Tuesday, May 10, 2016

ဥစ္စာစောင့်တွေရဲ့ ပီယဝါစာ

အညှိုးစစ်ဘုရင်တွေ
ထိုးစစ်ဆင်နေတာကျ
မျိုးချစ်ဘဝင်တွေဆီက
အပ်ကျသံတောင် မကြားရဘူး။

အပြုံးလေးတွေစွက်
ပခုံးလေးတွေ ဖက်ခွင့်ပြုကာမှ
အသည်းအသန်တွေ ငိုပြ
ဆဲသံတွေ ပြိုကျလာတယ်။
ကောင်းကင်ကို (မေ ၁၀ – ၂၀၁၆)

သတ်ပုံအမှန် ပုခုံး အစား အသံထွက်အတိုင်း ပခုံးလို့ ရေးထားပါတယ်။ free hugs လှုပ်ရှားမှု အပေါ် ဆဲဆိုကြတာတွေနဲ့ ပတ်သတ်ပြီး ရေးလိုက်တာပါ။ blogspot ဒေါင်းနေခဲ့တာကြောင့် Facebook မှာပဲ အရင်တင်ခဲ့ပါတယ်။

No comments: