyDelete