Sunday, June 26, 2016

ဆာမူရိုင်း

တင်စားမှုမပါဘဲ ပြောရမယ်ဆိုရင်
ပင်လယ်ကို မဟာဇနက လက်ပစ်ကူးခဲ့သလို
ကျွန်တော်လည်း ဧဝရက်တောင်ကို မျက်စေ့မှိတ်ပြီး နောက်ပြန် တက်နေတုန်းပဲ။

မတူတာ တစ်ခုက
ဆုကြေးနည်းပြီး ဒဏ်ကြေးများတဲ့ လောကမှာ
သေခြင်းတရားသာ မေခလာပဲ။

တကယ်လို့ ဘဝဆိုတာ
tragedy ကျောရိုးမှာ
comedy သဘောမျိုး ညှပ်ထည့်ထားတဲ့ ရုပ်ရှင်ဆိုရင်
ငါဟာ
ဖျက်အားပြင်းလက်နက်တွေကို
ခဲတံချွန်ဓားနဲ့ ခုခံနေရတဲ့ ဆာမူရိုင်း။

ကောင်းကင်ကို (၂၆ ဇွန်၊ ၂၀၁၆)

No comments: