Sunday, March 22, 2009

မညီမျှခြင်း

ခေတ် သမုဒ္ဒရာမှာ
နစ်မြုပ်တာခြင်း အတူတူတောင်
သူတို့မှာတော့ မေခလာတွေရှိ
ကိုယ့်မှာတော့ ဝေဒနာတွေပိ ။

ပျိုရွယ်တဲ့ အပင်တွေကို အငြိုးနဲ့ မွှေရမ်း
လေကြမ်းက တဖြည်းဖြည်းနဲ့ ရင့်
လွင့်ခဲ့ရတာခြင်းအတူတူတောင်
တစ်ချို့ ကတော့ မိုးတိမ်တွေလို ဝေဟင်မှာ ပျံနေကြပြီ။
ကိုယ့်ကျတော့ ရွက်ကြွေတွေလို မြေပြင်မှာ ခံနေရသည်။

အဆိုးပဲရောက်ရောက်လာလို့ 

တမိုးတည်းအောက်မှာ
မျက်ရည်ချောင်း ဖောက်လိုက်တာခြင်း အတူတူတောင်
သူတို့ က မုတ်ကောင်လေးတွေ
သူတို့ ငိုသမျှ ပုလဲတွေရသည်။
ကိုယ့်ကျမှ လွဲနေရသည်။

ကောင်းကင်ကို

27 comments:

  1. ခေတ် သမုဒ္ဒရာမှာ
    နစ်မြုပ်တာခြင်း အတူတူတောင်
    သူတို့မှာတော့ မေခလာတွေရှိ
    ကိုယ့်မှာတော့ ဝေဒနာတွေပိ ။

    ကိုကောင်းရေ၊ ဒီတစ်ခါတော့ ကျနော် ဦးသွားလို့ အရင်ဝင်ရေးလိုက်တယ်။ အပေါ်က အပိုဒ်လေးကတော့ တစ်ကယ် ထိတယ်ဗျို့။

    ReplyDelete
  2. ကဗျာလေးက သိပ်ကိုတိုက်ဆိုင်လွန်းပါတယ်ဗျာ...

    ReplyDelete
  3. အကို ကဗျာစပ်တော့ တကယ်တော်တယ်ဗျာ

    ReplyDelete
  4. :D
    မညီမျှခြင်း = ခွဲခြားခွဲခြား....။

    ReplyDelete
  5. ဘာမှ ဘာမှကို မပြောနိုင်လောက်အောင် နှုတ်ဆိတ် ပြန်သွားတယ်။
    ကဗျာကသာ ကော်ဖီ တခွက် ဆိုရင် ခါးလိုက်မယ့် ဖြစ်ခြင်းပဲ။

    ReplyDelete
  6. မညီမျှခြင်းတွေကို
    ဂီတသီချင်းလို လုပ်ဆိုလိုက်ပါကွယ်။

    ReplyDelete
  7. ကဗျာကောင်းတယ်ညီ။

    ReplyDelete
  8. မညီမျှခြင်းတွေကို

    ညီမျှခြင်း ချကြည့်သွားတယ်ကိုကောင်းကင် ....

    ReplyDelete
  9. မျက်ရည်ချောင်း ဖောက်လိုက်တာခြင်း အတူတူတောင်
    သူတို့ က မုတ်ကောင်လေးတွေ
    သူတို့ ငိုသမျှ ပုလဲတွေရသည်။
    ကိုယ့်ကျမှ လွဲနေရသည်။

    ( တလွဲတွေချည်းပဲ ရရနေတဲ့ ကိုယ့်ကိုကိုယ်
    လစ်ခနဲပြန်မြင်ခွင့်ရလိုက်ပါတယ် )
    မှတ်မှတ်ရရ ကဗျာဆရာကိုယ်တိုင် အသိပေးလို့ ဖတ်ခွင့်ရလိုက်သော ကဗျာကောင်း တပုဒ် . . .၊ ကျေးဇူးအထူးတင်ပါသည်။

    ReplyDelete
  10. ကဗျာကို ခံစားလိုက်တော့ မညီမျှခြင်းတွေ အပုံလိုက် ပြုတ်ကျ လာတယ်ဗျာ..။

    ReplyDelete
  11. ကဗျာ အသွားအလာလေး ကြိုက်တယ် ကိုကောင်း ။ ဂွတ်။း)

    ReplyDelete
  12. ခေတ် သမုဒ္ဒရာမှာ
    နစ်မြုပ်တာခြင်း အတူတူတောင်
    သူတို့မှာတော့ မေခလာတွေရှိ
    ကိုယ့်မှာတော့ ဝေဒနာတွေပိ ။
    ... ..... ...

    စကားလုံးတိုင်းမှာ အဓိပ္ပါယ်တွေ အပြည့်နဲ့ ..

    ကြိုက်တယ်ဗျာ...

    ReplyDelete
  13.ှမညီမျှခြင်းတွေနဲ့ငြိနေရတဲ့ဘဝ......

    ReplyDelete
  14. ကိုယ့်ညီနဲ့ မောင်မျိုးနဲ့ ၂ ယောက် ပေါင်း ညှိလိုက်ကြပါလား...
    မောင်မျိုးကတော့ ညီမျှခြင်းတဲ့...

    ReplyDelete
  15. ဖြစ်ချင်တာက ဆန္ဒ
    ဖြစ်လာတာက ဘ၀ တဲ့
    အဲဒီမတူတာတွေ က ပဲ ဘ၀ လေ..
    တချိုကတွေကလဲ .မောင်လေး ကိုကြည့်ပြီး အဲသလို တွေးချင်တွေးနေမှာနော်..
    ....
    ဘာပဲပြောပြော
    ဒီအရေးတော့ ကြိုက်တယ်
    ....
    အဆိုးပဲရောက်ရောက်လာလို့ 
    တမိုးတည်းအောက်မှာ
    မျက်ရည်ချောင်း ဖောက်လိုက်တာခြင်း အတူတူတောင်
    သူတို့ က မုတ်ကောင်လေးတွေ
    သူတို့ ငိုသမျှ ပုလဲတွေရသည်။

    ReplyDelete
  16. မညီမျှခြင်းမှာ တစ်ခါတစ်ရံ ညီမျှခြင်းတွေပါလာတတ်ပြန်ရောတဲ့ :P

    ReplyDelete
  17. ကဗျာက လန့်လောက်အောင် ကောင်းတယ်။

    ReplyDelete
  18. ခေတ်ယမုံအတွင်းမှာ
    နစ်ပုံချင်းတူတာတောင်မှ
    ဟိုကောင်က ငါ့ဂုတ်ပေါ် ခွစီးချင်သေးတယ်….
    ငါ့မှာတော့ အောက်မှာ တဖွီးဖွီးနဲ့
    မြေကြီးကို ရှာမရ။

    လေပြည်ထဲမှာ
    ပွင့်တာချင်းအတူတူတောင်မှ
    ဟိုကောင်က ငါ့အပေါ် လောင်းရိပ်မိုးချင်သေးတယ်။
    ငါ့မှာတော့ အောက်မှာ တညှိုးညှိုးတငယ်ငယ်နဲ့
    နေရောင်ကို ရှာမရ။

    တမိုးအောက်မှာ
    နှစ်ယောက်တည်းနေတာချင်း အတူတူတောင်
    ဟိုကောင်က ငါ့အိမ်ဦးမှာ ဒူးနှန့်ပြီး နေချင်သေးတယ်။
    ငါ့မှာတော့ ဖိနပ်ချွတ်မှာ အိပ်စရာနဲ့
    လူ့သိက္ခာကို ရှာမရ။

    ReplyDelete
  19. ညီမျှခြင်း= မညီမျှခြင်း
    မောင်မျိုး= ကောင်းကင်ကို

    ဟားဟား တိုက်တိုက်ဆိုင်ဆိုင် ခေါင်းစဉ်တွေပေးမိနေတယ်း) အစ်ကို့ မညီမျှခြင်းက ပြည့်ဝတဲ့အနက်ရှိတယ် ညီ ...ညီမျှခြင်းက အရှုံးပေးသလိုလိုနဲ့ အကွာကြီးကွာတယ် ။

    ReplyDelete
  20. မလွဲချင်တာတွေပဲ မမောမပမ်းတိုးနေတော့တယ်

    ReplyDelete
  21. ကိုယ်စောက်သုံးမကျရင် မကျဘူးပေါ့..သူများကိုလွှဲချနေသေးတယ်..ဟဟ..

    ReplyDelete
  22. အကြောင်းရှာတော့
    ခေါင်းမှာချာချာလည်...။

    ReplyDelete
  23. ကောင်းကင်ကိုရဲ့ကဗျာနဲ့ကိုပေါ…ပြုံးမိပြီ။(-း

    ReplyDelete
  24. အကို လာခံစားပါတယ်။ ကဗျာကောင်းလေးပါဗျာ...

    ReplyDelete
  25. ဟာ... အကိုရာ မသိလိုက်ဖူး
    ခုမှ ဖတ်ဖြစ်တာ... ကောင်းလိုက်တာ

    နစ်မြုပ်တာခြင်း အတူတူတောင်...
    ဝေဒနာတွေနဲ့ အပိခံနေရတာများ....
    ကိုယ့်ကျမှ အလွဲတွေနဲ့ လွဲလို့...

    ဟုတ်တယ်နော်...

    ကိုယ်...
    တို့.........
    တွေ.........
    ကြ..............
    မှ..................!!!

    ReplyDelete
  26. အရမ်းကောင်းတယ် အကိုရာ..။တိုက်ဆိုင်တာတွေ ရှိတော့ ပို ဆိုးတယ်..။

    အားပေးလျက်

    ညီငယ်

    ReplyDelete
  27. အရမ်းကောင်းတယ် အကိုရာ..။တိုက်ဆိုင်တာတွေ ရှိတော့ ပို ဆိုးတယ်..။

    အားပေးလျက်

    ညီငယ်

    ReplyDelete