Tuesday, September 25, 2007

ကဗျာချစ်သူ


ကဗျာချစ်သူ

ငါဟာ လမင်း
ညကိုချစ်လို့ သာတာ။
ငါ့ နဂိုအစစ်မို့ ဝါတာ။


ငါဟာ ကောင်းကင်
အမြင့် တက်ချင်စိတ်နဲ့ ငါနေတာ။
ရင့် ကျက်ချင်စိတ်နဲ့ ပြာနေတာ။

ငါဟာ ကဗျာသီချင်းသီချင်တဲ့ 
မဟာ နှင်းဆီတပွင့် ။
ဥယျာဉ်မှာ မွှေးပျံ့ စေဖို့ အတွက်
အနုပညာပေးဖြန့် ဝေဖို့ ဟာ
ပန်းပွင့် တိုင်းရဲ့ အလုပ်။

ငါ့ ကဗျာသီချင်းသစ်တွေ
ကမ္ဘာ့ သတင်းဖြစ်စေရမယ်။

လေပြင်းတွေလာခြွေလို့ 
သေမင်းဆီငါကြွေသွားရင်တောင်
ကဗျာတွေကိုစုပ်ခဲ့ တဲ့ နှုတ်ခမ်းနဲ့ 
ကမ္ဘာမြေကိုနှုတ်ဆက်နမ်းခဲ့ မယ်။

ကောင်းကင်ကို
(၂၀၀၆ နိုဝင်ဘာ)

4 comments:

  1. ကဗျာချစ်သူရဲ့
    နောက်ဆုံးအပိုဒ် ဂွတ်ပဲ
    တအားကောင်းတယ်
    ကြိုက်တယ်ကဗျာချစ်သူကို
    ကိုယ့်ကိုယ်ပြောတာမဟုတ်ပါဘူး
    :P

    ReplyDelete
  2. ကောင်းကင်ကို သို့ ...

    သင်၏ကဗျာဖြင့် ငါ၏နှလုံးသားသည် အပေးစိတ်သို့တည်၍ အဆွေးစိတ်ဖြင့် မြန်မာပြည်ကို ချစ်ပစ်လိုက်ပါသည် ....။

    ReplyDelete
  3. သိပ်လှတဲ့ကဗျာလေးတစ်ပုဒ်ပဲ...။

    ReplyDelete
  4. Hi there just wanted to give you a quick heads up.
    The text in your post seem to be running off the screen in
    Safari. I'm not sure if this is a formatting issue or something to do with internet browser compatibility but I figured I'd post to
    let you know. The layout look great though! Hope you get the issue solved soon.
    Many thanks

    Also visit my website: arion

    ReplyDelete