မီးတောက်တွေ သိုလှောင်ထားတဲ့ တစ္ဆေတစ်ကောင်
ချစ်ခြင်းမေတ္တာယောင် ဆောင်ပြီး
ငါ့အသည်းအိမ်ဦးဆောင်ကို ရောက်လာတယ်။
ရောင်စုံဥယျာဉ်ကို မျှော်လင့်
ငါ့အသည်းကို အဖွင့်မှာ
ပန်းယောင်ဆောင်ထားတဲ့ ပလတ်စတစ်တွေပဲ ပွင့်တယ်။
ကောင်းကင်ရဲ့ ရင်ဘတ်မှာ
လင်းနေလို့ ကြယ်လေး အမှတ်နဲ့ 
ခူးချင်လို့ အနားကပ်လိုက်တယ်။
တွေ့ လိုက်ရတာက….ကြယ်ယောင်ဆောင်ပြီး ပွင့်နေတဲ့ တံလျှပ်။
အတု အစစ် မခွဲတတ်တဲ့ ငနဲ
လူယောင်ဆောင်ထားတဲ့ အပုပ်ကောင်တစ်ကောင်
ရင်ထဲမှာတော့ မီးအစစ်တွေလောင်နေတယ်။
ကောင်းကင်ကို
ရင်ထဲမှာ မီးအစစ်တွေ လောင်နေတယ်။ ထိသွားတာပဲဗျာ။
ReplyDeleteအတုအပ သတိပြုတဲ့ :P
ReplyDeleteအကိုရေ အစစအဆင်ပြေပါစေခင်ဗျာ
ပျော်ရွှင်ချမ်းမြေ့ပါစေ :)
အတုထဲမှာ နှလုံးသားအတုက အဆိုးဆုံးဖြစ်လိမ့်မယ်…
ReplyDeleteThat's a artistic one too. I just don't know how to write this kind of poem even thought I am trying like hell. Respect, Bro.
ReplyDeleteရင်ထဲလောင်တဲ့မီး....
ReplyDeleteငြှိမ်းရခက်ဆုံးပဲ.......
အစ်ကိုကြီး......ငြိမ်းချမ်းပါစေနော်......
“တစ္ဆေ”ဆိုတဲ့ စကားလုံး .....
ReplyDeleteငါ့အစ်ကိုသုံးတိုင်း......
ရင်ထဲမှာ ငရဲပွက်တယ်။
သစ်လွင်နေတဲ့ စိတ်ဓာတ်တွေက
ဒူဘိုင်းရဲ့ နေရောင်အောက်ပွင့်တဲ့
အဲယားကွန်ခန်းက ပန်းလို အနှစ်မဲ့လို့ ............
အဆိပ်နဲ့ အတိပြီးတဲ့ပန်းကို
ကျနော်နမ်းဖို့ ကြိုးစားမိလိုက်ကထဲက
သံလွင်ရောင်သစ်ခွပန်းကို မတမ်းတဖို့ ဆုံးဖြတ်ပြီးသားပါ။
ဝိရောဓိ မိန်းမပျိုဆီက လက်တန်းစပ်တဲ့ ကဗျာတဲ့ ....
တချက်ဖတ်မိတာနဲ့ ရင်ထဲမှာ ပြုံးရင်း ..............
စာလုံးတလုံးနဲ့ ရင်ကို သိမ်းကြုံးနိုင်သလားဆိုတဲ့အတွေး
ရင်ထဲမှာ ဒေါင်းဒေါင်းပြေးတယ်။
လောင်နေတဲ့သောကမီး ...
သူလုပ်မှာ ပိုကြီးခဲ့တယ်။
ကဗျာကို ကဗျာက ရေးသတဲ့လား .............
ဟားဟားဟားဟား ............
၁နှစ်ခွဲစာ သူများပိုင် ကဗျာသုံးပုဒ်....
အခု ...........
ကျုပ် လုံးဝ မဖတ်တော့ဘူး။
ဂရုဏာစိတ်ဓာတ်နဲ့
လုယူပါ .......ငါ့ အိပ်မက်တွေဆိုပြီး ပေးဆပ်ခဲ့တာ မှန်ပေမယ့်
Broken Family အတုက
Cunning Lair သမီးပျို ....
ကျုပ်နောက်ကြောကို ဓားနဲ့ထိုးခဲ့တာ အကိုသိပါတယ်။
ချစ်တာနဲ့ မေတ္တာဟာ စည်းခြားမှန်းသိပေမယ့်
ဂရုဏာအတွက် .....
ကဗျာရဲ့သစ္စာကို ဖျက်မိလိုက်တဲ့ ကျနော့်ရင်ထဲမှာ
ကဗျာရနံ့တွေ ကင်းမဲ့ခဲ့ပြီဗျာ ..........။
ကဗျာကို သစ္စာမဲ့မိခဲ့တဲ့ကျနော် .......
ရေးနေတဲ့ လက်ကို ခုတ်ဖြတ်ပစ်ချင်ပေမယ့်
ကိန်းအရေအတွက် မရှိနိုင်တဲ့
Fake , Lair ပေါင်းများစွာနဲ့ စစ်ကို ကြေငြာခဲ့ပြီ။
ဒီကမ္ဘာမှာ ...
အနာဂတ် မိခင်လောင်း .........
မိန်းမကောင်းတွေ သိက္ခာရှိစေဖို့
ဆေးဆိုးပန်းရိုက် သဘောက်မတွေကို
သေးပန်း၊ ပါးရိုက် လုပ်ပေးရလိမ့်မယ်။
တိုက်ပွဲတွေကြားက လွမ်းမောနေတဲ့ရင်
အိုမာဆမ် အချစ်ဝတ္ထုနဲ့ ရှိန်ပိန်တခွက် မသောက်ရရင် နေပါစေတော့ ....
“တစ္ဆေ”ဆိုတာလေးတော့
လွတ်ငြိမ်းချမ်းသာခွင့်ပြုပါ....... အကိုရာ
ကျနော် မောပန်းလှပါပြီ။
ခင်ဗျားရဲ့ညီငယ်
ရင်ထဲမှာမီးအစစ်တွေလောင်နေတယ်......
ReplyDeleteဒီစာသားအကြိုက်ဆုံးပဲအစ်ကိုရေ......
ကောင်းသောနေ့ပါဗျာ....
သိပ်ကောင်းတဲ့ ကဗျာ တစ်ပုဒ်ပဲဗျို့.
ReplyDeleteဆရာရေ
ReplyDeleteအတု ကဗျာကို လာဖတ်သွားတယ်နော်။ ရင်ထဲမှာ တကယ်လည်း မီးအစစ်တွေ လောင်နေပါတယ်။
လေးစားစွာဖြင့်
မေပျို
“ချစ်ခြင်း”တွေနဲ့ “စစ်ခင်း” နေတတ်တဲ့
ReplyDeleteကဗျာတွေ အားလုံး အရမ်းကောင်းပါတယ်။
ကြယ်အတု အတွက်
မီးအစစ်တွေ လောင်ကျွမ်း
ပြာတွေက တစ္ဆေတစ်ကောင်ဖြစ်
ကြယ်ယောင်ဆောင် တံလျှပ်ထံမှာ ဒူးထောက်....
ထပ်ပြီးအခစား ခံဖို့ “တစ္ဆေ” အဖြစ်
ဖန်တီးသူဟာ ဒါဟာ.....
ငါကိုယ်တိုင်ဘဲ ဖြစ်လို့နေရော့သလား..!!
ကဗျာတွေ အကုန်ကြိုက်လို့ တစ်ရက်တစ်ပုဒ် တင်ပါရစေ
ReplyDeleteကဗျာတွေဖတ်ရင်း ချစ်ခင်မိသူတစ်ဦး