Wednesday, October 15, 2008
အချစ်ဆိုတာ
အစ်မ တန်ခူး Tag လုပ်ထားတာကို ကဗျာလေးအဖြစ်နဲ့ ရေးလိုက်ပါတယ်။
အချစ်ဆိုတာ
အချစ်ဆိုတာ တစ်လုံးတည်းနဲ့ ရသစုံနေတဲ့ သစ်သီး
အချစ်ဆိုတာ နှလုံးသားကို ထထခုန်စေတဲ့ ပစ္စည်း။
အချစ်ဆိုတာ လစ်ပိုတွေ အပြည့်ဖြည့်ထားတဲ့ အဏ္ဏဝါ
ချစ်သူ့စကားနဲ့ ဒုက္ခတွေကို ပစ်ပေါက်လိုက်မယ် အဖန်တရာ။
အချစ်ဆိုတာ လူပျင်းတွေကိုတောင် တင်းပေးနိုင်တဲ့ သံပတ်
အချစ်ဆိုတာ အထီးကျန်နေသူတွေရဲ့ နောက်ဆုံးခံတပ်။
အချစ်ဆိုတာ မမြင်နိုင်တဲ့ ကြိုးတစ်ချောင်းနဲ့  ပျံသန်းနေတဲ့ လေတံခွန်
အချစ်ဆိုတာ ကဗျာမျိုးစေ့တွေ စီးဆင်းလာတဲ့ ရေတံခွန်။
အချစ်ဆိုတာ ရေယောင်ဆောင်ပြီး ကြည်လင်နေတဲ့ ဂျင်အရက်
လူတွေကို ယစ်မူးစေနိုင်ခဲ့တယ် အစဉ်အဆက်။
အချစ်ဆိုတာ နှုတ်ခမ်းလေးထဲက ခုန်ပေါက်ထွက်လာတဲ့ သကာ
အချစ်ဆိုတာ ထမင်းပြီးရင် အရေးအကြီးဆုံးသော အစာ။
အချစ်ဆိုတာ လျှာဖျားစက်ရုံတော်က ထုတ်လုပ်လိုက်တဲ့ သကြားချိုချို ဖြစ်ပါသလား။
အချစ်ဆိုတာ ပါးစပ်ဖျားပေါ်မှာတင် တစ်သွားတဲ့ မေတ္တာတရား။
အချစ်ဆိုတာ မပျောက်ချင်လို့  တမင်တကာ မွေးထားလိုက်တဲ့ အနာ
အချစ်ဆိုတာ အချိန်တွေပေးပြီး ကျင်ယူထားရတဲ့ ရတနာ။
အချစ်ဆိုတာ အရေးတကြီး အဟောခံခဲ့ရတဲ့ တရား
အချစ်ဆိုတာ လူသားတွေရဲ့ အနူးညံ့ဆုံးသော အမှား။
အချစ်ဆိုတာ အရာရာကို တော်လှန်ရဲတဲ့ သူပုန်
တစ်ချို့ ကျတော့လည်း မိဘစကားဆိုတဲ့ ပုဝါဟောင်းကြီးတွေကို ခြုံလို့ ။
အချစ်ဆိုတာ တစ်ချို့ မိန်းမသားတွေ အတွက်တော့ ထမင်းတစ်လုတ်
တစ်ခါတစ်ခါ သူတို့ ကို ခေါင်းခေါက်ရွေးနိုင်မယ့် ဒေါ်လာတစ်ဆုပ်။
အချစ်ဆိုတာ ကောင်မလေးတွေ အရမ်းကျွမ်းတဲ့ ဂဏန်းသချာင်္
ပုရိသတွေကို ချိန်တွယ်ပစ်မယ့် အံ့မခန်းပညာ။
အချစ်ဆိုတာ အရည်မမီလို့ အပယ် ခံလိုက်ရတဲ့ ဆန်ကွဲ
အချစ်ဆိုတာ ဖန်ထည်ထက်တောင် ကွဲအက်လွယ်တဲ့ အသည်း။
အချစ်ဆိုတာ ကြိတ်ပြီးတဲ့ အခါ အချိုကုန်သွားတတ်တဲ့ ကြံဖတ်
ဘာပဲဖြစ်ဖြစ် သံယောဇဉ်နဲ့ မြတ်နိုးတတ်ဖို့ တော့ လိုတယ်။
အချစ်ဆိုတာ ကမ္ဘာကိုမောင်းနှင်ထားတဲ့ လောင်စာ
အချစ်ဆိုတာ ငါတို့ ကို အကျဉ်းချထားတဲ့ ထောင်ပါ။
အချစ်ဆိုတာ ကျွံမိရင် ကြိုက်ကြိုက် မကြိုက်ကြိုက် နေရတော့မယ့် စခန်း
အချစ်ဆိုတာ ဂငယ်ကွေ့  ပြန်ကွေ့ ဖို့ ခက်ခဲတဲ့ လမ်း။
အချစ်ဆိုတာ ဘယ်တော့မှ မတိတ်မယ့်မိုး
ချောချော လှလှလေးတွေကို မြင်ရင် အသည်းနှလုံးဆိုတာ နိုးတတ်တယ်။
အချစ်ဆိုတာ နှစ်ယောက်တည်းနဲ့ စပြီးပျိုးခဲ့တဲ့ ဥယျာဉ်
သံယောဇဉ် နွယ်ပင် လေးတွေကို စုချင်တယ်။
အချစ်ဆိုတာ လုံခြုံမှုကို ပေးစွမ်းနိုင်တဲ့ အမိုး
အချစ်ဆိုတာ လူအလစ်ကို စောင့်နေရတဲ့ သူခိုး။
အချစ်ဆိုတာ ပုံသဏ္ဍန်အမျိုးမျိုးနဲ့ မှန်းဆရ ခက်တဲ့ မိုးတိမ်
အချစ်အကြောင်းကို ဖွဲ့ လိုက်တိုင်း ကိုယ့်လက်ကိုယ် စိုးရိမ်တယ်။
ကောင်းကင်ကို
38 comments:
  1. “အချစ်အကြောင်းကို ဖွဲ့ လိုက်တိုင်း ကိုယ့်လက်ကိုယ် စိုးရိမ်တယ်။” ...တဲ့လား..!!
    ကျမကတော့ ဖွဲ့ဖို့မပြောနဲ့ တွေးမိယုံလေးနဲ့တင် ကျရှုံးနေပြီးသားမို့ပါ....။
    အချစ်ဆိုတာ တစ်ကယ်တမ်းတော့ ပဒိုင်းသီးများလား မသိနော်..!!
    ကိုကောင်းကင်ရဲ့ အချစ်ဖွဲ့ဆိုမှုတွေကတော့
    လက်ဖျားခါလောက်အောင် ကောင်းလွန်းနေပါတယ်...။
    ReplyDelete
  2. Wowwwwwwww............
    One word.
    ^-^
    ReplyDelete
  3. Bravo!. Good idea & poem. Keep it up my brother. We will encourage you forever.
    ReplyDelete
  4. Hi Brother, I love this poem!
    ReplyDelete
  5. ကောင်းလိုက်တာ.. နောက်ကဗျာတွေလည်းဆက်ဖတ်ချင်သေးတယ်ဗျာ..
    ReplyDelete
  6. မျှော်လင့်ထားတာထက်တောင် ပိုကောင်းနေပါ့လား…
    အချစ်dictionaryကဗျာလေးပါပဲ…
    အဲလောက် အချစ်ကို အသေးစိတ်ခြယ်မှုန်းတတ်တာ တကယ့်ကို အံ့မခန်းပါပဲ…
    တခုတ်တရရေးပေးတဲ့အတွက်ရယ် သီတင်းကျွတ်အတွက်ရယ် မုန့် ဖိုးလေး ဒီမှာ ထားခဲ့ပြီနော်… ကျေးဇူးပါကဗျာဆရာရေ….
    ReplyDelete
  7. စိတ်တိုတယ်.. ပြောချင်ဘူး.. အဲလို အကုန်ရေးလိုက်တော့ ကျန်တဲ့သူတွေက ဘာရေးရတော့မှာလဲကွ.. ဟွန်းးး။
    အကြိုက်ဆုံးကတော့ ဒါ..ဟားဟာ..
    "အချစ်ဆိုတာ မပျောက်ချင်လို့ 
    တမင်တကာ မွေးထားလိုက်တဲ့ အနာ
    အချစ်ဆိုတာ အချိန်တွေပေးပြီး
    ကျင်ယူထားရတဲ့ ရတနာ။"
    ReplyDelete
  8. ဟာဗျာ.... ခင်ဗျာ သိပ်လွန်သွားပြီး.. အချစ်ကို ဒီလောက် အနက်ဖွင့်ပြတော့ ကျန်တဲ့ ဘလောဂ့်ဂါတွေ ဘာသွားရေးမတုန်း...။ (ဟား..ဟား အပျော်ပါဗျာ)
    ဒီလောက် အဖွဲ့အနွဲ့ကောင်းတဲ့ ကဗျာဆရာကို “အချစ်ဆိုသည်မှာ” Tag ရေးခိုင်းတော့ လက်လန်အောင် ရေးပြတော့တာပေါ့ဗျာ..။ လေးစားပါတယ် ဆရာကောင်း၊ မထူးပါဘူး တစ်ခါတည်း အလေးပါပြုသွားလိုက်တယ်ဗျာ။ :)
    ReplyDelete
  9. တစ်ခုပဲဗျာ အဆုံးသတ် စကားလုံးလေးတွေ ရှာနိုင်တာ
    အံ့သြတယ်။ ကောင်းတယ်ဗျိုးး။ :)
    ReplyDelete
  10. ကိုကောင်းရေ..ကျွန်တော်အရင်ဆုံးဖတ်ရပေမယ့် အရင်ဆုံးကွန်မန့်မပေးလိုက်ရတာ..နာတယ်ဗျာ။
    ကိုကောင်းရေ..
    အရမ်းကောင်းလွန်းလို့ပါ။ သူတို့ကို ဖတ်ဖူးစေချင်တယ်။သူငယ်ချင်းတွေကလည်း ကဗျာအရမ်းကြိုက်ကြတဲ့သူတွေမို့ပါ။ ကိုယ်ပျောက်မျက်မှန်တုန်းကလဲ ကျွန်တော်ဝေမျှခဲ့မိတယ်။ အစ်ကို့ရဲ့ ကဗျာတွေပို့ပေးတဲ့အခါ ကောင်းကင်ကို လို့ အောက်မှာ ရေးပေးလိုက်ပါတယ်။ အမြဲတမ်းပါ။ ပြီးတော့ အစ်ကို့ရဲ့ ဘလော့ဂ်လိပ်စာကိုပါပေးပါတယ်။ နောက်ဆို ကိုယ့်ဘာသာသွားဖတ်လို့ရအောင်ပါ။
    ကိုသူတော် စီဘောက်စ်မှာ ရေးထားသလို အစ်ကိုကဗျာတွေ အလွဲသုံးစားဖြစ်နေခဲ့ရင် အဲဒါ ကျွန်တော့်ကြောင့်များဖြစ်သွားမလား စိုးရိမ်မိတယ်။ ကျွန်တော်ပေးတုန်းက ကောင်းကင်ကို ရေးတယ်ဆိုတာ ပါပေမယ့် နောက်လူတွေက ရေးချင်မှ ရေးတော့မှာ ဆိုတာ ကျွန်တော် သတိမထားမိဘူး။။..နောက်ဆိုရင် လိပ်စာပေးပြီး ကိုယ်တိုင်ပဲ သွားဖတ်ခိုင်းပါ့မယ်။ ကျွန်တော့်ကြောင့်များသာဆိုရင် အစ်ကို့ကိုတောင်းပန်ပါတယ်။ ခွင့်လွှတ်ပါအစ်ကို။
    ReplyDelete
  11. I read your beautiful love poem. I applaud you SKY. Cheres
    ReplyDelete
  12. ညီလေးရေ.အတွေးရောအရေးပါပိုင်တယ်နောင်္..
    ကဗျာကတော့အမိုက်စားပါဘဲ...
    ReplyDelete
  13. အချစ်အဘိဓမ္မာဘွဲ့ ပေးသွားပါတယ်။
    အဲလို ရေးမယ်မှန်းသိရင် စကတည်းက တက်ဂ် လိုက်ပါတယ်။
    ReplyDelete
  14. Ko Kaung,
    great, greaT, greAT, grEAT, gREAT, GREAT! :)
    ReplyDelete
  15. ကိုကောင်းကင်ကိုရဲ့ ကဗျာက အင်မတန် ပြောင်မြောက် ပါပေတယ်။ ထမင်းပြီးရင် အရေးအကြီးဆုံးသော အစာ ဆိုတာ တော်တော် မှန်တယ်။ အချစ်မျက်နှာ ကြည့်ပြီး ဗိုက်ဝနေတယ် ဆိုတာ ဟုတ်မှမဟုတ်ဘဲ။
    ReplyDelete
  16. ကိုကောင်းကင်ရဲ့ အချစ်ဆိုတဲ့ကဗျာလေးကို တော်တော်လေးကို ကျတော်နှစ်ချိုက်မိတယ်ဗျာ
    (အချစ်ဆိုတာ ကြိတ်ပြီးတဲ့ အခါ အချိုကုန်သွားတတ်တဲ့ ကြံဖတ် ဘာပဲဖြစ်ဖြစ် သံယောဇဉ်နဲ့ မြတ်နိုးတတ်ဖို့ တော့ လိုတယ်။) ဒီစာသားလေးက အရမ်းကိုမိုက်တယ်ဗျာ
    ReplyDelete
  17. ရေးသမျှငေးရတာချည်းပါပဲလားကိုယ်.ညီရေ။ကျော်သလောက်တော်ပါပေတယ်ဗျာ။
    ReplyDelete
  18. sorry!!
    စာကြောင်းရှည်သွားတယ်။
    ကျော်သလောက်တော်ပါပေတယ်ဗျာ။
    ReplyDelete
  19. အချစ်ဆိုတာ လူအလစ်ကိုစောင့်နေတဲ့ သူခိုးတဲ့ မိုက်တယ်ဗျာ ဒါပေါ့ ကောင်းကင်ကိုဆိုတား) “အချစ်အကြောင်းကို ဖွဲ့ လိုက်တိုင်း ကိုယ့်လက်ကိုယ် စိုးရိမ်တယ်။” . တဲ့ ဟုတ်လို့ လား တစ်ခါကျနော်တွေ့ ဖူးသလိုပဲ “ကိုယ့်ရဲ့ လမင်း ” ဆိုလား :P
    ReplyDelete
  20. ကျွန်တော့်အတွက်တော့ အနုးညံ့ဆုံးသော အမှား...း)
    အချစ်အကြောင်း ပီပြင်ပါတယ်ဗျာ..
    လေးစားလျက်
    edu
    ReplyDelete
  21. အစ်ကို အချစ်ဆိုတာကတော့
    ပြည့်ပြည့်စုံစုံပါပဲ မယုံနိုင်အောင်လောက်အောင်
    နားလည်တယ်ဆိုတော့ အစ်ကို
    လူပျိုကြီးပဲဖြစ်လိမ့်မယ်...
    ကျွန်တော်ကတော့ အခုမှ
    မပီကလာပီကလာ ချစ်နေရတုန်းပဲအစ်ကို
    လေးစားစွာဖြင့်
    ReplyDelete
  22. အရမ်းကြိုက်သွားပြီ အစ်ကိုရေ..
    အချစ်ကို အဖွဲ့အနွဲ့တွေနဲ့
    ဖတ်ရုံသက်သက် မဟုတ်ပဲ
    ဦးနှောက်အသိနဲ့ ခံစားသွားအောင်
    ရေးဖွဲထားလို့ ကဗျာလေးကို အထူးပင်
    နှစ်သက်မိပါတယ်
    ReplyDelete
  23. ဘာပြောရမှန်းမသိဖြစ်သွားတယ်။ ရေးတတ်လိုက်တာ။
    ReplyDelete
  24. ကိုကောင်း....
    ကောင်းလွန်းနေတယ်ဗျာ....
    ကာလီဒါသ ပြီးရင်တော့....
    ကာလီကိုကောင်း လို့ ပြောရမလားတောင်မသိ။
    ချီးကျူးတယ်ဗျာ...။
    ကိုကောင်းက ကျောကကောင်းပြီးသားပါ...
    နောက်ဆို ကိုကောင်း ဟစ်ပ်ဟော့ သီချင်းကိုယ်တိုင်ဆိုပြီး...
    ခွေထုတ်ဖို့ ဘဲ လိုတော့တယ်ဗျ...။
    ReplyDelete
  25. ကောင်းလိုက်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ပဲ ကိုကောင်းကင်ကိုရယ်။ ရေးတတ်လိုက်တာ။ ဒီတစ်ကြောင်းလေးအကြိုက်ဆုံးပဲ။ " အချစ်ဆိုတာ မပျောက်ချင်လို့  တမင်တကာ မွေးထားလိုက်တဲ့ အနာ " ဆိုတာ။
    ReplyDelete
  26. အချစ်ဆိုတာကိုလာခံစားသွားတယ်...
    အရမ်းရေးတတ်တာပဲ...
    ReplyDelete
  27. ကဗျာလေး အရမ်းကောင်းတယ် အကိုရေ...
    အချစ်ဆိုတာကို အမျိုးမျိုး ဖွဲ့ဆိုပြသွားတာ ဘာပြောရမှန်း မသိတော့လောက်အောင်ပါပဲ ( ကောင်းလွန်းလို့ )။
    အချစ်ဆိုတာ မမြင်နိုင်တဲ့ ကြိုးတစ်ချောင်းနဲ့  ပျံသန်းနေတဲ့ လေတံခွန်
    အချစ်ဆိုတာ ကဗျာမျိုးစေ့တွေ စီးဆင်းလာတဲ့ ရေတံခွန်။
    အဲဒီတင်စားချက်လေးကိုတော့ အကြိုက်ဆုံးပဲ။
    ဒါနဲ့ ကိုဇူလိုင်ကြီးက အကို့ကို ဘာတွေပြောလို့လဲဟင် :P
    ReplyDelete
  28. Well Done....! Really well Done
    ကောင်းလွန်းလို့ဘာပြောရမှန်းတောင် မသိတော့ဘူး။ .............. ....
    အရမ်းအရမ်းကိုကောင်းတယ်ပေါ့ဗျာ။
    ReplyDelete
  29. ဟိုက်..ရှားဘားစ်...............
    .....................................
    ...................................
    ReplyDelete
  30. အချစ်အဘိဓမ္မာဆရာကြီး ကာလီကိုကောင်း ဘွဲ့နာမည်ခံ ကိုကင်းကောင်
    ဒီထက်ကောင်းတဲ့ အချစ်ကဗျာရှိမယ်ဆိုရင်တောင် ဒီလောက် ကောင်းမယ်မထင် :)
    အမွှမ်းတင်ရင် မီမယ်မထင်လို့ နှစ်ခါပြန်ဖတ်ပြီး ပြန်သွားပီ (photoshop လေးနဲ့ image လေးဖန်တီးပီး လျှောက်ဝေရင် ခွင့်ပြုမလားလေ)
    ReplyDelete
  31. ဆရာကောင်းက ကိုအောင်သာငယ်နဲ့ ကိုဖုန်းမြင့်တို့ ရေးပြီးတော့ လက်ကျန် ရှားပါးနေရတဲ့အထဲ ရှိသမျှ စကားလုံးတွေ သိမ်းကြုံးယူသွားတော့ ကဗျာကို လက်ရှောင်လိုက်ရတော့တယ်။
    အသံထွက်ရွတ်သွားပါ၏။
    ReplyDelete
  32. အစ်ကိုကောင်းကင်ကိုရဲ့ အချစ်ဖွဲ့နွဲ့ပုံက
    လက်ဖျားရော လက်ရင်းပါ ခါလောက်တယ်
    ပါရမီထုးလွန်းတဲ့ ကဗျာဆရာတစ်ယောက်ပါလား
    ReplyDelete
  33. အချစ်ဆိုတာ
    ကဗျာဆရာလက်ထဲကိုရောက်သွားတဲ့ရစ်သမ် :P
    ကောင်းတယ်အစ်ကိုရာ......
    ကောင်းသောနေ့ပါဗျာ.....
    ReplyDelete
  34. အကိုကောင်းကင်ကိုရေ အခုမှရောက်ဖူးတာပါ။ အကိုဖွင့်ဆိုချက်က ရှေ.ကအကို၊အမတွေပြောသွားသလိုပဲ နောက်လူတွေ ရေးစရာမကျန်တော့လောက်အောင်ကို ပြည့်စုံတယ်ဗျာ။ နောက်လူတွေ အချစ်ဆိုတာသာ အတက်ခံလို.ကတော့ သေပြီဆရာပဲ။
    ReplyDelete
  35. အကိုက အချစ်တွေကို ဟစ်ကျူးနေတယ်...ကျနော်ကတော့
    ချစ်သူများနေ့မတိုင်၂ရက်အလိုကတည်း
    ကအသဲကွဲနေရပြီဗျ
    ReplyDelete
  36. သိပ်ကောင်းတဲ့ ဖွဲ့နွဲ့မှုတွေကို ခံစားသွားပါတယ်ဗျာ...
    စိတ်၏စေရာနာခံလေသော
    မိုးမြင့်တိမ်
    ReplyDelete
  37. အစ်ကိုရေ!... အချစ် ကို ဖွဲ့နွဲပုံလေး အရမ်းကောင်းတယ်ဗျာ.. အားပေးလျှက်
    ReplyDelete
  38. အယိုယိုး..... အချစ်ကို ဖွင့်တာနော် ပွင့်သွားတာပဲ။ ဒီကဗျာကို ဂျောက်ဂျက် သီချင်းဆိုသလို ဖတ်ကြည့်ဗျ အရသာ ပိုရှိတယ်။
    ReplyDelete