Tuesday, March 10, 2009
ဘာမြူဒါ
နှုတ်ခမ်းကြွက်သားလေးတွေ အက၊
'ပန်း'ဆက်တံခါးလေး အဟမှာ
အလွန်ဆုံးကျယ်လှ တလက်မ ပေါ့။
ဒါပေမယ့်
နှင်းဆီနဲ့ တူတဲ့ အပေါက်
ပုရိသတွေ ပြုတ်ပြုတ်ကျတတ်တဲ့ ချောက်ဟာ
စူပါမင်းတစ်ယောက်ကိုတောင်
ခြေထောက်ဆွဲထားနိုင်တယ်။
ကောင်းကင်ကို
35 comments:
  1. ကောင်းကွ..း)
    အဲဒီချောက်ထဲကို ကျခဲ့ဖူးပုံပဲ..း)
    ReplyDelete
  2. ပြေးပြီ.. ဆွဲခံရမှာ ကြောက်ကြောက်..း))
    ReplyDelete
  3. အဲ့အပေါက်ကြီးက တကယ်ကိုကြောက်စရာကြီးပေါ့ တော်ပြီး အနားတောင်မကပ်တော့ဘူးး)
    ReplyDelete
  4. အစ်ကို အခုတစ်လော ကာရန်နဘေတွေ တော်တော်လက်တွေ့ နေပုံရတယ်။ ချောက်ထဲကျရင်တောင် အာငွေ့ လေး သင်းနေမလား မသိ။
    ReplyDelete
  5. ဒီဘာမြူဒါမျိုး ကျချင်ကျပစေပေါ့ ဟုတ်လားညီလေး
    ReplyDelete
  6. အဲဒီ ဘာမြူဒါ က
    တလက်မလေး ပဲ ရှိလို့ နော် ...
    စူပါမင်း တောင် ထမပျံနိုငဘူးဆိုတော့
    အင်း.....း) ......
    ReplyDelete
  7. အဓိပ္ပါယ်နှစ်ခွထွက်သော ကဗျာမျိုး ရေးသားခြင်းမှ ရှောင်ကြဉ်ပါရန်………( ကျနော်က အတွေးခေါင်တတ်လွန်းလို့ပါ ကဗျာဆရာ။)း-)
    ReplyDelete
  8. အသည်းတယားယားနဲ့ ဖတ်သွားတယ် ကိုကောင်း
    ReplyDelete
  9. "ဘာမြူဒါ" တဲ့လားဗျာ... အဲဒီ အပေါက် ကို လမ်ညွှန်ပေးပါဦး.. သွားကြည့်ပါရစေ... ကောင်းတယ် အစ်ကို... အတွေးတွေ အများကြီးနဲ့ ဖတ်ပြီး ပြန်သွားပါတယ်...
    ReplyDelete
  10. အစ်ကိုရဲ့ ကိုယ်ပိုင် ဘာမြူဒါလေးလား...
    ဘယ်နှစ်ခါ ကျပြီးခဲ့ပြီလဲဟင်..
    ဘယ်လောက်ကျကျ အမှတ်မရှိခဲ့ဘူးထင်ပါတယ်..:P
    ပျော်ရွှင်ပါစေ..
    ReplyDelete
  11. ချောက် အဲဒီ့ချောက်ပါဘဲ။ ဟုတ်တယ် ။ ပုရိသတွေ ပြုတ်ပြုတ်ကျခဲ့တာ။
    အတွေးလေးကော အရေးလေးပါ သဘောကျနှစ်ခြိုက်စွာ စီးမျောသွားပါတယ်။
    စိတ်၏စေရာနာခံလေသော
    မိုးမြင့်တိမ်
    ReplyDelete
  12. ((((......ဟမ်........)))
    ကောင်းကင်ကို....
    ပြောင်းချင်သလို
    ReplyDelete
  13. ဟဟ မဟုတ်ကဟုတ်ကကို အရင်တွေးမိသွားတယ် ကောင်းကင်ကြီးရယ် ဆောရီး ဟားဟား
    ReplyDelete
  14. တစ်လက္မ?
    က' ဘူးထင်တယ်နော......
    က' တယ်ပဲထားပါတော့ 
    စူပါမင်းကိုဆွဲထားရင် အဲဒီချောက်လေး တန်းလန်းတန်းလန်း နဲ့ ပါလာမှာပေါ့ ...
    ဟီး ဟီး....စ တာနော်....
    ကိုလည်း အဲလိုချောက်လေးထဲကျခဲ့ တာ...၉ နှစ်တောင်ကျော်ပေါ့ ..ပြန်ထွက်ဖို့ ကျတော့ ..ခုထိ..အပေါက်ရှာ မတွေ့ သေးဘူး....
    မိုးစက်လင်း....
    ReplyDelete
  15. တော်သေးတာပေါ့ ကဗျာခေါင်းစဉ်ကယ်ပေလို့  ။ ကိုကောင်း ကဗျာတွေ လတ်ဆတ်နေတယ်ဗျ ။း)
    ReplyDelete
  16. အင်းးးးးး
    ရင်တွင်းဖြစ် ဘာမြူဒါနဲ့တူတယ် ကိုကောင်းကင်ရေ :P
    ReplyDelete
  17. ဖတ်ရတာ အသဲယားလိုက်တာ အကိုရယ်.. ဒါပေမယ့်နော် အကိုနော် နိုင်ငံရေး မကင်းတာတွေ လုပ်ရ၀ူး
    ReplyDelete
  18. တစ်လက်မ လောက်အကျယ်
    ကွယ်..ဒီအရွယ်လောက်တော့
    ဒို့ ...မကြောက်ပါဘူး...
    ဟူး....မောလိုက်တာ...
    ငါ့ကို..ချောက်ထဲက ဆွဲယူကြပါဦးဗျို့....။
    ReplyDelete
  19. Dear Kaung Kin Ko,
    Hope you are doing well.
    I hope you will remember me if i say Nan's friend, Ma Nang Seng.
    I have been trying to visit your blog many times. but the problem is the font style. It never come up with burmese font in my com. Can you give me any suggetion to be able to read your site?
    Please give my regards to Nan as well. I haven't got any contact with her for such a long time already.
    Hope she is doing well too.
    If you have gmail account please let me know. here is my account......tsrainuhtewa@gmail.com
    Ma Nang Seng (Ah Shawng)
    ReplyDelete
  20. မျက်မှန်ပြောင်းတပ်သင့်တယ် ဒါဆို နောက်ထပ် ဒီအဖြစ်တွေထပ်မဖြစ်လောက်တော့ဘူးထင်တယ်
    ReplyDelete
  21. "ပန်းဆက်တဲ့တံခါး" ဆိုတာကို တလွဲတွေးလိုက်တာ တော်တော် လှတဲ့ စကားလုံး လေးဖြစ်သွားတယ်.. :) FullStop
    ReplyDelete
  22. ကျပြီးပီလား၊ အခုမှကျမှာလား၊ ကျလုကျခင်လား
    ReplyDelete
  23. ကိုကောင်း...
    ချောက်ထဲကနေအပေါ်ပြန်တက်မယ်စိတ်ကူးရင်...
    ကျနော့်လက်လေးလဲ လှမ်းဆွဲပါဦး...
    ReplyDelete
  24. ကိုကောင်းကင်ကို ကဗျာလေးတွေ အရမ်းကြိုက်တယ်။
    ReplyDelete
  25. အဲတော့ အဲဒီချောက်ကနေဝေးဝေးရှောင်မှ မဟုတ်ရင် ပြန်မတက်နိုင်ရင်ခက်မယ်။။
    ReplyDelete
  26. ၀ိုး..။
    ကောင်းလိုက်တဲ့ ကဗျာ..။
    တိုးတိုလေးနဲ့  တည့်မှန်တာပါလား..။
    ဒါပမယ့် သဘောသိပ်မပေါက်လို့
    နှစ်ခေါက်လောက် ဖတ်လိုက်ရတယ်..။
    အတွေးချော်သွားလို့ 
    :D
    ReplyDelete
  27. အိမ်ကလူပေးဖတ်ရင်တော့ တသက်လုံး ပြန်တက်မရတဲ့ ချောက်လို့  ပြောမှာ အမှန်ပဲ…
    ReplyDelete
  28. ကောင်းကင်ကြီး
    ထင်းကနဲ ဖြစ်နေပါသော်ကော...
    လက်သံပြောင်၏။
    ReplyDelete
  29. "ဘာမြူဒါ"
    ကဗျာ ကောင်းတယ်--
    ReplyDelete
  30. တော်တော်နက်တဲ့ချောက်.. ကိုကောင်းရေ
    အရမ်းကြိုက်တယ်ဗျာ..
    ReplyDelete
  31. ဖတ်ပြီးသမျှကဗျာ…မကြိုက်တာမရှိသေးဘူး။(-း
    ReplyDelete
  32. ဘာ....ကို
    မြူ.....ဆွယ်
    ဒါ....လဲ.....?....ပြော..ဟင်းနော်....လူဆိုး....။
    ReplyDelete
  33. အဲ အခါခါ ဖတ်တယ် နားလည်ဘူး။
    ဘာမြူဒါဆိုတာ ဘာကို ပြောတာလဲ :)
    ReplyDelete
  34. ဖြစ်နိုင်မယ်ဆိုရင် ဒီကဗျာရဲ့ စကားပြေကို သိချင်တယ်ဗျာ
    ReplyDelete
  35. ကြယ်စင်တွေ အိပ်မောကျတဲ့'ည'
    တိမ်ညိုတွေငိုတဲ့မျက်ရည် တဖွဲဖွဲ ကျနေခိုက်
    ပင့်သက်ရှိုက်သံများရဲ့ကြား
    တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းပါးလေးကို
    ဖွဖွညင်သာနမ်းရှိုက်
    ပွေ့ပိုက်ထားတဲ့ သူ့လက်တွေက
    လွတ်ထွက်သွားမှာစိုးရိမ်နေသလို
    ကိုယ့်ကိုချည်နှောင်ထားတဲ့ခဏ
    အဲဒီ 'ည' ကို လွမ်းမိတယ်..
    ဦးဦးကောင်းကင်ကို ရေ..................
    ReplyDelete