Friday, November 30, 2007

The Plight of Karen Refugees

This news story about Karen Refugees from Myanmar (formerly Burma) details their journey from Thailand to the U.S. where many are finding their way to Baptist churches.

Zoya Phan's story

Zoya Phan is a high profile Burmese refugee and pro-democracy campaigner for Burma Campaign UK. This video was produced by Al Jazeera for their Power & People program.

Monday, November 26, 2007

ဦးသန့် အရေးအခင်း

မနေ့ က နိုဝင်ဘာ ၂၅ ရက်နေ့ ဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဦးသန့် ကွယ်လွန်တာ ၃၃ နှစ်ပြည့်တဲ့နေ့ ဖြစ်ပါတယ်။ ဦးသန့့် အရေးအခင်းအကြောင်းနဲ့ ဦးသန့် ကျူးဘားသမ္မတ ကက်စထရိုနဲ့ ဆွေးနွေးပြီးပြန်အလာမှာ ရိုက်ကူးခဲ့တဲ့ ဗွီဒီယိုနဲ့ တခြားဦးသန့် ပါဝင်တဲ့ ဗွီဒီယိုတွေကို တင်ဆက်လိုက်ပါတယ်။ ဦးသန့့် အရေးအခင်းအကြောင်း သူရိယဂျာနယ်ကဆောင်းပါးကိုလည်း download လုပ်ယူနိုင်ပါတယ်ခင်ဗျာ။

ဦးသန့် 

နိုဝင်ဘာ ၂၅ရက်နေ့ ဟာ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ မြန်မာ့ဂုဏ်ဆောင် ဦးသန့် ကွယ်လွန်ခဲ့တဲ့နေ့ ဖြစ်ပါတယ်။

၁၉၆၁ ခုနှစ်ကနေ ၁၉၇၁ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့တဲ့ မြန်မာ့ဂုဏ်ဆောင် ဦးသန့် ကို ၁၉၀၉ ခုနှစ် ဇန်နဝါရီ ၂၂ ရက်နေ့ မှာ ဧရာဝတီတိုင်း ပန်းတနော်မြို့ မှာမွေးဖွားခဲ့ပါတယ်။ ၁၉၂၈ မှာ ပန်းတနော်မှာ ကောင်းဆရာပြန်လုပ်ပါတယ်။ ၁၉၃၁ ခုနှစ်မှာ ကောင်းအုပ်ကြီး ဖြစ်ပါတယ်။ ၁၉၆၁ ခုနှစ်မှာ အတွင်းရေးချုပ် Dag Hammarskjold(Sweden) ကွန်ဂိုနိုင်ငံကို အသွားလေယာဉ်ပျက်ကျ ကွယ်လွန်ရာ ဦးသန့် ဟာ အများသဘောတူရွေးချယ်ချက်နဲ့ နိုဝင်ဘာလမှာ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်လာပါတယ်။ သူ့ ရဲ့ ပထမသက်တမ်း (၁၉၆၁-၁၉၆၆) ကျူးဘားဒုံးပျံ အကြပ်အတည်းနဲ့  ကွန်ကိုပြည်တွင်းစစ်ကို အောင်မြင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်လို့ ချီးကျူးခြင်းခံခဲ့ရပါတယ်။ ၁၉၆၆မှာ ဒုတိယအကြိမ် တာဝန်ထမ်းဆောင်ဖို့ အရွေးခံခဲ့ရပြီး ၁၉၇၁ မှာ ရာထူးမှ အနားယူခဲ့ပါတယ်။

ဦးသန့် အရေးအခင်း

ဦးသန် ဟာ၁၉၇၄ခု နိုဝင်ဘာ ၂၅ရက်နေ့ မှာ နယူးယောက်မြို့ မှာ ကွယ်လွန်ခဲ့ပါတယ်။ ၁၉၇၄ ခုနှစ် ဒီဇင်ဘာ ၁ရက်နေ့ မှာ ဦးသန့် ရုပ်အလောင်း မြန်မာနိုင်ငံကို ရောက်ရှိလာပါတယ်။ ဦးသန့် ရဲ့ ဂုဏ်သိက္ခာနဲ့  ထင်ပေါကျော်စောမှုကို မနာလိုတဲ့ ဦးနေဝင်းအစိုးရဟာ ဦးသန့် ရဲ့ ရုပ်အလောင်းကို ကျိုက္ကဆံမြင်းပြိုင်ကွင်းဟောင်းမှာ ပီးစလွယ် ထားကာ ထိုက်တန်တဲ့အခမ်းအနားမပါပဲ ဒီဇင်ဘာလ ၅ ရက်နေ၊ နေလည် ၁ နာရီ အခိန်မှာ ကြံတော သချိင်္ုင်းမှာ သင်္ဂြိုလ်ဖို့ စီစဉ်ခဲ့ပါတယ်။ နိုင်ငံတော်ဈာပန အဖြစ် တခမ်းတနား ဂုဏ်ပြုသင်္ဂြိုလ်လိမ့်မယ်လို့ ယူဆနေတဲ့ ကျောင်းသားထုဟာ ပေါက်ကွဲပါတော့တယ်။

ကောင်းသားမား ဦးဆောင်သည့် ရဟန်း ရှင်လူပြည်သူ အပေင်းက ဦးသန်ုပ်ကလာပ်ကို တက္ကသိုလ် နယ်မြေဘွဲ့ နှင်းသဘင် ခန်းမရှေ့ သို့ သယ်ဆောင် လာပီး၊ ကောင်းသား သမဂ္ဂ အဆောက်အဦဟောင်း (၁၉၆၂ ခုနှစ် ဇူလိုင် ၇ရက်နေ့ မှာ ဦးနေဝင်းအစိုးရက ဒိုင်းနမိုက်ဖောက်ဖျက်ဆီးခဲ့တဲ့အဆောက်အဦး) နေရာကိုရှင်းလင်းပြီး အုတ်ဂူတည်ဆောက်သင်္ဂြိုလ်ဖို့ လုပ်ကြတယ်။ ငြိမ်းချမ်းရေးဂူဗိမာန်ကိုလည်း တည်ဆောက်ဖို့ ဆုံးဖြတ်ကြတယ်။ ရန်ကုန်စက်မှုတက္ကသိုလ် ဗိသုကာကျောင်းသား များနဲ့  Civil ကျောင်းသားများက ပုံဆွဲပြီး ဦးသန့် အုတ်ဂူနဲ့ ယာယီဂူဗိမာန်ကို ကျောင်းပေါင်းစုံမှ ကျောင်းသားများက စတင်ဆောက်လုပ်ပါတယ်။

ဒီဇင်ဘာ ၁၁ရက်နေ့ မှာတော့ နေဝင်းစစ်အစိုးရဟာ တက္ကသိုလ်နယ်မြေထဲကို ကျူးကျော်ပြီး ကျောင်းသားတွေကို အကြမ်းဖက်နှိမ်နင်းပါတော့တယ်။ ကျောင်းသားတချို့ အသက်ဆုံးရှုံးခဲ့ရပါတယ်။ အုတ်ဂူကို ဖောက်ခွဲပြီး သင်္ဂြိုလ်ပြီးတဲ့ ရုပ်ကလပ်ကို ထုတ်ယူသွားပါတော့တယ်။

နေဝင်းအစိုးရရဲ့ ရက်စက်မှုကို မကျေနပ်တဲ့ ပြည်သူတချို့ ဟာ အစိုးရနဲ့ သက်ဆိုင်တဲ့ ဆိုရှယ်လစ်ပါတီယူနစ်များ၊ ရဲစခန်းများနဲ့ ရုပ်ရှင်ရုံတချို့ ကို တန်ပြန်မီးရှို့ တိုက်ခိုက်ခဲ့ကြပါတယ်။

ရန်ကုန်မြို့ မှာသေနတ်သံတွေဆူညံသွားခဲ့ပါတယ်။ဦးနေဝင်း အစိုးရဟာ တင့်ကားတွေနဲ့ လှည့်လည် စစ်ရေးပြခဲ့ ကြပါတယ်။

နောက်ဆုံးမှာတော့ ဦးနေဝင်းအစိုးရဟာ ဦးသန့် ရဲ့ ရုပ်အလောင်းကို ကန်တော်မင်ပန်းခြံမှာ မြှုပ်နှံလိုက်ပါတယ်။

ဦးသန့်  ကျူးဘားသမ္မတ ကက်စထရိုနဲ့ ဆွေးနွေးပြီးပြန်အလာ





UN building, Russian Kusnetsov arrives, meets with U Thant, Cuban Missile crisis eases


U.N.'s 20th year, 1965/06/28 (1965)


Download ဦးသန့် အရေးအခင်းစာအုပ်(စက်မှုတက္ကသိုလ် စိုးဝင်း) (1.1 MB)

Sunday, November 25, 2007

Video(Lives of Refugees, How to trade gems right now?(Make interview with a hidden camera), Forced labour,Porter, Lives of Monks, Economic sanction)

Quotes from Video
ံHow to Trade Gems?

“Right now is a little difficult?”
“Why?”
“Because of political problems”
“You transfer the cash to me and you remit to our Bank account to Singapore”

***************************
Lifes in Thailand

“The situation inside Thailand is not good for Burmese people because most of us are illegal” “Now many students and many politicians are hidden from Thai police.”
“How do the thai authority make your life here diffitult?”
“Madam please, I don’t want to talk about Thai Government”



Friday, November 23, 2007

ကဗျာဆရာအောင်ဝေးနဲ့  interview

ကဗျာဆရာ တစ်ယောက်ဟာ စင်ပြိုင်အစိုးရ တစ်ရပ်ဖြစ်တယ်။ (အောင်ဝေး)

November 22 (News)

မြန်မာကို ပြစ်တင်ရှုတ်ချသည့်ဆုံးဖြတ်ချက် ကုလသမဂ္ဂ၌ မဲခွဲဆုံးဖြတ်

ငြိမ်းချမ်းစွာဆန္ဒပြသူများအား မြန်မာစစ်အစိုးရက အကြမ်းဖက်ဖြိုခွဲမှုကို ကုလသမဂ္ဂ အထွေထွေညီလာခံက ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်းနှင့် နိုင်ငံရေးအကျဉ်းသား
များကို ချက်ချင်းလွှတ်ပေးရန်တောင်းဆိုသည့် ဆုံးဖြတ်ချက်မူကြမ်းကို မဲခွဲဆုံးဖြတ်ရာ ထောက်ခံသူတို့ဘက်က အနိုင်ရသည်။
ယမန်နေ့က ကုလသမဂ္ဂအထွေထွေညီလာခံ၏ လူ့အခွင့်အရေးကော်မတီတွင် ကုလသမဂ္ဂ
အဖွဲ့ဝင်နိုင်ငံများအကြား မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ (၈၈) မဲ၊ ကန့်ကွက်မဲ (၂၄ ) မဲ၊
ကြားနေမဲ (၆၆) မဲဖြင့် အနိုင်ရခြင်းဖြစ်သည်။ ခောတ်ပြိုင်

News Watch ဂျာနယ်ထုတ်ဝေခွင့် တပတ်ပိတ်ပင်ခံရ ခောတ်ပြိုင်

ဂျာနယ်မျက်နှာဖုံးများတွင် ကုလသမဂ္ဂ အရာရှိဓာတ်ပုံ နေရာမပေးရဟု အမိန့် ထုတ် DVB

လှိုင်း

လှိုင်း


ငိုရှိုက်သံတွေကိုဗဟိုပြုပြီး
ရင်မှာဆင်တဲ့ ကရုဏာမုန်တိုင်းတွေကြောင့်
ဆူနာမီထက်ပြင်းတဲ့လှိုင်းတွေဟာ
မိစ္ဆာကမ်းခြေကို
တဝုန်းဝုန်းရိုက်ခဲ့တယ်။

မျှော်လင့်ချက်တွေ သယ်ဆောင်လာတဲ့ လှိုင်းအသစ်ကို
လူတိုင်းကလဲ ချစ်ခဲ့ကြတယ်။

လှိုင်းတွေရဲ့ တပ်ဦးမှာ ကရုဏာရှင်တို့ ဦးဆောင်တယ်။
မိစ္ဆာကမ်းခြေမှာတော့ သွေးဆာနေတဲ့ ဘီလူးကြမ်းတို့ စောင့်တယ်။

လှိုင်းတွေဟာ ပြည်သူ့ ရင်ထဲမှာ နေရာအပြည့်ယူတယ်။
မိစ္ဆာကမ်းခြေကတော့ မျက်ရည်မြစ်ရဲ့ နံဘေးမှာ အခိုင်အမာ ကျောက်ချတယ်။

လှိုင်းတွေဟာ ရွှေရောင်သင်္ဃန်းနဲ့ ပြည်သူ့ မေတ္တာကို လွှမ်းခြုံဆင်မြန်း ထားသလို
သွေးတွေနဲ ဆိုးထားတဲ့ ခွပ်ဒေါင်းခေါင်းစည်းနီနီကိုလည်း စည်းထားတယ်။
မိစ္ဆာကမ်းခြေကတော့ မာယာမျက်နှာဖုံးကို ပေါ်တင် ချွတ်လိုက်ပြီး လူသတ်ဝတ်စုံကို ဖရိုဖရဲ ဝတ်ဆင်တယ်။

မေတ္တာတွေလူးထားတဲ့
လှိုင်းတွေရဲ့ မြှားဦးဟာ တုပ်နှောင်ထားတဲ့ ကြိုးတွေကိုဖြတ်ဖို့ လမ်းမပေါ်ကိုထွက်လာတယ်။
မိစ္ဆာကမ်းခြေဆီက
မျက်ကန်းကျည်ဆန်တချို့ ကတော့ လေထုကို ထိုးခွဲပြီး ဝိညာဉ်ခြွေဖို့ ထွက်လာတယ်။

လှိုင်းတွေဟာ ပစ်ကွင်းထဲကို အတင်းတိုးဝင် ပြီး ဘဝကိုချကျွေးတယ်။
မိစ္ဆာကမ်းခြေကတော့ ရင်နှစ်သည်းခြာတွေရဲ့ သွေးနဲ့ ပလ္လင်ကိုဆေးတယ်။

ခောတ်ကြီးတခုလုံးကို မုန်းတယ်။
ကြယ်တွေကို ကာကွယ်မပေးနိုင်တဲ့ လောကစောင့်နတ်တွေကိုလည်းမုန်းတယ်။
ပန်းပွင့်တွေကို လိုက်ခြွေနေတဲ့ မုဆိုးတွေကိုလည်းမုန်းတယ်။
သင်တို့ ဟာ ရဟန်းပျိုတွေကို မြိုတဲ့မြွေတွေဖြစ်တယ်။
ခွပ်ဒေါင်းသားကို စားတဲ့ကျားတွေဖြစ်တယ်။
ကိုယ့်ရင်သွေးကို ကိုယ်တိုင်သတ်ပြီး ယစ်ပူဇော်ရက်တဲ့သူတွေဖြစ်တယ်။

ဒီလိုနဲ့ …ရန်သူ အကြမ်းဖက်လို့ လှိုင်းတို့ တလှမ်းဆုတ်ခဲ့ရတယ်။

ဒါပေမယ့် ဒီလှိုင်းဟာ မြုံနေတဲ့ အနာတခုဖြစ်တယ်၊
ရင့်မှည့်နေတဲ့ သစ်သီးတလုံးဖြစ်တယ်။

ဒီလှိုင်းက ထွက်တဲ့သွေးတွေဟာ
ပန်းရနံ့ မွှေးတယ်။

ဒီလှိုင်းက ထွက်တဲ့ အလင်းရောင်နဲ့ 
ရင်ထဲက အမှောင်တွေကို ထွန်းချင်တယ်။

ဒီလှိုင်းဟာ ငါတို့ အတွက် မျှော်လင့်ချက် ဆွဲလည်းသံဖြစ်သလို
ရန်သူ့ နားစည်ကိုဖောက်ခွဲမယ့် ဒက်ဆီဘယ်(လ်) ၁၀၀ကျော်ပြင်းအားနဲ့  ခြိမ်းခြောက်မိုးခြိမ်းသံလည်းဖြစ်တယ်။

ဒီလှိုင်းဟာ ရှင်ဥတ္တမ ဝင်စားသလို
မာတင်လူသာကင်းလည်း ဝင်စားတယ်။

ဒီလှိုင်းရိုက်ခတ်သံ မှာ အောင်ဆန်းရဲ့  အရိုးတွန်သံကြားနိုင်သလို
ဂန္ဒီရဲ့  ငိုရှိုက်သံကိုလည်းကြားနိုင်တယ်။

ဒီလှိုင်း မှာ ကောင်းခြင်းမှန်သမျှ စုဆုံတယ်။

လှိုင်းတွေရဲ့ ရင်ခွင်ကို
လက်သည်းချွန်တွေနဲ့ 
သွေးချင်းချင်းနီအောင် ခြစ်ခဲ့သူတို့ …
ဖိအားအထပ်ထပ်အောက်မှာမာကျောလာတဲ့
လှိုင်းတွေရဲ့ ရင်ခွင်သစ်မှာ
သင်တို့ လက်သည်းချွန်တွေ ကျိုးကျန်စေရမယ်။


ပိုပြင်းထန်တဲ့ မီးမုန်တိုင်း
ပိုအားကောင်းတဲ့ ချော်ရည်လှိုင်းတွေနဲ့ 
နောက်တခါ တော်လှန်ရေးဒီရေတက်ချိန်မှာ
မိစ္ဆာကမ်းခြေကို ငါတို့ အပြီးဖြိုမယ်။

ကောင်းကင်ကို

Migrant wokers news in Korea

အစပိုင်းမှာ ခဏစောင့်ကြည့်ကြပါခင်ဗျာ။ နောက်ပိုင်းမှာ သတင်းတွေပြောပါလိမ့်မယ်။

ငြိမ်းချမ်းရေးနတ်သမီး (song)

အကယ်၍ မင်းဘဝတခုလုံးကို ပေးပြီး အရိပ်တကြည့်ကြည့်နဲ့ ဖြည့်ဆည်းခဲ့ရတဲ့ အရာရာကို ဖျက်ဆီးခံလိုက်ရပြီးနောက် အင်မတန်မှသေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့  ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင်.....

အဲဒီလိုပဲ မင်းမှာ စိတ်အင်အားကလွဲလို့  ဘာဆိုဘာမှ မရှိတော့တဲ့ အခါ အဲဒီ့စိတ်အင်အားကို ခိုင်မာစွာနဲ့ ပဲ လက်ဆုပ်လက်ကိုင်ထားနိုင်မယ်ဆိုရင်.....

Two Women and Democracy(အန်တီစု နဲ့ ဘနာဇီဘူတို)

Imprisioned Burmese leader Aung San Suu Kyi and former Prime Minister of Pakistan Benazir Bhutto are two women currently fighting for democracy against military rule.

Video(Refugee)

Video advocates BURMA ISSUES travel deep into the jungles of eastern Burma to document one of the world's most urgent and most forgotten emergencies.

Friday, November 16, 2007

Food Fair for the Burmese new comers

Food Fair to benefit the new comers from Burma. It's very difficult for these people to adjust to the new environment and every little bit of support will help tremendously. If you feel compassion to help these people, the contact information is in the content of the video. Thanks for watching the video.

In Freedom's Cause

In August and September 2007 the people of Burma rose up to demand their freedom. This video is dedicated to them.

The clips are arranged, to the best of my ability, in chronological order.

Some brief notes: the man making silent appeal in front of the US mission in Rangoon (just past the 1 minute mark) is in the back of the truck that drives away; the highlight at 5:48 shows Kenji Nagai photographing the demonstration near Sule Pagoda just before his death.

Wednesday, November 7, 2007

KT Tunstall ရဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုသီဆိုထားတဲ့ သီချင်း

T Tunstall dedicates 'Suddenly I See" to Aung Sang Suu Kyi on the day that Aung Sang Suu Kyi had been under arrest for 12 years - October 24th 2007