ကျနော့် ကဗျာတွေကို ဖတ်လေ့ရှိတဲ့ မိတ်ဆွေ တယောက်က ကဗျာစာအုပ် ထုတ်ပေးမယ် ဆိုလို့ ကဗျာစာအုပ် ထုတ်ဖို့ ကျနော် စီစဉ်နေပါတယ်။ size ကတော့ A4 စာရွက်ရဲ့  တဝက်လောက်ပါ။ စာရွက် ကောင်းကောင်း သုံးဖို့ စဉ်းစားထားပါတယ်။ ကဗျာစာအုပ်အတွက် အတွင်း သရုပ်ဖော်ပန်းချီပုံ တွေတော့ မထည့်ဘူးလို့  စဉ်းစားထားပါတယ်း။ ကဗျာ အပုဒ်လေးဆယ်လောက် ထည့်ဖို့ စိတ်ကူးထားပါတယ်။ အစ်မ တယောက် ကလည်း ကဗျာ ဆယ့်တစ်ပုဒ် ရွေးပေးထားပါတယ်။ ကြယ်တွေပြိုင်တူလင်းဖို့  လိုတယ်၊ မွေးရပ်မြေရဲ့  အကြောင်း၊ ကျွန်၊ ကမ္ဘာ၊ အငိုဒုက္ခ တိုင်းပြည်၊ ငါဖန်ဆင်းမယ့် နိုင်ငံ၊ ကဗျာချစ်သူ ဆိုတဲ့ ကဗျာတွေကိုတော့ ထည့်ဖြစ်အောင် ထည့်မှာပါ။ အချစ်ကဗျာ တွေလည်း ထည့်ဖို့  စဉ်းစားထားပါတယ်။ ကဗျာရွေးတဲ့ ကိစ္စ၊ ဖြန့်ချီရေး ကိစ္စနဲ့  တခြားလိုအပ်မယ် ထင်တဲ့ အကြံဥာဏ်တွေ၊ ထင်မြင်ချက်တွေ ကွန်မန့်  မှာ ပေးသွားကြပါနော်။
Tuesday, March 31, 2009
Saturday, March 28, 2009
တချို့ လမ်း
ဒြပ်မဲ့ ဆံကေသာမှာ
လျှပ်တစ်လက်စာ ပန်ခွင့်ရဖို့ 
‘ကတ္တီပါလက်’ထိပ် ‘ဖန်’ရှသလို
တီကောင် ကြက်အဆိတ် ခံရသလို
အလူးအလဲ
ငရဲ။
ကောင်းကင်ကို
လျှပ်တစ်လက်စာ ပန်ခွင့်ရဖို့ 
‘ကတ္တီပါလက်’ထိပ် ‘ဖန်’ရှသလို
တီကောင် ကြက်အဆိတ် ခံရသလို
အလူးအလဲ
ငရဲ။
ကောင်းကင်ကို
Wednesday, March 25, 2009
ဂုဏ်ပုဒ်
အဝေးကွင်းမှာတော့ ဘုရင်
အိမ်ကွင်းကို ပြန်မကန်ရဲတဲ့ သူဖုန်းစား
ခေါက်ဆွဲလေး မစို့ မပို့  စားနေကြတဲ့
နောက်တန်းက တိုက်စစ်မှူးများ။
ကောင်းကင်ကို
အိမ်ကွင်းကို ပြန်မကန်ရဲတဲ့ သူဖုန်းစား
ခေါက်ဆွဲလေး မစို့ မပို့  စားနေကြတဲ့
နောက်တန်းက တိုက်စစ်မှူးများ။
ကောင်းကင်ကို
Sunday, March 22, 2009
မညီမျှခြင်း
ခေတ် သမုဒ္ဒရာမှာ
နစ်မြုပ်တာခြင်း အတူတူတောင်
သူတို့မှာတော့ မေခလာတွေရှိ
ကိုယ့်မှာတော့ ဝေဒနာတွေပိ ။
ပျိုရွယ်တဲ့ အပင်တွေကို အငြိုးနဲ့ မွှေရမ်း
လေကြမ်းက တဖြည်းဖြည်းနဲ့ ရင့်
လွင့်ခဲ့ရတာခြင်းအတူတူတောင်
တစ်ချို့ ကတော့ မိုးတိမ်တွေလို ဝေဟင်မှာ ပျံနေကြပြီ။
ကိုယ့်ကျတော့ ရွက်ကြွေတွေလို မြေပြင်မှာ ခံနေရသည်။
မျက်ရည်ချောင်း ဖောက်လိုက်တာခြင်း အတူတူတောင်
သူတို့ က မုတ်ကောင်လေးတွေ
သူတို့ ငိုသမျှ ပုလဲတွေရသည်။
ကိုယ့်ကျမှ လွဲနေရသည်။
ကောင်းကင်ကို
နစ်မြုပ်တာခြင်း အတူတူတောင်
သူတို့မှာတော့ မေခလာတွေရှိ
ကိုယ့်မှာတော့ ဝေဒနာတွေပိ ။
ပျိုရွယ်တဲ့ အပင်တွေကို အငြိုးနဲ့ မွှေရမ်း
လေကြမ်းက တဖြည်းဖြည်းနဲ့ ရင့်
လွင့်ခဲ့ရတာခြင်းအတူတူတောင်
တစ်ချို့ ကတော့ မိုးတိမ်တွေလို ဝေဟင်မှာ ပျံနေကြပြီ။
ကိုယ့်ကျတော့ ရွက်ကြွေတွေလို မြေပြင်မှာ ခံနေရသည်။
အဆိုးပဲရောက်ရောက်လာလို့ 
မျက်ရည်ချောင်း ဖောက်လိုက်တာခြင်း အတူတူတောင်
သူတို့ က မုတ်ကောင်လေးတွေ
သူတို့ ငိုသမျှ ပုလဲတွေရသည်။
ကိုယ့်ကျမှ လွဲနေရသည်။
ကောင်းကင်ကို
Tuesday, March 17, 2009
သုံးဆယ့်နှစ်ခုမြောက်ဘုံ က ရေစက်ချပွဲ
အဲဒီ့ဘုံမှာ
ဘုံသားတစုက
အကုသိုလ် အလုံးအရင်းကို
ရောက်ရာ အရပ်က ကြုံသလို့ ဆဲဖို့ 
အမျှ ဝေတယ်။
ရင်ထဲအထိအောင် အမှောင်ချပြီး
ဖယောင်းစက်တွေ ချနေတယ်။
ကောင်းကင်ကို
Tuesday, March 10, 2009
ဘာမြူဒါ
နှုတ်ခမ်းကြွက်သားလေးတွေ အက၊
'ပန်း'ဆက်တံခါးလေး အဟမှာ
အလွန်ဆုံးကျယ်လှ တလက်မ ပေါ့။
ဒါပေမယ့်
နှင်းဆီနဲ့ တူတဲ့ အပေါက်
ပုရိသတွေ ပြုတ်ပြုတ်ကျတတ်တဲ့ ချောက်ဟာ
စူပါမင်းတစ်ယောက်ကိုတောင်
ခြေထောက်ဆွဲထားနိုင်တယ်။
ကောင်းကင်ကို
Friday, March 6, 2009
အလုပ်ကြီး အကိုင်ကြီး
အဟောင်းဖော်ကြ ၊လှန်ကြနဲ့ ...
ကျောင်းတော်က ရန်စ
အကြောင်းပေါ်က ပြန်ချမယ်ဟေ့။
ကောင်းကင်ကို
Wednesday, March 4, 2009
အရည်အချင်း
ကိုယ့်အကျိုးကိုယ်ငြင်း
ကိုယ့်အမျိုးကိုယ်ညှဉ်း
ကိုယ့်ပုဆိုးကိုယ်နင်း
ကိုယ့်ဂိုးကိုယ်သွင်း
တို့ အရည်အချင်း။ကောင်းကင်ကို