Monday, February 23, 2009

လူငယ်

ညီငယ် မိုးစက်နှင်းဆီ(စိတ်စမ်းရေ) က တောင်းဆို့ လို့ လူငယ်အကြောင်းကဗျာလေး ရေးလိုက်တာပါ။

လူငယ်

ကြယ်တွေအချင်းချင်း မိုးပေါ်မှာဆုံဖို့ 

စိတ်ဆိုတဲ့ အတောင်ပံတွေနဲ့ 

အပြင်းပျံနေတာ လူငယ်။

သူတို့ အတွင်းသဏ္ဍာန်တွေဟာ ဖြူတယ်။


အရွယ်စုံ ကြယ်အုပ် လေးမှာ

ငယ်ဂုဏ် ငယ်ရုပ်လေးတွေနဲ့ 

အများချစ်မယ့် ပီယဆေးတွေရှိတယ်

စတားဖြစ်မယ့် ဗီဇလေးတွေ ရှိတယ်။


နှစ်တွေ ဘယ်လောက်ခြားခြား

ဆဌမအာရုံဆိုတဲ့ နားနဲ့ 

သမိုင်းဆီက အမွေခံ

ဒါ သူတို့ ကိုညှို့ နေကျ ပုလွေသံပေါ့

ရာဇဝင်ဇာတ်အိမ်တိုင်းရဲ့ မင်းသား

မီးတောက် အပြင်းစားတွေ

ရင်ခွဲပေးလိုက်တဲ့ ဝင်းတံခါးဆီ

အတင်းတိုးလို့ လျှောက်ကာနင်းသွား

မင်းဆိုးတို့ ကျောက်ဖျာ တင်းသွားခဲ့ဖူးတယ်။


ဟော

ဟိုမှာ

လူငယ်ဆိုတဲ့ ရထား

ကမ္ဘာအနှံ့ က ကြိုးတန်းတွေပေါ်မှာ

စွန့် စွန့် စားစားသွားနေတယ်။


ဟော

ဟိုမှာ

လူငယ်ဆိုတဲ့ ကျား

လူငယ်စာကိုစားဖို့ 

အန္တရာယ်တွေနဲ့ ကစားနေတယ်။


ကောင်းကင်ကို

23 comments:

  1. ဖတ်သွားတယ် အစ်ကို...။ ရေးထားတာ သိပ်အားရတယ်။

    ReplyDelete
  2. အားပါတဲ့ ကဗျာလေးပါပဲ...

    ReplyDelete
  3. ကိုကောင်းကင်ရေ..

    ဖတ်ရတာ အားရပါးရ ရှိလိုက်တာ..

    “လူငယ်ဆိုတဲ့ ကျားလူငယ်စာကိုစားဖို့ အန္တရာယ်တွေနဲ့ ကစားနေတယ်”

    ReplyDelete
  4. အရမ်းကောင်းတဲ့ ကဗျာလေး ဖတ်သွားတယ်၊

    ReplyDelete
  5. အရမ်းကောင်းတယ် အကိုရေ.....။
    ကဗျာလေးကိုဖတ်ပြီး အားတက်သွားတယ်...။

    ReplyDelete
  6. နောက်ဆုံးအပိုဒ်ကိုတော်တော်အားရတယ်
    ကိုကောင်းကင်ရေ ...

    ReplyDelete
  7. ကဗျာလေး လာအားပေးသွားပါတယ် ... အစ်ကို

    ReplyDelete
  8. အစ်ကိုရေ..အသက်ဘယ်လောက်ထိ
    လူငယ်လို့ ခေါ်လို့ရလဲဗျ...(ငယ်ချင်လို့...ဟီး)

    ပျော်ရွှင်ပါစေ အစ်ကိုရေ..

    ReplyDelete
  9. စကားလုံးတွေက ရွှေချထားလောက်တယ် ညီလေးရေ

    ReplyDelete
  10. ကိုကောင်း တို့ကတော့
    လုပ်ချ လိုက်ပြန်ပီဗျာ
    အားဆေးတွေ သောက်ရသလိုပဲ
    စကားတွေက အရမ်းလန်းတယ်ဗျာ
    ကြိုက်တယ်
    မိုက်တယ်
    ခိုက်တယ်

    ReplyDelete
  11. ကောင်းမွန်တဲ့ ကဗျာ ပါဗျာ။ လေးစားပါတယ်။

    ReplyDelete
  12. အများချစ်မယ့် ပီယဆေးတွေရှိတယ်
    စတားဖြစ်မယ့် ဗီဇလေးတွေရှိတယ်..

    ၀ါး စာသားက ရေလည်မြောက်တယ်

    ReplyDelete
  13. မင်းဆိုးတို့ ကျောက်ဖျာ တင်းသွားခဲ့ဖူးတယ်။

    ဖြစ်နိုင်ရင် အဲဒီကျောက်ဖြာကို ရရာနဲ့သာ ရိုက်ခွဲပစ်ချင်မိတယ်။ ကဗျာကနေ အားလည်းရသွားသလို ဓားလည်း သွေးမိစေပါတယ်။ တခါတလေ လာလည်ဖြစ်တဲ့ဘလော့ဂ်ဆိုပေမယ့် တစ်ခါဆို တစ်ခါဆိုသလောက် ရင်ထဲထိ ထိုးဖောက်သွားတာပါပဲ။ ဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပါပဲ။

    ReplyDelete
  14. အရမ်းကောင်းကို ကောင်းတယ် အစ်ကိုရေ.. ကောင်လေး တို့လို လူငယ် တွေ ရဲ့ စိတ်ဓာတ်ကို ဖော်ပြထားတာ ကွက်တိပါဘဲ..။

    ReplyDelete
  15. လူငယ်ဆိုတဲ့ ရထားကမ္ဘာအနှံ့ က ကြိုးတန်းတွေပေါ်မှာစွန့် စွန့် စားစားသွားနေတယ်။

    ကြိုက်တယ်ဗျ ။ :)

    ReplyDelete
  16. ဟောဟိုမှာလူငယ်ဆိုတဲ့ ကျား
    လူငယ်စာကိုစားဖို့ 
    အန္တရာယ်တွေနဲ့ ကစားနေတယ်။
    အရမ်းကြိုက်သွားတဲ့စာသားလေးပါ....

    ReplyDelete
  17. စိတ်ဓါတ်အလန်းဆန်းဆုံး အရွယ်
    အမှန်နဲ့ အမှားကို ရီုးသားစွာခွဲခြားတဲ့အရွယ်…
    သူတို့ က အနာဂတ်မို့  သိပ်အရေးကြီးတဲ့ လူငယ်တွေပါ…

    ReplyDelete
  18. မင်းဆိုးတို့ ကျောက်ဖျာ တင်းဖို့ လူငယ်ဆိုတဲ့ အား ကို ဖော်ကျူးသွားတာ အင်မတန်လှတယ်။
    ကဗျာတွေ ထပ်လာဖတ်အုံးမယ်။

    ReplyDelete
  19. လူငယ်တွေရဲ့အားမာန်ဟာ ကဗျာထဲမှာ အင်အားအလုံးအရင်းနဲ့ဖေါ်ပြထားတာကို သဘောကြပါတယ် ကောင်းကင်ကိုရေ

    ReplyDelete
  20. အားလုံးကြောတဲ့ဒိုင်းဘဲ

    ReplyDelete
  21. အိုးးးးးး
    ဒါကြောင့် ကောင်းကင်ကိုဖြစ်နေတာပဲ။

    ReplyDelete
  22. အရွယ်စုံ ကြယ်အုပ် လေးမှာ

    ငယ်ဂုဏ် ငယ်ရုပ်လေးတွေနဲ့ 

    အများချစ်မယ့် ပီယဆေးတွေရှိတယ်

    စတားဖြစ်မယ့် ဗီဇလေးတွေ ရှိတယ်။

    ဟော

    ဟိုမှာ

    လူငယ်ဆိုတဲ့ ရထား

    ကမ္ဘာအနှံ့ က ကြိုးတန်းတွေပေါ်မှာ

    စွန့် စွန့် စားစားသွားနေတယ်။

    ဟော

    ဟိုမှာ

    လူငယ်ဆိုတဲ့ ကျား

    လူငယ်စာကိုစားဖို့ 

    အန္တရာယ်တွေနဲ့ ကစားနေတယ်။

ိကြိုက်တယ်ဗျာ။ ကိုကောင်း ကဗျာတွေဖတ်ပြီးရင် ဗိုက်တာမင်ဆေးပြားတွေသောက်စရာမလိုတော့ဘူး။ တစ်ကယ့်ကို အားအင်တွေပြည့်သွားတာပဲ။

    ဘုန်းသစ္စာဦး

    ReplyDelete
  23. လန်းတယ် အကို ရေ...။
    ကဗျာလေးတွေ ကထိလိုက်တာ..။

    တအားကို စိတ် ၀င်စားသွားပြီ..။

    ReplyDelete