Friday, June 22, 2012

ဆရာ လူထုစိန်ဝင်း ဘာသာပြန်ထားတဲ့ Imagine

John Lennon ဟာ သူ့ဇနီး ဖြစ်တဲ့ ဂျပန်စာရေးဆရာမ Yoko Ono ရဲ့ Grapefruit ဆိုတဲ့ စာအုပ်ထဲက ကဗျာတွေကနေ... Imagine သီချင်းကို ဖန်တီးဖို့ စိတ်ကူးရခဲ့တာလို့ ဆိုကြပါတယ်။

Imagine there's no heaven
It's easy if you try
No hell below us
Above us only sky
Imagine all the people living for today
(စိတ်ကူးကြည့်စမ်းပါ…ကောင်းကင်ဘုံဆိုတာ မရှိလို့။ ကြိုးစားကြည့်ရင် လွယ်ပါတယ်။ ငရဲ ဆိုတာလည်း တို့အောက်မှာ မရှိ။ တို့အထက်မှာလည်း မိုးကောင်းကင်ကြီးသာရှိ။ စိတ်ကူးကြည့်စမ်းပါ…လူသားအားလုံး ဒီနေ့ (ပစ္စုပ္ပန်) အတွက် နေနေကြတယ်လို့)

Imagine there's no countries
It isn't hard to do
Nothing to kill or die for
And no religion too
Imagine all the people living life in peace
(စိတ်ကူးကြည့်စမ်းပါ…တိုင်းပြည်နိုင်ငံတွေ ဆိုတာ မရှိလို့။ ဒါလည်းလုပ်ဖို့ရာ မခက်ပါဘူး။ တိုင်းပြည်အတွက် ဆိုပြီး သတ်ကြရတာ၊ သေကြရတာတွေလည်းမရှိ။ ဘာသာတရားဆိုတာတွေလည်း အလားတူ မရှိပေါ့။  စိတ်ကူးကြည့်စမ်းပါ…လူသားအားလုံး ငြိမ်းချမ်းတဲ့ဘဝမှာ နေနေကြရတယ်လို့)

You, you may say
I'm a dreamer, but I'm not the only one
I hope some day you'll join us
And the world will be as one
(မင်းတို့က ငါ့ကို စိတ်ကူးယဉ်သမား တယောက်လို့ ပြောကြလိမ့်မယ်။ ဒါပေမဲ့ ငါဟာ တယောက်တည်း မဟုတ်ပါဘူး။ တနေ့မှာ မင်းတို့လည်း ငါနဲ့အတူ လက်တွဲလာလိမ့်မယ်လို့ ငါမျှော်လင့်တယ်။ အဲဒီနေ့ကျတော့ ကမ္ဘာကြီးဟာလည်း တခုတည်းပေါ့)

Imagine no possessions
I wonder if you can
No need for greed or hunger
A brotherhood of man
Imagine all the people sharing all the world
(စိတ်ကူးကြည့်စမ်းပါ…ပိုင်ဆိုင်မှု ဆိုတာတွေလည်း မရှိလို့။ မင်းလုပ်နိုင်ပါ့မလားလို့ ငါတွေးဆနေမိတယ်။ လောဘဆိုတာလည်း ရှိဖို့ မလိုတော့ ဆာလောင်မွတ်သိပ်ခြင်း ဆိုတာတွေလည်း ရှိဖို့ မလိုတော့ဘူးပေါ့။ လူသားအားလုံး ညီနောင်ရင်းချာများသဖွယ်။  စိတ်ကူးကြည့်စမ်းပါ…လူသားအားလုံး ကမ္ဘာကြီးကို ဝေမျှခံစား နေကြတယ်လို့)

မှတ်ချက်။ ။ ဆရာလူထုစိန်ဝင်းရဲ့ ရှက်စိတ် ဆိုတဲ့ စာအုပ်ထဲက ဖြစ်ပါတယ်။ ပထမအပိုဒ် နောက်ဆုံးအကြောင်းက ebook ထဲမှာ မပါလို့ ကျနော် ဖြည့်ပြန်ထားတာပါ။ “Imagine all the people living for today” ဆိုတဲ့ စာကြောင်းပါ။ “စိတ်ကူးကြည့်စမ်းပါ…လူသားအားလုံး ဒီနေ့ (ပစ္စုပ္ပန်) အတွက် နေနေကြတယ်လို့”

ကဲ…(John Lennon ရဲ့သီချင်းလေးကို) version အမျိုးမျိုးနဲ့ နားထောင်ကြည့်ရအောင်။ ဒါကတော့ အမေရိကန် သမ္မတဟောင်း Bill Clinton နဲ့ အစ္စရေးအဆိုတော်၊ အာရပ်ကလေးငယ်တွေနဲ့ အစ္စရေး ကလေးငယ်တွေ အတူတူ ဆိုထားတာ ဖြစ်ပါတယ်။


ဒါကတော့ John Lennon သီဆိုထားတာပါ။ Lyrics နဲ့ တကွ ကြည့်ရှုနားဆင် နိုင်ပါတယ်။

1 comment:

k2tmaung said...

Imagine there's no countries
It isn't hard to do
Nothing to kill or die for
And no religion too
Imagine all the people living life in peace


There's something knocking my mind...
Thanks for sharing... :)